HomeCelebs Update NewsInternationalGhost Rider အနေနဲ့ ပြန်လည်ပါဝင်လာဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ Gabriel Luna

Ghost Rider အနေနဲ့ ပြန်လည်ပါဝင်လာဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ Gabriel Luna

အခုချိန်မှာတော့ MCU ဟာ Ghost Rider ကို မိတ်ဆက်ဖို့အတွက် ပြင်ဆင်နေတယ်လို့ ကောလာဟလတွေ ထွက်နေပါတယ်။

ဒါကြောင့်လည်း Marvel ရဲ့ Agents of Shield ဇာတ်လမ်းတွဲထဲမှာ Ghost Rider အနေနဲ့ ပါဝင်ခဲ့တဲ့ Gabriel Luna ကလည်း ဒီဇာတ်ကောင်အနေနဲ့ ပြန်လည်ပါဝင်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောလာပါတယ်။ Agents of Shield ဇာတ်လမ်းတွဲကတော့ မူလက MCU နဲ့ Canon ဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာတော့ အကြောင်းအမျိူးမျိူးနဲ့ Non-Canon ဖြစ်သွားခဲ့ပါတယ်။

photo via screenrant

မကြာသေးခင်က ဇာတ်သိမ်းသွားတဲ့ Hawkeye ဇာတ်လမ်းတွဲထဲမှာတော့ Netflix ရဲ့ Daredevil ဇာတ်လမ်းတွဲထဲက Kingpin သရုပ်ဆောင်ကို ပြန်လည်ထည့်သွင်းခဲ့ပါတယ်။ ဒါ့အပြင် Spider-Man: No Way Home ထဲမှာလည်း Netflix ရဲ့ Daredevil ဇာတ်လမ်းတွဲထဲက Matt Murdock လည်း ပါဝင်ခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ Netflix ရဲ့ Daredevil ဇာတ်လမ်းတွဲဟာ MCU နဲ့ Canon ဖြစ်သွားပြီလို့ သတ်မှတ်လို့ ရပေမယ့် Agents of Shield ကတော့ အခုချိန်ထိ ဘယ်လိုမှန်း မသိရသေးပါဘူး။

အခုဆိုရင်တော့ MCU ကလည်း Ghost Rider ကို Reboot လုပ်သွားမယ်ဆိုတဲ့ သတင်းထွက်နေပါတယ်။ ဒါကြောင့်လည်း Agents of Shield Season 4 ထဲမှာ Ghost Rider အဖြစ် ပါဝင်ခဲ့တဲ့ Gabriel Luna ကတော့ ဒီဇာတ်ကောင်အနေနဲ့ ပြန်လည်ပါဝင်လာဖို့ အဆင်သင့် ဖြစ်နေပြီလို့ တွစ်တာပေါ်မှာ ပြောထားပါတယ်။

Gabriel Luna ပါဝင်သရုပ်ဆောင်ထားတဲ့ Season 4 ကိုတော့ ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့ကြပြီး သူနဲ့ Ghost Rider ဇာတ်ကောင်ကလည်း လိုက်ဖက်တယ်လို့ ပရိသတ်အများစုက ယူဆခဲ့ကြပါတယ်။ ဒါကြောင့်လည်း Marvel ဟာ သူ့ရဲ့ Spin-Off ဇာတ်လမ်းတွဲတစ်ခုကိုတောင် Hulu နဲ့ ပေါင်းစပ်ဖန်တီးဖို့ စီစဉ်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ၂၀၁၉ ခုနှစ်မှာတော့ Disney ဟာ သူ့ရဲ့ကိုယ်ပိုင် streaming service ဖြစ်တဲ့ Disney+ မှာ ပြသဖို့ MCU ဇာတ်လမ်းတွဲတွေကို ဖန်တီးဖို့ စီစဉ်ခဲ့တာကြောင့် Hulu နဲ့ သဘောတူထားတဲ့ Ghost Rider Spin-Off ဇာတ်လမ်းတွဲကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Gabriel Luna ကို Ghost Rider အနေနဲ့ ပြန်လည် မြင်တွေ့ရမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular