HomeCelebs Update NewsInternationalရိုက်ကူးရေးပြီးစီးသွားတဲ့ Anya Taylor-Joy ရဲ့ Furiosa ရုပ်ရှင်

ရိုက်ကူးရေးပြီးစီးသွားတဲ့ Anya Taylor-Joy ရဲ့ Furiosa ရုပ်ရှင်

Anya Taylor-Joy ပါဝင်သရုပ်ဆောင်ထားတဲ့ Mad Max prequel ရုပ်ရှင် Furiosa ကတော့ ရိုက်ကူးရေး ပြီးစီးသွားပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mad Max: Fury Road ရဲ့ prequel ရုပ်ရှင်ဖြစ်သလို spin-off လည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ ရုံတင်ပြသဖို့ လျာထားတဲ့ Furiosa ရုပ်ရှင်ထဲမှာတော့ Anya Taylor-Joy နဲ့ Chris Hemsworth တို့က အဓိကပါဝင်ထားပါတယ်။ Anya Taylor-Joy ကတော့ Furiosa နေရာမှာ သရုပ်ဆောင်ထားပြီး Chris Hemsworth ကတော့ Dr. Dementus နေရာက သရုပ်ဆောင်ထားပါတယ်။ ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာကတော့ George Miller ဖြစ်ပါတယ်။

Photo: anyataylorjoy/ Instagram

ဒီဇာတ်ကားရဲ့ ရိုက်ကူးရေးကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ ပြီးစီးခဲ့တာ ဖြစ်ပြီး ခက်ထန်ကြမ်းတမ်းတဲ့ အမျိုးသမီးဇာတ်ကောင် Furiosa နေရာမှာ သရုပ်ဆောင်ခွင့် ရရှိတဲ့အတွက် ကျေးဇူးတင်ကြောင်း Anya Taylor-Joy က သူမရဲ့အင်စတာဂရမ်မှာ ပြောထားပါတယ်။

“တကယ့်အတွေ့အကြုံတစ်ခုပါပဲ။ ကျွန်မနဲ့အတူ ဒီခရီးကြမ်းကို ဖြတ်သန်းခဲ့ကြတဲ့ Wasteland က လူအားလုံးကို ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်စရာအကောင်းဆုံး၊ ဒူပေနာပေအခံရဆုံးနဲ့ စွမ်းဆောင်ရည်အရှိဆုံးသူတွေပါပဲ …”

Photo Credit: Warner Bros.

“ဒီလိုဇာတ်ကောင်ကို သရုပ်ဆောင်ခွင့်ရတာရော၊ အားလုံးနဲ့အတူ ပူးပေါင်းဖန်တီးခွင့် ရတာရောက ကျွန်မအတွက် ဂုဏ်ယူစရာလည်းဟုတ်သလို ကျေးဇူးတင်စရာလည်းကောင်းပါတယ်။ ကျွန်မထင်တာထက် ကိုယ့်ကိုယ်ကို ခက်ထန်ကြမ်းတမ်းလာအောင် ကူညီပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မီးတောက်မီးလျှံတွေ၊ သွေးတွေနဲ့ လောင်စာဆီတွေနဲ့ပေါ့ …” လို့ Anya Taylor-Joy က ပြောထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular