HomeCelebs Update NewsInternationalအချင်းချင်း ကြိတ်ပြီး တွဲခုတ်ခဲ့ကြဖူးလားဆိုတာ ပြောပြလာတဲ့ FRIENDS စီးရီးသရုပ်ဆောင်များ 

အချင်းချင်း ကြိတ်ပြီး တွဲခုတ်ခဲ့ကြဖူးလားဆိုတာ ပြောပြလာတဲ့ FRIENDS စီးရီးသရုပ်ဆောင်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

sitcom လောကရဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ FRIENDS ရဲ့ သရုပ်ဆောင်တွေဟာ reunion ကြောင့်ပဲ လတ်တလောမှာ ဖျော်ဖြေရေးသတင်းတွေရဲ့ ခေါင်းစီးပိုင်းကို နေရာယူနေကြပါတယ်။ ၁၉၉၄ခုနှစ်ကနေ ၂၀၀၄ခုနှစ်အထိ ထုတ်လွှင့်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲမှာ သူငယ်ချင်းခြောက်ယောက်နေရာက ပါဝင်ခဲ့ကြတဲ့ သရုပ်ဆောင်တွေအနေနဲ့ ပြင်ပလောကမှာ သူတို့အချင်းချင်း တကယ် တွဲခဲ့ကြတာမျိုး ရှိလားဆိုတာကို ဟိုးယခင်တည်းက ပရိသတ်တွေ သိချင်နေခဲ့ကြတာပါ။

ဒီမေးခွန်းကိုတော့ မကြာသေးခင်ကပဲ Access သတင်းဌာနနဲ့ အင်တာဗျူးမှာ အမျိုးသား သရုပ်ဆောင်သုံးယောက်ဖြစ်တဲ့ David Schwimmer ၊ Matthew Perry နဲ့ Matt LeBlanc တို့က အခုလို ဖြေဆိုခဲ့ကြပါတယ်။

Photo via IMDb

“ကျွန်တော်တို့ကြားမှာ ထားတဲ့ စည်းကမ်းလေးတစ်ခု ရှိပါတယ်။ အဲဒါက ကျွန်တော်တို့ ခြောက်ယောက်စလုံးအတွက် အရေးကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ သူငယ်ချင်းအဖြစ် အမြဲ တည်ရှိသွားဖို့အတွက် ခင်မင်မှုကို ထိန်းသိမ်းဖို့ပါပဲ … ” လို့ Matthew က ဆိုပါတယ်။

ဆက်လက်ပြီး “ကျွန်တော်တို့သာ အချင်းချင်း ပြန်တွဲခဲ့ကြမယ်ဆိုရင်၊ ကျွန်တော်တို့ကြားမှာ ထူးဆန်းတဲ့အရာတစ်ခုခု ပေါ်ပေါက်လာခဲ့မယ်ဆိုရင် အကုန်လုံး ရှုပ်ထွေးကုန်လိမ့်မယ်ဗျ။ အဲဒါကြောင့် ကျွန်တော်တို့ သူငယ်ချင်း သံယောဇဉ်ကိုပဲ ထိန်းသိမ်းထားတယ်။ ပြီးတော့ တကယ်လည်း သူငယ်ချင်းကောင်းတွေ ဖြစ်လာကြပါတယ်။ ဒီနေ့အထိလည်း သူငယ်ချင်းကောင်းတွေပဲ။ ပြီးတော့ အဲဒါကိုလည်း ဆက်လက် ထိန်းသိမ်းသွားဦးမှာပါ … ” လို့ Matthew က ပြောပါတယ်။

Photo via IMDb

David ကတော့ “ကျွန်တော်တို့ ထူထောင်လာခဲ့တဲ့ ခင်မင်မှုသံယောဇဉ်တွေ၊ ဖြစ်တည်လာတဲ့ ဆက်ဆံရေးတွေကို မထိခိုက်သွားစေချင်ဘူး။ ဆုံးရှုံးသွားရမှာမျိုး မလိုလားဘူး … ” လို့ ဆိုပါတယ်။

Matt ကလည်း သူနဲ့ ကျန်တဲ့ သရုပ်ဆောင်ငါးယောက်လုံးဟာ မောင်နှမတွေလိုပဲလို့ ကြားဖြတ် ဝင်ပြောထားပါသေးတယ်။

နောက်ထပ် အင်တာဗျူးတစ်ခုမှာတော့ အမျိုးသမီး သရုပ်ဆောင် သုံးယောက်ဖြစ်တဲ့ Jennifer Aniston ၊ Courtney Cox နဲ့ Lisa Kudrow တို့ကို ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ထပ်မံ မေးမြန်းရာမှာတော့ အချင်းချင်း မတွဲရဆိုတဲ့ စည်းကမ်းမျိုး သဘောတူထားတာ မရှိပါဘူးလို့ ဖြေထားကြပါတယ်။

Photo via IMDb

“ကျွန်မ သိသလောက်တော့ အဲ့လိုစည်းကမ်းမျိုး မရှိပါဘူး … ” လို့ Jennifer က ဆိုပါတယ်။ Lisa ကတော့ သူမအနေနဲ့ အဲဒီကာလမှာ စေ့စပ်ပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။ Lisa ဟာ ပြင်သစ်လူမျိုး ကြော်ငြာလုပ်ငန်းရှင် Michel Stern နဲ့ ၁၉၉၅ခုနှစ်မှာ လက်ထပ်ခဲ့သူလည်း ဖြစ်ပါတယ်။

Courtney ကလည်း “ဒီအကြံက ကောင်းပါတယ်။ ဒါပေမယ့် အဲလိုမျိုး တကယ်ပြောဆိုထားတာမျိုး ကျွန်မတော့ မမှတ်မိပါဘူး … ” လို့ ဖြေထားပါတယ်။

Photo via IMDb

သူငယ်ချင်းခြောက်ယောက်မှာ ယောက်ျားလေးအုပ်စုဘက်က ဖြေတဲ့ အဖြေနဲ့ မိန်းကလေးအုပ်စုဘက်က ဖြေတဲ့ အဖြေက တစ်မျိုးစီ ဖြစ်နေပေမယ့် နှစ်ရှည်လများ ကောလာဟလတွေ ထွက်ခဲ့သလို သူတို့အချင်းချင်း တွဲခဲ့ကြမလားဆိုတဲ့ ကိစ္စကတော့ ဖြေရှင်းပြီးသား ဖြစ်သွားပါတယ်။

လတ်တလောမှာ FRIENDS သရုပ်ဆောင်တွေ ရေပန်းစားနေရတဲ့ အကြောင်းကတော့ HBO Max က စီစဉ်ပြီး ထုတ်လွှင့်မယ့် special reunion ရှိုးကြောင့်ပဲ ဖြစ်ပါတယ်။ ဒီရှိုးဟာ သာမန်ထုတ်လွှင့်နေကျ ဇာတ်လမ်းအပိုင်းတွေလို မဟုတ်ပါဘူး။ သူ့ရဲ့ ထူးခြားချက်ကတော့ ဇာတ်ညွှန်း ရေးမထားတာပဲ ဖြစ်ပါတယ်။

ရှိုးရဲ့ အဓိက သရုပ်ဆောင်တွေအပြင် ရှိုးတလျှောက်မှာ ပါဝင်ခဲ့ဖူးတဲ့ ဧည့်သည်သရုပ်ဆောင်တွေပါ ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး ရိုက်ကွင်းနောက်ကွယ်က အကြောင်းအရာတွေ၊ အမှတ်တရတွေကို ကြည့်ရှုရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

sitcom ေလာကရဲ႕ နာမည္ႀကီး ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ FRIENDS ရဲ႕ သ႐ုပ္ေဆာင္ေတြဟာ reunion ေၾကာင့္ပဲ လတ္တေလာမွာ ေဖ်ာ္ေျဖေရးသတင္းေတြရဲ႕ ေခါင္းစီးပိုင္းကို ေနရာယူေနၾကပါတယ္။ ၁၉၉၄ခုႏွစ္ကေန ၂၀၀၄ခုႏွစ္အထိ ထုတ္လႊင့္ခဲ့တဲ့ ဒီဇာတ္လမ္းတြဲမွာ သူငယ္ခ်င္းေျခာက္ေယာက္ေနရာက ပါဝင္ခဲ့ၾကတဲ့ သ႐ုပ္ေဆာင္ေတြအေနနဲ႔ ျပင္ပေလာကမွာ သူတို႔အခ်င္းခ်င္း တကယ္ တြဲခဲ့ၾကတာမ်ိဳး ရွိလားဆိုတာကို ဟိုးယခင္တည္းက ပရိသတ္ေတြ သိခ်င္ေနခဲ့ၾကတာပါ။

ဒီေမးခြန္းကိုေတာ့ မၾကာေသးခင္ကပဲ Access သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ အမ်ိဳးသား သ႐ုပ္ေဆာင္သုံးေယာက္ျဖစ္တဲ့ David Schwimmer ၊ Matthew Perry နဲ႔ Matt LeBlanc တို႔က အခုလို ေျဖဆိုခဲ့ၾကပါတယ္။

Photo via IMDb

“ကြၽန္ေတာ္တို႔ၾကားမွာ ထားတဲ့ စည္းကမ္းေလးတစ္ခု ရွိပါတယ္။ အဲဒါက ကြၽန္ေတာ္တို႔ ေျခာက္ေယာက္စလုံးအတြက္ အေရးႀကီးပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ သူငယ္ခ်င္းအျဖစ္ အၿမဲ တည္ရွိသြားဖို႔အတြက္ ခင္မင္မႈကို ထိန္းသိမ္းဖို႔ပါပဲ … ” လို႔ Matthew က ဆိုပါတယ္။

ဆက္လက္ၿပီး “ကြၽန္ေတာ္တို႔သာ အခ်င္းခ်င္း ျပန္တြဲခဲ့ၾကမယ္ဆိုရင္၊ ကြၽန္ေတာ္တို႔ၾကားမွာ ထူးဆန္းတဲ့အရာတစ္ခုခု ေပၚေပါက္လာခဲ့မယ္ဆိုရင္ အကုန္လုံး ရႈပ္ေထြးကုန္လိမ့္မယ္ဗ်။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ သူငယ္ခ်င္း သံေယာဇဥ္ကိုပဲ ထိန္းသိမ္းထားတယ္။ ၿပီးေတာ့ တကယ္လည္း သူငယ္ခ်င္းေကာင္းေတြ ျဖစ္လာၾကပါတယ္။ ဒီေန႔အထိလည္း သူငယ္ခ်င္းေကာင္းေတြပဲ။ ၿပီးေတာ့ အဲဒါကိုလည္း ဆက္လက္ ထိန္းသိမ္းသြားဦးမွာပါ … ” လို႔ Matthew က ေျပာပါတယ္။

Photo via IMDb

David ကေတာ့ “ကြၽန္ေတာ္တို႔ ထူေထာင္လာခဲ့တဲ့ ခင္မင္မႈသံေယာဇဥ္ေတြ၊ ျဖစ္တည္လာတဲ့ ဆက္ဆံေရးေတြကို မထိခိုက္သြားေစခ်င္ဘူး။ ဆုံးရႈံးသြားရမွာမ်ိဳး မလိုလားဘူး … ” လို႔ ဆိုပါတယ္။ Matt ကလည္း သူနဲ႔ က်န္တဲ့ သ႐ုပ္ေဆာင္ငါးေယာက္လုံးဟာ ေမာင္ႏွမေတြလိုပဲလို႔ ၾကားျဖတ္ ဝင္ေျပာထားပါေသးတယ္။

ေနာက္ထပ္ အင္တာဗ်ဴးတစ္ခုမွာေတာ့ အမ်ိဳးသမီး သ႐ုပ္ေဆာင္ သုံးေယာက္ျဖစ္တဲ့ Jennifer Aniston ၊ Courtney Cox နဲ႔ Lisa Kudrow တို႔ကို ဒီေမးခြန္းနဲ႔ ပတ္သက္ၿပီး ထပ္မံ ေမးျမန္းရာမွာေတာ့ အခ်င္းခ်င္း မတြဲရဆိုတဲ့ စည္းကမ္းမ်ိဳး သေဘာတူထားတာ မရွိပါဘူးလို႔ ေျဖထားၾကပါတယ္။

“ကြၽန္မ သိသေလာက္ေတာ့ အဲ့လိုစည္းကမ္းမ်ိဳး မရွိပါဘူး … ” လို႔ Jennifer က ဆိုပါတယ္။ Lisa ကေတာ့ သူမအေနနဲ႔ အဲဒီကာလမွာ ေစ့စပ္ၿပီးသား ျဖစ္တယ္လို႔ ဆိုပါတယ္။ Lisa ဟာ ျပင္သစ္လူမ်ိဳး ေၾကာ္ျငာလုပ္ငန္းရွင္ Michel Stern နဲ႔ ၁၉၉၅ခုႏွစ္မွာ လက္ထပ္ခဲ့သူလည္း ျဖစ္ပါတယ္။

Photo via IMDb

Courtney ကလည္း “ဒီအႀကံက ေကာင္းပါတယ္။ ဒါေပမယ့္ အဲလိုမ်ိဳး တကယ္ေျပာဆိုထားတာမ်ိဳး ကြၽန္မေတာ့ မမွတ္မိပါဘူး … ” လို႔ ေျဖထားပါတယ္။

သူငယ္ခ်င္းေျခာက္ေယာက္မွာ ေယာက္်ားေလးအုပ္စုဘက္က ေျဖတဲ့ အေျဖနဲ႔ မိန္းကေလးအုပ္စုဘက္က ေျဖတဲ့ အေျဖက တစ္မ်ိဳးစီ ျဖစ္ေနေပမယ့္ ႏွစ္ရွည္လမ်ား ေကာလာဟလေတြ ထြက္ခဲ့သလို သူတို႔အခ်င္းခ်င္း တြဲခဲ့ၾကမလားဆိုတဲ့ ကိစၥကေတာ့ ေျဖရွင္းၿပီးသား ျဖစ္သြားပါတယ္။

Photo via IMDb

လတ္တေလာမွာ FRIENDS သ႐ုပ္ေဆာင္ေတြ ေရပန္းစားေနရတဲ့ အေၾကာင္းကေတာ့ HBO Max က စီစဥ္ၿပီး ထုတ္လႊင့္မယ့္ special reunion ရႈိးေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒီရႈိးဟာ သာမန္ထုတ္လႊင့္ေနက် ဇာတ္လမ္းအပိုင္းေတြလို မဟုတ္ပါဘူး။ သူ႔ရဲ႕ ထူးျခားခ်က္ကေတာ့ ဇာတ္ၫႊန္း ေရးမထားတာပဲ ျဖစ္ပါတယ္။

ရႈိးရဲ႕ အဓိက သ႐ုပ္ေဆာင္ေတြအျပင္ ရႈိးတေလွ်ာက္မွာ ပါဝင္ခဲ့ဖူးတဲ့ ဧည့္သည္သ႐ုပ္ေဆာင္ေတြပါ ျပန္လည္ပါဝင္လာမွာ ျဖစ္ၿပီး ႐ိုက္ကြင္းေနာက္ကြယ္က အေၾကာင္းအရာေတြ၊ အမွတ္တရေတြကို ၾကည့္ရႈရမွာ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

Glasgow

Source: hollywoodlife

 

RELATED ARTICLES

Most Popular