HomeCelebs Update NewsInternationalတတိယမြောက် သမီးလေးကို မွေးဖွားလိုက်တဲ့ မင်းသမီးချော Gal Gadot 

တတိယမြောက် သမီးလေးကို မွေးဖွားလိုက်တဲ့ မင်းသမီးချော Gal Gadot 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Wonder Woman သရုပ်ဆောင် မင်းသမီးချော Gal Gadot ဟာ တတိယမြောက် သမီးလေးကို အောင်မြင်စွာ မွေးဖွားလိုက်ပြီ ဖြစ်ပါတယ်။ သမီးလေးရဲ့ နာမည်ကိုတော့ Daniella လို့ မှည့်ထားပါတယ်။

ဒီပျော်စရာသတင်းလေးကိုတော့ Gal က သူမရဲ့ အင်စတာဂရမ်အကောင့်မှာ ပရိသတ်တွေဆီ မျှဝေပေးထားတာပါ။ မိသားစုဓာတ်ပုံလေးထဲမှာတော့ Gal နဲ့ သူမရဲ့ ချစ်လှစွာသော ခင်ပွန်း Jaron Varsano နဲ့ ကိုးနှစ်အရွယ် သမီးကြီး Alma ၊ သုံးနှစ်အရွယ် သမီးလတ် Maya နဲ့ အသစ်တိုးလာတဲ့ သမီးအငယ်ဆုံးလေး Daniella တို့ ပါဝင်ပါတယ်။

Photo: gal_gadot/ Instagram

သူမရဲ့ ပို့စ်မှာတော့ “ကျွန်မရဲ့ ချစ်စရာ့မိသားစုလေး … အတိုင်းမသိကို ပျော်ရ၊ ဝမ်းသာရပါတယ်။ (ပင်ပန်းတာလည်း ပါတာပေါ့နော် :P) Daniella လေး ကျွန်မတို့ မိသားစုထဲကို ထပ်တိုး ဝင်ရောက်လာတဲ့အတွက် သိပ်ကိုစိတ်လှုပ်ရှားနေကြရပါတယ်။ ရှင်တို့အားလုံးလည်း ကျန်းမာရွှင်လန်းကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပေးပါတယ် … ” လို့ ရေးသားထားတာ တွေ့ရပါတယ်။

Gal ရဲ့ ခင်ပွန်းဖြစ်သူ Jaron ကလည်း ဒီသတင်းကို သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ မျှဝေပေးထားပါသေးတယ်။ “ကျုပ်တို့ သိပ်ကို ပျော်ရွှင်ဝမ်းမြောက်နေကြပါတယ်။ ကျုပ်ရဲ့ ချစ်ဇနီးကတော့ တကယ့် ရဲစွမ်းသတ္တိ၊ ဉာဏ်ပညာနဲ့ ထက်မြက် ပြည့်စုံတဲ့ ခြင်္သေ့မလေးပါပဲ။ ခင်ဗျားလေးရဲ့ စွမ်းအားတွေအတွက် သိပ်ကိုကျေးဇူးတင်ရပါတယ် … ” လို့ Jaron က သူ့ရဲ့ အကောင့်မှာ‌ ရေးသားထားပါတယ်။

Photo: gal_gadot/ Instagram

Gal နဲ့ Jaron တို့ကတော့ ၂၀၀၈ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် Jaron ဟာ Gal ကို ပိုင်ဆိုင်ထားရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်းကိုလည်း သူ့ရဲ့ အင်စတာဂရမ်မှာ မကြာခဏဆိုသလို ထုတ်ဖော်ပြသလေ့ ရှိပါတယ်။

ယခုလို ဝမ်းမြောက်စရာသတင်းကို Gal တစ်ယောက် မျှဝေပေးလိုက်တာနဲ့ တပြိုင်နက် ရုပ်ရှင်လောကသား အများအပြားဟာ သူမကို ဆုမွန်ကောင်းတွေ တောင်းပေးထားကြတာ တွေ့ရပါတယ်။

Photo: gal_gadot/ Instagram

အနုပညာလှုပ်ရှားမှုကတော့ Gal ဟာ Wonder Woman 1984 နဲ့ Zack Snyder ရဲ့ Justice League တို့မှာ ပါဝင်ထားပါတယ်။ သူမရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ကားအသစ်ကတော့ ဗြိတိန်-အမေရိကန် ဖက်စပ် ရိုက်ကူးထားတဲ့ mystery thriller ဇာတ်ကား Death on the Nile ဖြစ်ပြီး ၂၀၂၂ မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။

Glasgow

Source: indianexpress

(Zawgyi Version)

Wonder Woman သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ Gal Gadot ဟာ တတိယေျမာက္ သမီးေလးကို ေအာင္ျမင္စြာ ေမြးဖြားလိုက္ၿပီ ျဖစ္ပါတယ္။ သမီးေလးရဲ႕ နာမည္ကိုေတာ့ Daniella လို႔ မွည့္ထားပါတယ္။ ဒီေပ်ာ္စရာသတင္းေလးကိုေတာ့ Gal က သူမရဲ႕ အင္စတာဂရမ္အေကာင့္မွာ ပရိသတ္ေတြဆီ မွ်ေဝေပးထားတာပါ။

မိသားစုဓာတ္ပုံေလးထဲမွာေတာ့ Gal နဲ႔ သူမရဲ႕ ခ်စ္လွစြာေသာ ခင္ပြန္း Jaron Varsano နဲ႔ ကိုးႏွစ္အ႐ြယ္ သမီးႀကီး Alma ၊ သုံးႏွစ္အ႐ြယ္ သမီးလတ္ Maya နဲ႔ အသစ္တိုးလာတဲ့ သမီးအငယ္ဆုံးေလး Daniella တို႔ ပါဝင္ပါတယ္။

Photo: gal_gadot/ Instagram

သူမရဲ႕ ပို႔စ္မွာေတာ့ “ကြၽန္မရဲ႕ ခ်စ္စရာ့မိသားစုေလး … အတိုင္းမသိကို ေပ်ာ္ရ၊ ဝမ္းသာရပါတယ္။ (ပင္ပန္းတာလည္း ပါတာေပါ့ေနာ္ :P) Daniella ေလး ကြၽန္မတို႔ မိသားစုထဲကို ထပ္တိုး ဝင္ေရာက္လာတဲ့အတြက္ သိပ္ကိုစိတ္လႈပ္ရွားေနၾကရပါတယ္။ ရွင္တို႔အားလုံးလည္း က်န္းမာ႐ႊင္လန္းၾကပါေစလို႔ ဆုေတာင္းေမတၱာ ပို႔သေပးပါတယ္ … ” လို႔ ေရးသားထားတာ ေတြ႕ရပါတယ္။

Gal ရဲ႕ ခင္ပြန္းျဖစ္သူ Jaron ကလည္း ဒီသတင္းကို သူ႔ရဲ႕ အင္စတာဂရမ္အေကာင့္မွာ မွ်ေဝေပးထားပါေသးတယ္။ “က်ဳပ္တို႔ သိပ္ကို ေပ်ာ္႐ႊင္ဝမ္းေျမာက္ေနၾကပါတယ္။ က်ဳပ္ရဲ႕ ခ်စ္ဇနီးကေတာ့ တကယ့္ ရဲစြမ္းသတၱိ၊ ဉာဏ္ပညာနဲ႔ ထက္ျမက္ ျပည့္စုံတဲ့ ျခေသၤ့မေလးပါပဲ။ ခင္ဗ်ားေလးရဲ႕ စြမ္းအားေတြအတြက္ သိပ္ကိုေက်းဇူးတင္ရပါတယ္ … ” လို႔ Jaron က သူ႔ရဲ႕ အေကာင့္မွာ‌ ေရးသားထားပါတယ္။

Photo: gal_gadot/ Instagram

Gal နဲ႔ Jaron တို႔ကေတာ့ ၂၀၀၈ခုႏွစ္မွာ လက္ထပ္ခဲ့ၾကတာ ျဖစ္ၿပီး ေပ်ာ္႐ႊင္တဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားပါတယ္။ ဒါ့အျပင္ Jaron ဟာ Gal ကို ပိုင္ဆိုင္ထားရတဲ့အတြက္ ဂုဏ္ယူ ဝမ္းေျမာက္ေၾကာင္းကိုလည္း သူ႔ရဲ႕ အင္စတာဂရမ္မွာ မၾကာခဏဆိုသလို ထုတ္ေဖာ္ျပသေလ့ ရွိပါတယ္။

ယခုလို ဝမ္းေျမာက္စရာသတင္းကို Gal တစ္ေယာက္ မွ်ေဝေပးလိုက္တာနဲ႔ တၿပိဳင္နက္ ႐ုပ္ရွင္ေလာကသား အမ်ားအျပားဟာ သူမကို ဆုမြန္ေကာင္းေတြ ေတာင္းေပးထားၾကတာ ေတြ႕ရပါတယ္။

Photo: gal_gadot/ Instagram

အႏုပညာလႈပ္ရွားမႈကေတာ့ Gal ဟာ Wonder Woman 1984 နဲ႔ Zack Snyder ရဲ႕ Justice League တို႔မွာ ပါဝင္ထားပါတယ္။ သူမရဲ႕ အသစ္ထြက္ရွိလာမယ့္ ႐ုပ္ရွင္ကားအသစ္ကေတာ့ ၿဗိတိန္-အေမရိကန္ ဖက္စပ္ ႐ိုက္ကူးထားတဲ့ mystery thriller ဇာတ္ကား Death on the Nile ျဖစ္ၿပီး ၂၀၂၂ မွာ ႐ုံတင္ျပသမယ္လို႔ သိရပါတယ္။

Glasgow

Source: indianexpress

 

RELATED ARTICLES

Most Popular