HomeCelebs Update NewsWonder Woman ရဲ့ ရွှေရောင်ခေါင်းစွပ်ကို အိမ်မှာ အလှပြထားတဲ့ Gal Gadot

Wonder Woman ရဲ့ ရွှေရောင်ခေါင်းစွပ်ကို အိမ်မှာ အလှပြထားတဲ့ Gal Gadot

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Wonder Woman 1984 ထဲမှာ Diana ဝတ်ဆင်ခဲ့တဲ့ ရွှေရောင်ဝတ်စုံရဲ့ ခေါင်းစွပ်ကို အိမ်မှာအလှပြထားတဲ့ အကြောင်းကို Gal Gadot ဟာ အင်စတာဂရမ်ကနေ တစ်ဆင့် ဖော်ပြခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Wonder Woman ဇာတ်လမ်းရဲ့ အဆက်ဖြစ်တဲ့ Wonder Woman 1984 ဟာ ၂၀၁၉ ကတည်းက ထွက်ရှိရမှာ ဖြစ်ပေမယ့်လည်း အကြောင်းအမျိူးမျိူးနဲ့ နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။ အခုချိန်မှာတော့ ဒီဇာတ်လမ်းဟာ သိပ်မကြာခင်မှာ ရုပ်ရှင်ရုံမှာရော HBO Max မှာပါ ကြည့်ရှုလို့ရတော့မှာ ဖြစ်ပါတယ်။

photo via screenrant

Gal Gadot ဟာ အင်စတာဂရမ်ပေါ်မှာ တင်ခဲ့တဲ့ပို့စ်ထဲမှာတော့ Diana ရဲ့ ရွှေရောင်ခေါင်းစွပ်ကို မြင်တွေ့ခဲ့ရပြီး အောက်မှာလည်း Wonder Woman 1984 ဆိုတဲ့ စာတန်းပါရှိတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ” များသောအားဖြင့် ရိုက်ကွင်းပေါ်က ပစ္စည်းတွေကို အိမ်ကို ယူလာလေ့မရှိပါဘူး။ ဒါပေမယ့်လည်း ဒီတစ်ခုကတော့ ကျွန်မအတွက် အလွန်ထူးခြားတာကြောင့် အိမ်မှာအလှပြထားတာ ဖြစ်ပါတယ်။ ဒီခေါင်းစွပ်ဟာ ခွန်အား၊ အမွေအနှစ်နဲ့ မျှော်လင့်ချက်တွေကို ကိုယ်စားပြုတဲ့ သင်္ကေတတစ်ခုပါပဲ ” ဆိုပြီးတော့ caption မှာ ရေးသားခဲ့ပါတယ်။

photo via screenrant

ကောမစ်ထဲမှာလည်း အဲ့ဒီရွှေရောင်ဝတ်စုံဟာ Diana ဘဝရဲ့ အရေးကြီးတဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခဲ့ပါတယ်။ Diana ဟာ Themyscira ကို ဂုဏ်ပြုတဲ့အနေနဲ့ တိုက်ပွဲတွေ အများစုမှာ ဒီဝတ်စုံကို ဝတ်ဆင်ခဲ့ဖူးပါတယ်။ တစ်ကမ္ဘာလုံးက ပရိသတ်တွေအတွက်လည်း Diana ကို ဒီဝတ်စုံနဲ့ မြင်တွေ့ရဖို့ အကြာကြီး စောင့်နေဖို့ မလိုအပ်တော့ပါဘူး။ တချို့နိုင်ငံတွေမှာဆိုရင် အခုချိန်မှာတင် ပြသနေပြီ ဖြစ်ပြီး အမေရိကန်နိုင်ငံမှာတော့ ခရစ်စမတ်နေ့မှာ ရုပ်ရှင်ရုံမှာရော HBO Max မှာပါ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Wonder Woman 1984 ထဲမွာ Diana ဝတ္ဆင္ခဲ့တဲ့ ေ႐ႊေရာင္ဝတ္စုံရဲ႕ ေခါင္းစြပ္ကို အိမ္မွာအလွျပထားတဲ့ အေၾကာင္းကို Gal Gadot ဟာ အင္စတာဂရမ္ကေန တစ္ဆင့္ ေဖာ္ျပခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Wonder Woman ဇာတ္လမ္းရဲ႕ အဆက္ျဖစ္တဲ့ Wonder Woman 1984 ဟာ ၂၀၁၉ ကတည္းက ထြက္ရွိရမွာ ျဖစ္ေပမယ့္လည္း အေၾကာင္းအမ်ိဴးမ်ိဴးနဲ႔ ေႏွာင့္ေႏွးၾကန႔္ၾကာခဲ့ရပါတယ္။ အခုခ်ိန္မွာေတာ့ ဒီဇာတ္လမ္းဟာ သိပ္မၾကာခင္မွာ ႐ုပ္ရွင္႐ုံမွာေရာ HBO Max မွာပါ ၾကည့္ရႈလို႔ရေတာ့မွာ ျဖစ္ပါတယ္။

photo via screenrant

Gal Gadot ဟာ အင္စတာဂရမ္ေပၚမွာ တင္ခဲ့တဲ့ပို႔စ္ထဲမွာေတာ့ Diana ရဲ႕ ေ႐ႊေရာင္ေခါင္းစြပ္ကို ျမင္ေတြ႕ခဲ့ရၿပီး ေအာက္မွာလည္း Wonder Woman 1984 ဆိုတဲ့ စာတန္းပါရွိတာကို ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ ” မ်ားေသာအားျဖင့္ ႐ိုက္ကြင္းေပၚက ပစၥည္းေတြကို အိမ္ကို ယူလာေလ့မရွိပါဘူး။ ဒါေပမယ့္လည္း ဒီတစ္ခုကေတာ့ ကြၽန္မအတြက္ အလြန္ထူးျခားတာေၾကာင့္ အိမ္မွာအလွျပထားတာ ျဖစ္ပါတယ္။ ဒီေခါင္းစြပ္ဟာ ခြန္အား၊ အေမြအႏွစ္နဲ႔ ေမွ်ာ္လင့္ခ်က္ေတြကို ကိုယ္စားျပဳတဲ့ သေကၤတတစ္ခုပါပဲ ” ဆိုၿပီးေတာ့ caption မွာ ေရးသားခဲ့ပါတယ္။

photo via screenrant

ေကာမစ္ထဲမွာလည္း အဲ့ဒီေ႐ႊေရာင္ဝတ္စုံဟာ Diana ဘဝရဲ႕ အေရးႀကီးတဲ့ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ပါဝင္ခဲ့ပါတယ္။ Diana ဟာ Themyscira ကို ဂုဏ္ျပဳတဲ့အေနနဲ႔ တိုက္ပြဲေတြ အမ်ားစုမွာ ဒီဝတ္စုံကို ဝတ္ဆင္ခဲ့ဖူးပါတယ္။ တစ္ကမာၻလုံးက ပရိသတ္ေတြအတြက္လည္း Diana ကို ဒီဝတ္စုံနဲ႔ ျမင္ေတြ႕ရဖို႔ အၾကာႀကီး ေစာင့္ေနဖို႔ မလိုအပ္ေတာ့ပါဘူး။ တခ်ိဳ႕ႏိုင္ငံေတြမွာဆိုရင္ အခုခ်ိန္မွာတင္ ျပသေနၿပီ ျဖစ္ၿပီး အေမရိကန္ႏိုင္ငံမွာေတာ့ ခရစ္စမတ္ေန႔မွာ ႐ုပ္ရွင္႐ုံမွာေရာ HBO Max မွာပါ ၾကည့္ရႈႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular