HomeCelebs Update NewsInternationalGal Gadot နဲ့ Patty Jenkins တို့ရဲ့မိသားစုလိုက် cameo ပါဝင်ခဲ့တဲ့ Wonder Woman 1984

Gal Gadot နဲ့ Patty Jenkins တို့ရဲ့မိသားစုလိုက် cameo ပါဝင်ခဲ့တဲ့ Wonder Woman 1984

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Wonder Woman 1984 ဇာတ်ကားဟာ မင်းသမီးချော Gal Gadot အတွက်တော့ ထင်ထားတာထက်ပိုပြီး အဓိပ္ပာယ်ရှိနေပါတယ်။ အကြောင်းကတော့ ဒီဇာတ်ကားထဲမှာ သူမရဲ့ အမျိုးသားနဲ့အတူ သမီးလေးနှစ်ယောက်ကိုပါ ဧည့်သည်သရုပ်ဆောင်အဖြစ် ထည့်သွင်းထားလို့ပဲ ဖြစ်ပါတယ်။

၂၀၁၇ခုနှစ်က ထွက်ရှိခဲ့တဲ့ Wonder Woman ဇာတ်ကားရဲ့အဆက်ဖြစ်တဲ့ Wonder Woman 1984 ဇာတ်ကားဟာ မကြာသေးခင်ကပဲ ရုံတင်ခဲ့ပြီး HBO Max မှာလည်း ပြသနေပြီ ဖြစ်ပါတယ်။ ယခုထွက်ရှိလာတဲ့ ဇာတ်ကားထဲမှာတော့ ထူးခြားချက်တွေ ပါဝင်နေပါတယ်။ အဲ့ဒါကတော့ မင်းသမီး Gal Gadot ရဲ့မိသားစုလိုက် cameo ပါဝင်ပေးထားတာ ဖြစ်ပါတယ်။

Photo: jaronvarsano/ Instagram

ရုပ်ရှင်ရဲ့အဆုံးသတ်နားက ခရစ်စမတ်ကာလကို ပြသတဲ့ ဇာတ်ဝင်ခန်းထဲမှာ ပါဝင်ခဲ့ကြတာဖြစ်ပြီး Gal ရဲ့ ခင်ပွန်းဖြစ်သူ အသက်(၄၅)နှစ်အရွယ် Yaron Varsano နဲ့အတူ သမီးလေးတွေ ဖြစ်ကြတဲ့ အသက်(၉)နှစ်အရွယ် Alma ၊ အသက်(၃)နှစ်အရွယ် Maya တို့ပါ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး မကြာသေးခင်က တွေ့ဆုံခဲ့တဲ့ Good Day DC အစီအစဉ်ရဲ့ တင်ဆက်သူ Kevin McCarthy နဲ့ အင်တာဗျူးမှာ Gal က ပြောပြသွားတာ ဖြစ်ပါတယ်။

©HBO Max

“ဒါက ကျွန်မအတွက် အဓိပ္ပာယ်အများကြီး ရှိပါတယ်။ အထူးသဖြင့် သိပ်ကိုထူးခြားတဲ့ အဲ့ဒီ့ဇာတ်ဝင်ခန်းလေးမှာပေါ့။ ကျွန်မမှာ သမီးလေးနှစ်ယောက် ရှိတယ်။ နှစ်ယောက်စလုံး ဒီထဲမှာ ပါထားတယ်။ သမီးအကြီးလေးက ဒါရိုက်တာ Patty Jenkins ရဲ့ သားလေး Asa နဲ့အတူ ပါခဲ့တယ်။ သမီးငယ်လေးကတော့ ကျွန်မခင်ပွန်းနဲ့အတူ ပါခဲ့ပါတယ် …” လို့ Gal က ဆိုပါတယ်။

ခင်ပွန်းသည် Yaron Varsano နဲ့ ၂၀၀၈ခုနှစ်တည်းက လက်ထပ်ထားတဲ့ Gal ဟာ ယခုဇာတ်ကားမှာ မိသားစုလိုက် အမှတ်တရ ပါဝင်ခွင့်ရတဲ့အတွက် ခံစားချက်ကိုလည်း ပြောပြခဲ့ပါသေးတယ်။

Photo: jaronvarsano/ Instagram

“ဒီကားက ရုပ်ရှင်တစ်ကားဆိုတာထက် ပိုပါတယ်။ ကျွန်မတို့အတွက်ရော၊ Patty အတွက်ရောပေါ့။ ဒီကားလေးက ကျွန်မဘဝကို လုံးဝပြောင်းလဲသွားစေခဲ့တယ်။ ပြီးတော့ ဒီကားထဲမှာ ကျွန်မတို့ရဲ့ ခံစားချက်တွေ၊ အတွေးတွေ၊ ကြိုးစားမှုတွေ အများကြီး ထည့်ထားပါတယ်။ ကျွန်မမိသားစုရဲ့ ပံ့ပိုးမှုသာ မရှိခဲ့ရင် ကျွန်မဒီရုပ်ရှင်ကို အခုလို ရိုက်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်မနဲ့အတူ ဒီကားလေးထဲမှာ အားလုံးပါဝင်ခဲ့ရတာဟာလည်း သိပ်ကိုအဓိပ္ပာယ်ရှိပါတယ်။ ကျွန်မတို့ ထာဝရ မြတ်နိုး၊ တန်ဖိုးထားသွားရမယ့် အမှတ်တရလေးတစ်ခုပါပဲ … ” လို့ Gal က ရင်ဖွင့်သွားပါတယ်။

ဒီဇာတ်ကားနဲ့ ပတ်သက်တဲ့ နောက်ထပ် ထူးခြားချက်တစ်ခုကတော့ ဒါရိုက်တာ Patty Jenkins ရဲ့သားဖြစ်သူ Asa ဟာလည်း ဒီဇာတ်ကားထဲမှာ အခန်းတော်တော်များများ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားတယ်ဆိုတာပါပဲ။ ဒီအကြောင်းကိုတော့ ဒါရိုက်တာ Patty က မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ The Kelly Clarkson Show နဲ့ တွေ့ဆုံမှုမှာ ပြောပြသွားတာ ဖြစ်ပါတယ်။

©HBO Max

“ကျွန်မသားက သူလည်း ပါထားတော့ သူလည်း သရုပ်ဆောင်ကြေး ရတယ်လေ။ အမလေး … သူကတော့ ခပ်ရှင်းရှင်းပဲနော်။ သူ့သရုပ်ဆောင်ကြေး ရဖို့ကို စောင့်နေတာ … ” လို့ ရယ်မောရင်း ဆိုထားပါတယ်။

“သူ ပါရင် ပျော်စရာကောင်းမယ်လို့ ထင်တယ်လေ။ အဲ့ဒါနဲ့ သူ့ကို ရုပ်ရှင်တစ်ကားလောက်မှာတော့ ထည့်ရိုက်ချင်တာနဲ့ ရိုက်လိုက်တာပါ။ ဒါပေမယ့် တကယ်လည်း သူ့ကိုလိုအပ်သွားပါတယ်။ ဘာလို့ဆို ဒီကားထဲမှာ အမေရိကန်လေသံနဲ့ ပြောနိုင်မယ့် ကလေးတစ်ယောက် ရုတ်တရက် လိုလာရေ‌ာ။ ဖြစ်ချင်တော့ ကျွန်မတို့က အင်္ဂလန်မှာ ရောက်နေတာ။ အဲ့ဒါနဲ့ Asa ရေ .. မင်းဆံပင်ကို အရောင်မြန်မြန် သွားဆိုးလိုက်တော့။ မင်း ရုပ်ရှင်ထဲမှာ ပါပြီလို့ ဆိုပြီး ထည့်ရိုက်လိုက်တာ … ”

photo via IMDb

“ပြီးတော့ ဇာတ်ကားပြီးခါနီး ခရစ်စမတ်ကာလ အခန်းလေးမှာလည်း မြှုပ်ကွက်တစ်ခု ထည့်ထားသေးတယ်။ အဲ့ဒီမှာ ကျွန်မရဲ့ မိသားစုတစ်ခုလုံးနဲ့ Gal ရဲ့ မိသားစုတစ်ခုလုံးကို ထည့်ထားတာ။ သူတို့အားလုံးကို အခုလို ထည့်ရိုက်လိုက်ရတာ ကျွန်မတို့အတွက်လည်း ပျော်ရွှင်စရာကောင်းခဲ့ပါတယ် … ” လို့ Patty က ဆိုထားပါတယ်။

Linda December

Source: people

(Zawgyi Version)

Wonder Woman 1984 ဇာတ္ကားဟာ မင္းသမီးေခ်ာ Gal Gadot အတြက္ေတာ့ ထင္ထားတာထက္ပိုၿပီး အဓိပၸာယ္ရွိေနပါတယ္။ အေၾကာင္းကေတာ့ ဒီဇာတ္ကားထဲမွာ သူမရဲ႕ အမ်ိဳးသားနဲ႔အတူ သမီးေလးႏွစ္ေယာက္ကိုပါ ဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ ထည့္သြင္းထားလို႔ပဲ ျဖစ္ပါတယ္။

၂၀၁၇ခုႏွစ္က ထြက္ရွိခဲ့တဲ့ Wonder Woman ဇာတ္ကားရဲ႕အဆက္ျဖစ္တဲ့ Wonder Woman 1984 ဇာတ္ကားဟာ မၾကာေသးခင္ကပဲ ႐ုံတင္ခဲ့ၿပီး HBO Max မွာလည္း ျပသေနၿပီ ျဖစ္ပါတယ္။ ယခုထြက္ရွိလာတဲ့ ဇာတ္ကားထဲမွာေတာ့ ထူးျခားခ်က္ေတြ ပါဝင္ေနပါတယ္။ အဲ့ဒါကေတာ့ မင္းသမီး Gal Gadot ရဲ႕မိသားစုလိုက္ cameo ပါဝင္ေပးထားတာ ျဖစ္ပါတယ္။

Photo: jaronvarsano/ Instagram

႐ုပ္ရွင္ရဲ႕အဆုံးသတ္နားက ခရစ္စမတ္ကာလကို ျပသတဲ့ ဇာတ္ဝင္ခန္းထဲမွာ ပါဝင္ခဲ့ၾကတာျဖစ္ၿပီး Gal ရဲ႕ ခင္ပြန္းျဖစ္သူ အသက္(၄၅)ႏွစ္အ႐ြယ္ Yaron Varsano နဲ႔အတူ သမီးေလးေတြ ျဖစ္ၾကတဲ့ အသက္(၉)ႏွစ္အ႐ြယ္ Alma ၊ အသက္(၃)ႏွစ္အ႐ြယ္ Maya တို႔ပါ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး မၾကာေသးခင္က ေတြ႕ဆုံခဲ့တဲ့ Good Day DC အစီအစဥ္ရဲ႕ တင္ဆက္သူ Kevin McCarthy နဲ႔ အင္တာဗ်ဴးမွာ Gal က ေျပာျပသြားတာ ျဖစ္ပါတယ္။

©HBO Max

“ဒါက ကြၽန္မအတြက္ အဓိပၸာယ္အမ်ားႀကီး ရွိပါတယ္။ အထူးသျဖင့္ သိပ္ကိုထူးျခားတဲ့ အဲ့ဒီ့ဇာတ္ဝင္ခန္းေလးမွာေပါ့။ ကြၽန္မမွာ သမီးေလးႏွစ္ေယာက္ ရွိတယ္။ ႏွစ္ေယာက္စလုံး ဒီထဲမွာ ပါထားတယ္။ သမီးအႀကီးေလးက ဒါ႐ိုက္တာ Patty Jenkins ရဲ႕ သားေလး Asa နဲ႔အတူ ပါခဲ့တယ္။ သမီးငယ္ေလးကေတာ့ ကြၽန္မခင္ပြန္းနဲ႔အတူ ပါခဲ့ပါတယ္ …” လို႔ Gal က ဆိုပါတယ္။

ခင္ပြန္းသည္ Yaron Varsano နဲ႔ ၂၀၀၈ခုႏွစ္တည္းက လက္ထပ္ထားတဲ့ Gal ဟာ ယခုဇာတ္ကားမွာ မိသားစုလိုက္ အမွတ္တရ ပါဝင္ခြင့္ရတဲ့အတြက္ ခံစားခ်က္ကိုလည္း ေျပာျပခဲ့ပါေသးတယ္။

Photo: jaronvarsano/ Instagram

“ဒီကားက ႐ုပ္ရွင္တစ္ကားဆိုတာထက္ ပိုပါတယ္။ ကြၽန္မတို႔အတြက္ေရာ၊ Patty အတြက္ေရာေပါ့။ ဒီကားေလးက ကြၽန္မဘဝကို လုံးဝေျပာင္းလဲသြားေစခဲ့တယ္။ ၿပီးေတာ့ ဒီကားထဲမွာ ကြၽန္မတို႔ရဲ႕ ခံစားခ်က္ေတြ၊ အေတြးေတြ၊ ႀကိဳးစားမႈေတြ အမ်ားႀကီး ထည့္ထားပါတယ္။ ကြၽန္မမိသားစုရဲ႕ ပံ့ပိုးမႈသာ မရွိခဲ့ရင္ ကြၽန္မဒီ႐ုပ္ရွင္ကို အခုလို ႐ိုက္ႏိုင္ခဲ့မွာ မဟုတ္ပါဘူး။ ၿပီးေတာ့ ကြၽန္မနဲ႔အတူ ဒီကားေလးထဲမွာ အားလုံးပါဝင္ခဲ့ရတာဟာလည္း သိပ္ကိုအဓိပၸာယ္ရွိပါတယ္။ ကြၽန္မတို႔ ထာဝရ ျမတ္ႏိုး၊ တန္ဖိုးထားသြားရမယ့္ အမွတ္တရေလးတစ္ခုပါပဲ … ” လို႔ Gal က ရင္ဖြင့္သြားပါတယ္။

ဒီဇာတ္ကားနဲ႔ ပတ္သက္တဲ့ ေနာက္ထပ္ ထူးျခားခ်က္တစ္ခုကေတာ့ ဒါ႐ိုက္တာ Patty Jenkins ရဲ႕သားျဖစ္သူ Asa ဟာလည္း ဒီဇာတ္ကားထဲမွာ အခန္းေတာ္ေတာ္မ်ားမ်ား ဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ ပါဝင္ထားတယ္ဆိုတာပါပဲ။ ဒီအေၾကာင္းကိုေတာ့ ဒါ႐ိုက္တာ Patty က မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ The Kelly Clarkson Show နဲ႔ ေတြ႕ဆုံမႈမွာ ေျပာျပသြားတာ ျဖစ္ပါတယ္။

©HBO Max

“ကြၽန္မသားက သူလည္း ပါထားေတာ့ သူလည္း သ႐ုပ္ေဆာင္ေၾကး ရတယ္ေလ။ အမေလး … သူကေတာ့ ခပ္ရွင္းရွင္းပဲေနာ္။ သူ႔သ႐ုပ္ေဆာင္ေၾကး ရဖို႔ကို ေစာင့္ေနတာ … ” လို႔ ရယ္ေမာရင္း ဆိုထားပါတယ္။

“သူ ပါရင္ ေပ်ာ္စရာေကာင္းမယ္လို႔ ထင္တယ္ေလ။ အဲ့ဒါနဲ႔ သူ႔ကို ႐ုပ္ရွင္တစ္ကားေလာက္မွာေတာ့ ထည့္႐ိုက္ခ်င္တာနဲ႔ ႐ိုက္လိုက္တာပါ။ ဒါေပမယ့္ တကယ္လည္း သူ႔ကိုလိုအပ္သြားပါတယ္။ ဘာလို႔ဆို ဒီကားထဲမွာ အေမရိကန္ေလသံနဲ႔ ေျပာႏိုင္မယ့္ ကေလးတစ္ေယာက္ ႐ုတ္တရက္ လိုလာေရ‌ာ။ ျဖစ္ခ်င္ေတာ့ ကြၽန္မတို႔က အဂၤလန္မွာ ေရာက္ေနတာ။ အဲ့ဒါနဲ႔ Asa ေရ .. မင္းဆံပင္ကို အေရာင္ျမန္ျမန္ သြားဆိုးလိုက္ေတာ့။ မင္း ႐ုပ္ရွင္ထဲမွာ ပါၿပီလို႔ ဆိုၿပီး ထည့္႐ိုက္လိုက္တာ … ”

photo via IMDb

“ၿပီးေတာ့ ဇာတ္ကားၿပီးခါနီး ခရစ္စမတ္ကာလ အခန္းေလးမွာလည္း ျမႇဳပ္ကြက္တစ္ခု ထည့္ထားေသးတယ္။ အဲ့ဒီမွာ ကြၽန္မရဲ႕ မိသားစုတစ္ခုလုံးနဲ႔ Gal ရဲ႕ မိသားစုတစ္ခုလုံးကို ထည့္ထားတာ။ သူတို႔အားလုံးကို အခုလို ထည့္႐ိုက္လိုက္ရတာ ကြၽန္မတို႔အတြက္လည္း ေပ်ာ္႐ႊင္စရာေကာင္းခဲ့ပါတယ္ … ” လို႔ Patty က ဆိုထားပါတယ္။

Linda December

Source: people

 

RELATED ARTICLES

Most Popular