HomeCelebs Update NewsWonder Woman 3 ကို အတိတ်မှာ ဇာတ်အိမ်မတည်စေချင်ဘူးဆိုတဲ့ Gal Gadot

Wonder Woman 3 ကို အတိတ်မှာ ဇာတ်အိမ်မတည်စေချင်ဘူးဆိုတဲ့ Gal Gadot

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Gal Gadot ဟာ Wonder Woman 3 ကို အရှေ့မှာ ထွက်ထားတဲ့ ရုပ်ရှင်နှစ်ကားလိုမျိူး အတိတ်မှာ ဇာတ်အိမ်မတည်စေချင်ဘူး ဆိုပြီးတော့ ပြောလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ထွက်ခဲ့တဲ့ Wonder Woman ရုပ်ရှင်ကတော့ စီးပွားရေးအရမှာလည်း အောင်မြင်ခဲ့သလို ပရိသတ်တွေကြားမှာလည်း အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ကို ၁၉၁၈ ခုနှစ်မှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သိပ်မကြာခင်မှာ ထွက်ရှိလာမယ့် Wonder Woman 1984 ကလည်း အလားတူပဲ အတိတ်မှာ ဇာတ်အိမ်တည်ထားပြီး ၁၉၈၀ ကျော်လောက်က စစ်အေးကာလမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Wonder Woman ရုပ်ရှင်တွေရဲ့ ဒါရိုက်တာဖြစ်သူ Patty Jenkins ကလည်း Wonder Woman 3 အတွက် အကြံတွေရှိပြီးသားပါလို့ ပြောပြခဲ့ပါတယ်။

photo via screenrant

သိပ်မကြာခင်တုန်းက ပြုလုပ်ခဲ့တဲ့ MTV News နဲ့ အင်တာဗျူးမှာတော့ Gal Gadot ဟာ Wonder Woman ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဖော်ပြခဲ့ပါတယ်။ WW84 ဟာ ၁၉၈၀ ကျော်လောက် အချိန်ဖြစ်တာကြောင့် အဲ့ဒီရုပ်ရှင်ကို ရိုက်ကူးဖို့အတွက် ဘယ်လိုမျိူး ပြင်ဆင်ခဲ့ရတယ် ဆိုတာတွေကိုလည်း ပြောပြခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မေးမြန်းသူဟာ ဒါရိုက်တာ Patty Jenkins ပြောခဲ့တဲ့ Wonder Woman 3 ဟာ ပစ္စပ္ပုန်မှာ ဇာတ်အိမ်တည်နိုင်ချေရှိလား ဆိုပြီးတော့ မေးခဲ့ပါတယ်။

ဒါ့အပြင် Wonder Woman 3 ထဲမှာ ဘယ်အချိန်ကာလမှာ သရုပ်ဆောင်ချင်သေးလည်း ဆိုပြီးတော့ မေးခဲ့ပါသေးတယ်။ Gal Gadot ကတော့ ” ပစ္စပ္ပုန်ပဲ ကောင်းပါလိမ့်မယ်။ ကျွန်မကတော့ Wonder Woman အနေနဲ့ ၁၉၄၀ ကျော်နဲ့ ၁၉၆၀ ကျော်အချိန်တွေကို ပြန်မသွားချင်တော့ပါဘူး။ ကျွန်မတော့ အတိတ်နဲ့ ပတ်သက်ပြီး ကောင်းကောင်းလုပ်ခဲ့ပြီးပြီလို့ ခံစားရပါတယ်။ အဲ့ဒါကြောင့် အခုကတော့ ရှေ့ဆက်ဖို့ အချိန်တန်ပါပြီ ” ဆိုပြီး‌တော့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

photo via screenrant

၂၀၁၇ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ရုပ်ရှင်ဟာ Diana ရဲ့ origin ကို ပြသသွားတာ ဖြစ်ပြီးတော့ အသစ်ထွက်လာမယ့် sequel ကတော့ ထုံးစံအတိုင်း အဲ့ဒီရုပ်ရှင်ရဲ့ အဆက် ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်နှစ်ကားလုံးဟာ အတိတ်ကာလမှာ ဇာတ်အိမ်တည်ပြီး Diana ရဲ့ origin အကြောင်းကို ပြည့်ပြည့်စုံစုံ ဖော်ပြခဲ့ပြီးပြီ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Gal Gadot ပြောသလို အခုချိန်မှာတော့ အတိတ်နဲ့ ပတ်သက်တာတွေဟာ ကောင်းကောင်းမွန်မွန် ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် Wonder Woman 3 ထဲမှာတော့ Diana ကို ပစ္စပ္ပုန်ကာလမှာ မြင်တွေ့ရဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Gal Gadot ဟာ Wonder Woman 3 ကို အေရွ႕မွာ ထြက္ထားတဲ့ ႐ုပ္ရွင္ႏွစ္ကားလိုမ်ိဴး အတိတ္မွာ ဇာတ္အိမ္မတည္ေစခ်င္ဘူး ဆိုၿပီးေတာ့ ေျပာလိုက္ပါတယ္။ ၂၀၁၇ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Wonder Woman ႐ုပ္ရွင္ကေတာ့ စီးပြားေရးအရမွာလည္း ေအာင္ျမင္ခဲ့သလို ပရိသတ္ေတြၾကားမွာလည္း ေအာင္ျမင္မႈေတြ ရရွိခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ကို ၁၉၁၈ ခုႏွစ္မွာ ဇာတ္အိမ္တည္ၿပီး ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သိပ္မၾကာခင္မွာ ထြက္ရွိလာမယ့္ Wonder Woman 1984 ကလည္း အလားတူပဲ အတိတ္မွာ ဇာတ္အိမ္တည္ထားၿပီး ၁၉၈၀ ေက်ာ္ေလာက္က စစ္ေအးကာလမွာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Wonder Woman ႐ုပ္ရွင္ေတြရဲ႕ ဒါ႐ိုက္တာျဖစ္သူ Patty Jenkins ကလည္း Wonder Woman 3 အတြက္ အႀကံေတြရွိၿပီးသားပါလို႔ ေျပာျပခဲ့ပါတယ္။

photo via screenrant

သိပ္မၾကာခင္တုန္းက ျပဳလုပ္ခဲ့တဲ့ MTV News နဲ႔ အင္တာဗ်ဴးမွာေတာ့ Gal Gadot ဟာ Wonder Woman ႐ုပ္ရွင္နဲ႔ ပတ္သက္တဲ့ အေၾကာင္းေတြကို ေဖာ္ျပခဲ့ပါတယ္။ WW84 ဟာ ၁၉၈၀ ေက်ာ္ေလာက္ အခ်ိန္ျဖစ္တာေၾကာင့္ အဲ့ဒီ႐ုပ္ရွင္ကို ႐ိုက္ကူးဖို႔အတြက္ ဘယ္လိုမ်ိဴး ျပင္ဆင္ခဲ့ရတယ္ ဆိုတာေတြကိုလည္း ေျပာျပခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေမးျမန္းသူဟာ ဒါ႐ိုက္တာ Patty Jenkins ေျပာခဲ့တဲ့ Wonder Woman 3 ဟာ ပစၥပၸဳန္မွာ ဇာတ္အိမ္တည္ႏိုင္ေခ်ရွိလား ဆိုၿပီးေတာ့ ေမးခဲ့ပါတယ္။

ဒါ့အျပင္ Wonder Woman 3 ထဲမွာ ဘယ္အခ်ိန္ကာလမွာ သ႐ုပ္ေဆာင္ခ်င္ေသးလည္း ဆိုၿပီးေတာ့ ေမးခဲ့ပါေသးတယ္။ Gal Gadot ကေတာ့ ” ပစၥပၸဳန္ပဲ ေကာင္းပါလိမ့္မယ္။ ကြၽန္မကေတာ့ Wonder Woman အေနနဲ႔ ၁၉၄၀ ေက်ာ္နဲ႔ ၁၉၆၀ ေက်ာ္အခ်ိန္ေတြကို ျပန္မသြားခ်င္ေတာ့ပါဘူး။ ကြၽန္မေတာ့ အတိတ္နဲ႔ ပတ္သက္ၿပီး ေကာင္းေကာင္းလုပ္ခဲ့ၿပီးၿပီလို႔ ခံစားရပါတယ္။ အဲ့ဒါေၾကာင့္ အခုကေတာ့ ေရွ႕ဆက္ဖို႔ အခ်ိန္တန္ပါၿပီ ” ဆိုၿပီး‌ေတာ့ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

photo via screenrant

၂၀၁၇ ခုႏွစ္တုန္းက ထြက္ခဲ့တဲ့ ႐ုပ္ရွင္ဟာ Diana ရဲ႕ origin ကို ျပသသြားတာ ျဖစ္ၿပီးေတာ့ အသစ္ထြက္လာမယ့္ sequel ကေတာ့ ထုံးစံအတိုင္း အဲ့ဒီ႐ုပ္ရွင္ရဲ႕ အဆက္ ျဖစ္ပါတယ္။ အဲ့ဒီ႐ုပ္ရွင္ႏွစ္ကားလုံးဟာ အတိတ္ကာလမွာ ဇာတ္အိမ္တည္ၿပီး Diana ရဲ႕ origin အေၾကာင္းကို ျပည့္ျပည့္စုံစုံ ေဖာ္ျပခဲ့ၿပီးၿပီ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Gal Gadot ေျပာသလို အခုခ်ိန္မွာေတာ့ အတိတ္နဲ႔ ပတ္သက္တာေတြဟာ ေကာင္းေကာင္းမြန္မြန္ ၿပီးဆုံးသြားၿပီ ျဖစ္တာေၾကာင့္ Wonder Woman 3 ထဲမွာေတာ့ Diana ကို ပစၥပၸဳန္ကာလမွာ ျမင္ေတြ႕ရဖို႔ အခ်ိန္တန္ၿပီလို႔ ထင္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular