HomeCelebs Update NewsInternationalအခ်စ္သစ္ေၾကာင့္ ေစာင္းေျမာင္းေျပာခံလိုက္ရတဲ့ Lady Gaga

အခ်စ္သစ္ေၾကာင့္ ေစာင္းေျမာင္းေျပာခံလိုက္ရတဲ့ Lady Gaga

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Lady Gaga ဟာ အခ်စ္သစ္ပါလို႔ လက္ရိွသတင္းေတြ ထြက္ေနတဲ့ Dan Horton နဲ႔ အေျခအေနေတြ တိုးတက္လာတာနဲ႔အမွ် Dan Horton ရဲ႕ ဇနီးေဟာင္းျဖစ္သူက ေစာင္းေျပာေျမာင္းေျပာတာကို ခံလိုက္ရတာ ျဖစ္ပါတယ္။

အသက္(၃၃)ႏွစ္အရြယ္ရိွ Lady Gaga နဲ႔ အသက္(၃၇)ႏွစ္အရြယ္ Dan Horton တို႔ နမ္းရံႈ႕ေနတဲ့ပုံေတြ ထြက္ေပၚလာၿပီးကတည္းက Dan Horton ရဲ႕ ဇနီးေဟာင္းျဖစ္သူ မင္းသမီး Autumn Guzzardi တစ္ေယာက္ စိတ္ထဲမွာ ခိုးလိုးခုလု ခံစားေနရပုံ ေပၚပါတယ္။ ဒီလိုနဲ႔ ဇူလိုင္လ(၃၀)ရက္ေန႔မွာေတာ့ သူမရဲ႕ကိုယ္တစ္ပိုင္းပုံ အမိုက္စားတစ္ပုံကို တင္ၿပီး Caption ကို “Poker Face” လို႔ ေရးတင္ခဲ့ပါတယ္။

Poker Face ဆိုတဲ့စကားလုံးဟာ ၂၀၀၈ခုႏွစ္တုန္းက တအားကိုေပါက္ခဲ့တဲ့ Gaga ရဲ႕ ကမာၻသိ သီခ်င္းတစ္ပုဒ္ ျဖစ္တာေၾကာင့္ Gaga ပရိသတ္ေတြဟာ အခ်ိန္ခဏေလးအတြင္းမွာပဲ ေစာင္းေျမာင္းေျပာေနမွန္း ရိပ္မိခဲ့ၾကပါတယ္။ Gaga ရဲ႕ ပရိသတ္ေတြကလည္း ခ်က္ခ်င္းဆိုသလိုပဲ “ကေလးဆန္လိုက္တာ … အဆင့္အတန္း မရိွပုံမ်ား” “Gaga သူေနခ်င္သလို ေနပါေစလား” စတဲ့ comment ေတြနဲ႔ ျပန္လည္ေခ်ပခဲ့ၾကပါတယ္။

မင္းသမီး Autumn နဲ႔ Dan Horton တို႔ဟာ ၂၀၁၃ခုႏွစ္တုန္းက လက္ထပ္ခဲ့တာျဖစ္ၿပီး အိမ္ေထာင္သက္ ငါးႏွစ္အၾကာ ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၇)ရက္ေန႔မွာေတာ့ “ရင္ၾကားေစ့ဖို႔ မျဖစ္ႏိုင္ေတာ့တဲ့ ကြာျခားမႈ”ေတြေၾကာင့္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ကြာရွင္းျပတ္စဲခဲ့ၾကပါတယ္။ ႏွစ္ေယာက္ၾကားမွာ သားသမီးထြန္းကားျခင္းေတာ့ မရိွခဲ့ပါဘူး။

Photo: ATRL

Autumn ဟာ ျပဇာတ္မင္းသမီးတစ္လက္ျဖစ္ၿပီး ရုပ္ျမင္သံၾကားေတြက လႊင့္ထုတ္တဲ့ Variety Show မ်ားစြာမွာလည္း ပါ၀င္ဖူးသူ ျဖစ္ပါတယ္။ Dan Horton ကေတာ့ ေမာ္နီတာ အင္ဂ်င္နီယာတစ္ေယာက္ ျဖစ္ၿပီး ၂၀၁၈ခုႏွစ္ ႏို၀င္ဘာလတည္းကစလို႔ Gaga ရဲ႕ လက္စ္ေဗးဂက္စ္က “Enigma” concert အတြက္ ျပင္ဆင္လုပ္ကိုင္ေပးေနသူ ျဖစ္ပါတယ္။ Dan Horton ဟာ အျခားေသာ ထိတ္ထိတ္ႀကဲ စတားေတြျဖစ္တဲ့ Bruno Mars ၊ Justin Timberlake တို႔အတြက္လည္း အလုပ္လုပ္ေပးခဲ့ဖူးတဲ့ နာမည္ႀကီးပညာရွင္တစ္ေယာက္ ျဖစ္ပါတယ္။

https://www.instagram.com/p/BtRO8CzFToj/

ဂရမ္မီ ကိုးဆုရွင္ Gaga နဲ႔ Dan Horton တို႔ဟာ ဇူလိုင္လ(၂၈)ရက္ေန႔က ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ရဲ႕ ဆင္ေျခဖုံးတစ္ေနရာမွာျဖစ္တဲ့ စတူဒီယိုစီးတီးမွာ ေပြ႕ဖက္နမ္းရႈံ႕ေနၾကတာကို ေတြ႕ျမင္ခဲ့ရၿပီးေနာက္ပိုင္း ႏွစ္ေယာက္သား တြဲေနတယ္ဆိုတဲ့သတင္းေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ Gaga ဟာ ၂၀၁၇ခုႏွစ္တည္းက တြဲလာတဲ့ အသက္(၅၀)အရြယ္ Talent ေအးဂ်င့္ Christian Carino နဲ႔ ေစ့စပ္ေၾကာင္းလမ္းမႈကိုေတာ့ မၾကာေသးခင္ကပဲ ဖ်က္သိမ္းခဲ့ပါတယ္။

Xei

Ref: hollywoodlife

(Unicode Version)

Lady Gaga ဟာ အချစ်သစ်ပါလို့ လက်ရှိသတင်းတွေ ထွက်နေတဲ့ Dan Horton နဲ့ အခြေအနေတွေ တိုးတက်လာတာနဲ့အမျှ Dan Horton ရဲ့ ဇနီးဟောင်းဖြစ်သူက စောင်းပြောမြောင်းပြောတာကို ခံလိုက်ရတာ ဖြစ်ပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိ Lady Gaga နဲ့ အသက်(၃၇)နှစ်အရွယ် Dan Horton တို့ နမ်းရှုံ့နေတဲ့ပုံတွေ ထွက်ပေါ်လာပြီးကတည်းက Dan Horton ရဲ့ ဇနီးဟောင်းဖြစ်သူ မင်းသမီး Autumn Guzzardi တစ်ယောက် စိတ်ထဲမှာ ခိုးလိုးခုလု ခံစားနေရပုံ ပေါ်ပါတယ်။ ဒီလိုနဲ့ ဇူလိုင်လ(၃၀)ရက်နေ့မှာတော့ သူမရဲ့ကိုယ်တစ်ပိုင်းပုံ အမိုက်စားတစ်ပုံကို တင်ပြီး Caption ကို “Poker Face” လို့ ရေးတင်ခဲ့ပါတယ်။

Poker Face ဆိုတဲ့စကားလုံးဟာ ၂၀၀၈ခုနှစ်တုန်းက တအားကိုပေါက်ခဲ့တဲ့ Gaga ရဲ့ ကမ္ဘာသိ သီချင်းတစ်ပုဒ် ဖြစ်တာကြောင့် Gaga ပရိသတ်တွေဟာ အချိန်ခဏလေးအတွင်းမှာပဲ စောင်းမြောင်းပြောနေမှန်း ရိပ်မိခဲ့ကြပါတယ်။ Gaga ရဲ့ ပရိသတ်တွေကလည်း ချက်ချင်းဆိုသလိုပဲ “ကလေးဆန်လိုက်တာ … အဆင့်အတန်း မရှိပုံများ” “Gaga သူနေချင်သလို နေပါစေလား” စတဲ့ comment တွေနဲ့ ပြန်လည်ချေပခဲ့ကြပါတယ်။

မင်းသမီး Autumn နဲ့ Dan Horton တို့ဟာ ၂၀၁၃ခုနှစ်တုန်းက လက်ထပ်ခဲ့တာဖြစ်ပြီး အိမ်ထောင်သက် ငါးနှစ်အကြာ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့မှာတော့ “ရင်ကြားစေ့ဖို့ မဖြစ်နိုင်တော့တဲ့ ကွာခြားမှု”တွေကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။ နှစ်ယောက်ကြားမှာ သားသမီးထွန်းကားခြင်းတော့ မရှိခဲ့ပါဘူး။

Photo: ATRL

Autumn ဟာ ပြဇာတ်မင်းသမီးတစ်လက်ဖြစ်ပြီး ရုပ်မြင်သံကြားတွေက လွှင့်ထုတ်တဲ့ Variety Show များစွာမှာလည်း ပါဝင်ဖူးသူ ဖြစ်ပါတယ်။ Dan Horton ကတော့ မော်နီတာ အင်ဂျင်နီယာတစ်ယောက် ဖြစ်ပြီး ၂၀၁၈ခုနှစ် နိုဝင်ဘာလတည်းကစလို့ Gaga ရဲ့ လက်စ်ဗေးဂက်စ်က “Enigma” concert အတွက် ပြင်ဆင်လုပ်ကိုင်ပေးနေသူ ဖြစ်ပါတယ်။ Dan Horton ဟာ အခြားသော ထိတ်ထိတ်ကြဲ စတားတွေဖြစ်တဲ့ Bruno Mars ၊ Justin Timberlake တို့အတွက်လည်း အလုပ်လုပ်ပေးခဲ့ဖူးတဲ့ နာမည်ကြီးပညာရှင်တစ်ယောက် ဖြစ်ပါတယ်။

https://www.instagram.com/p/BtRO8CzFToj/

ဂရမ်မီ ကိုးဆုရှင် Gaga နဲ့ Dan Horton တို့ဟာ ဇူလိုင်လ(၂၈)ရက်နေ့က လော့စ်အိန်ဂျလိစ်မြို့ရဲ့ ဆင်ခြေဖုံးတစ်နေရာမှာဖြစ်တဲ့ စတူဒီယိုစီးတီးမှာ ပွေ့ဖက်နမ်းရှုံ့နေကြတာကို တွေ့မြင်ခဲ့ရပြီးနောက်ပိုင်း နှစ်ယောက်သား တွဲနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Gaga ဟာ ၂၀၁၇ခုနှစ်တည်းက တွဲလာတဲ့ အသက်(၅၀)အရွယ် Talent အေးဂျင့် Christian Carino နဲ့ စေ့စပ်ကြောင်းလမ်းမှုကိုတော့ မကြာသေးခင်ကပဲ ဖျက်သိမ်းခဲ့ပါတယ်။

Xei

Ref: hollywoodlife

RELATED ARTICLES

Most Popular