HomeEntertainmentFilmရိုးရှင်းတဲ့အပြုံးပိုင်ရှင် Gal Gadot သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းများ

ရိုးရှင်းတဲ့အပြုံးပိုင်ရှင် Gal Gadot သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Gal Gadot ဟာ သူမရဲ့ရိုးရှင်းတဲ့အပြုံးတွေနဲ့ ပရိသတ်တွေကိုဖမ်းစားထားနိုင်တဲ့ နာမည်ကြီး မော်ဒယ်သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ရုပ်ရှင်ကားတွေအများကြီးကိုလည်း သရုပ်ဆောင်ခဲ့ဖူးပြီး Wonder Woman ဇာတ်ကောင်နေရာကို သရုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာတော့ ပိုပြီးတော့တောင် နာမည်ကြီးလာခဲ့ပါတယ်။ အဲ့ဒါကြောင့် သူမသရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ကားကောင်းတွေကို သူမရဲ့ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။

(7) Knight and Day
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (6.3) ရရှိထားပါတယ်။ June Havens လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဟာ လေယာဉ်စီးနေရင်းနဲ့ သူမဘေးခုံက လူတစ်ယောက်ကို စကားပြောနေရင်းနဲ့ အနည်းငယ်ရင်းနှီးသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီသူဟာ ပုံမှန်လူတစ်ယောက်မဟုတ်ဘဲနဲ့ နောက်ပိုင်းမှာတော့ သူ့ရဲ့စွန့်စားခန်းတွေထဲမှာ သူမကပါရောပြီးပါဝင်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမဟာ သူ့ကိုချစ်ကြိုက်မိသွားပြီးတော့ လူကောင်းဟုတ်မဟုတ်ဆိုတာကို အကဲခတ်ရပါတော့တယ်။

(6) Triple 9
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၆ ခုနှစ်တုန်းက ထွက်ခဲ့တာဖြစ်ပြီး IMDb (6.3) ရထားပါတယ်။ ရာဇဝတ်သားတစ်စုနဲ့ အကျင့်ပျက်နေတဲ့ရဲတစ်ချို့ဟာ ပူးပေါင်းပြီးတော့ ဓားပြတိုက်မှုကို ကျူးလွန်ဖို့အတွက် စီစဉ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ခြားရဲအရာရှိတစ်ယောက်ဟာ သူတို့ရဲ့လမ်းကို ပိတ်နေတာကြောင့် အဲ့ဒီရဲအရာရှိကို သတ်ပစ်ဖို့အတွက် ကြိုးစားနေခဲ့ပါတယ်။ ဒီကားထဲမှာတော့ Gal Gadot ဟာ အဓိကဇာတ်ကောင်တစ်ယောက်အနေနဲ့ မပါဝင်ခဲ့ပေမယ့်လည်း အက်ရှင်ကားကောင်းတစ်ကား ဖြစ်တာကြောင့် ထည့်သွင်းထားပါတယ်။

(5) Date Night
photo via screenrant

ဒီကားကလည်း ၂၀၁၀ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (6.3) ရထားပါတယ်။ လက်ထပ်ပြီးသား ဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အရင်တုန်းကလိုမျိုး ပြန်ပြီးအဆင်ပြေချင်တာကြောင့် ညတစ်ညကို စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ဒိတ်တစ်ခုအဖြစ် ပြုလုပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်ဒိတ်ဟာ သူတို့ထင်ထားတာထက်ပိုပြီးတော့ စိတ်လှုပ်ရှားမှုတွေကို ကြုံလာရတဲ့အပြင် သူတို့နှစ်ယောက်လုံးအတွက်ပါ အန္တရာယ်ရှိလာတဲ့အခါမှာတော့….။

(4) Fast Five
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ထားပြီး IMDb (7.3) ရထားပါတယ်။ Dominic Toretto နဲ့သူ့ရဲ့အဖွဲ့သားတွေဟာ သူတို့ရဲ့လွတ်လပ်မှုတွေကို ပြန်ပြီးရနိုင်ဖို့အတွက် အရမ်းကိုကြီးမားတဲ့ ဓားပြမှုတစ်ခုကို ကျူးလွန်ဖို့အတွက် စီစဉ်ကြပါတော့တယ်။ Fast and Furious ရဲ့ငါးမြောက်ဇာတ်ကားဖြစ်ပြီးတော့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကားထဲမှာတော့ သူမဟာ အခန်းအနည်းငယ်လောက်ပဲပါဝင်ခဲ့ပါတယ်။

(3) Fast and furious 6
photo via screenrant

ဒီကားကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.1) ရထားပါတယ်။ ဒီကားဟာ ခြောက်မြောက်ဇာတ်ကားဖြစ်ပြီးတော့ Gal Gadot သရုပ်ဆောင်ခဲ့တဲ့ နောက်ဆုံး Fast and Furious ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Hobbs ဟာရာဇဝတ်ကောင်တစ်ယောက်ကို လိုက်လံဖမ်းဆီးဖို့အတွက် တာဝန်ရှိလာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတစ်ယောက်တည်းဆိုရင် မဖြစ်နိုင်တာကြောင့် သူဟာ Dominic Toretto နဲ့သူ့ရဲ့အဖွဲ့သားတွေကို အကူအညီတောင်းရပါတော့တယ်။

(2) Ralph Breaks The Internet
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.1) ရရှိခဲ့ပါတယ်။ Ralph နဲ့ Vanellope တို့ဟာ သူငယ်ချင်းတွေဖြစ်သွားကြပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ဟာ wi-fi လမ်းကြောင်းကိုရှာတွေ့သွားပြီးတော့ နောက်ထပ်စွန့်စားခန်းတွေအများကြီးကို ကြုံတွေ့ရပါတော့တယ်။ Gal Gadot ကတော့ ဒီထဲမှာအသံသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။

(1) Wonder Woman
photo via screenrant

ဒီကားကတော့ ၂၀၁၇ ခုနှစ်ကထွက်ခဲ့ပြီးတော့ IMDb (7.4) ရထားပါတယ်။ အမျိုးသမီးတွေပဲနေထိုင်တဲ့ကျွန်းတစ်ခုပေါ်ကို လေယာဉ်တစ်စီးဟာ ပျက်ကျသွားတာကို မင်းသမီး Diana ကမြင်လိုက်ရတာကြောင့် အဲ့ဒီလေယာဉ်မှုးကို ကယ်တင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲ့ဒီလေယာဉ်မှုးဟာ အပြင်လောကကြီးမှာ စစ်ဖြစ်နေတဲ့အကြောင်းကို ပြောပြခဲ့တာကြောင့် သူမဟာ အပြင်လောကကြီးကိုထွက်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Gal Gadot ဟာ သူမရဲ႕႐ိုးရွင္းတဲ့အၿပဳံးေတြနဲ႔ ပရိသတ္ေတြကိုဖမ္းစားထားႏိုင္တဲ့ နာမည္ႀကီး ေမာ္ဒယ္သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ပါတယ္။ သူမဟာ ႐ုပ္ရွင္ကားေတြအမ်ားႀကီးကိုလည္း သ႐ုပ္ေဆာင္ခဲ့ဖူးၿပီး Wonder Woman ဇာတ္ေကာင္ေနရာကို သ႐ုပ္ေဆာင္ခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ပိုၿပီးေတာ့ေတာင္ နာမည္ႀကီးလာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ သူမသ႐ုပ္ေဆာင္ခဲ့ဖူးတဲ့ ဇာတ္ကားေကာင္းေတြကို သူမရဲ႕ပရိသတ္ေတြအတြက္ ေဖာ္ျပေပးခ်င္ပါတယ္။

(7) Knight and Day
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၀ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (6.3) ရရွိထားပါတယ္။ June Havens လို႔ေခၚတဲ့အမ်ိဳးသမီးတစ္ေယာက္ဟာ ေလယာဥ္စီးေနရင္းနဲ႔ သူမေဘးခုံက လူတစ္ေယာက္ကို စကားေျပာေနရင္းနဲ႔ အနည္းငယ္ရင္းႏွီးသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီသူဟာ ပုံမွန္လူတစ္ေယာက္မဟုတ္ဘဲနဲ႔ ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕စြန႔္စားခန္းေတြထဲမွာ သူမကပါေရာၿပီးပါဝင္သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း သူမဟာ သူ႔ကိုခ်စ္ႀကိဳက္မိသြားၿပီးေတာ့ လူေကာင္းဟုတ္မဟုတ္ဆိုတာကို အကဲခတ္ရပါေတာ့တယ္။

(6) Triple 9
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၆ ခုႏွစ္တုန္းက ထြက္ခဲ့တာျဖစ္ၿပီး IMDb (6.3) ရထားပါတယ္။ ရာဇဝတ္သားတစ္စုနဲ႔ အက်င့္ပ်က္ေနတဲ့ရဲတစ္ခ်ိဳ႕ဟာ ပူးေပါင္းၿပီးေတာ့ ဓားျပတိုက္မႈကို က်ဴးလြန္ဖို႔အတြက္ စီစဥ္ေနခဲ့ပါတယ္။ ဒါေပမယ့္လည္း တစ္ျခားရဲအရာရွိတစ္ေယာက္ဟာ သူတို႔ရဲ႕လမ္းကို ပိတ္ေနတာေၾကာင့္ အဲ့ဒီရဲအရာရွိကို သတ္ပစ္ဖို႔အတြက္ ႀကိဳးစားေနခဲ့ပါတယ္။ ဒီကားထဲမွာေတာ့ Gal Gadot ဟာ အဓိကဇာတ္ေကာင္တစ္ေယာက္အေနနဲ႔ မပါဝင္ခဲ့ေပမယ့္လည္း အက္ရွင္ကားေကာင္းတစ္ကား ျဖစ္တာေၾကာင့္ ထည့္သြင္းထားပါတယ္။

(5) Date Night
photo via screenrant

ဒီကားကလည္း ၂၀၁၀ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (6.3) ရထားပါတယ္။ လက္ထပ္ၿပီးသား ဇနီးေမာင္ႏွံႏွစ္ေယာက္ဟာ သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးကို အရင္တုန္းကလိုမ်ိဳး ျပန္ၿပီးအဆင္ေျပခ်င္တာေၾကာင့္ ညတစ္ညကို စိတ္ဝင္စားစရာေတြနဲ႔ ျပည့္ႏွက္ေနတဲ့ဒိတ္တစ္ခုအျဖစ္ ျပဳလုပ္ဖို႔ စီစဥ္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း သူတို႔ႏွစ္ေယာက္ဒိတ္ဟာ သူတို႔ထင္ထားတာထက္ပိုၿပီးေတာ့ စိတ္လႈပ္ရွားမႈေတြကို ႀကဳံလာရတဲ့အျပင္ သူတို႔ႏွစ္ေယာက္လုံးအတြက္ပါ အႏၲရာယ္ရွိလာတဲ့အခါမွာေတာ့….။

(4) Fast Five
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၁ ခုႏွစ္မွာ ထြက္ထားၿပီး IMDb (7.3) ရထားပါတယ္။ Dominic Toretto နဲ႔သူ႔ရဲ႕အဖြဲ႕သားေတြဟာ သူတို႔ရဲ႕လြတ္လပ္မႈေတြကို ျပန္ၿပီးရႏိုင္ဖို႔အတြက္ အရမ္းကိုႀကီးမားတဲ့ ဓားျပမႈတစ္ခုကို က်ဴးလြန္ဖို႔အတြက္ စီစဥ္ၾကပါေတာ့တယ္။ Fast and Furious ရဲ႕ငါးေျမာက္ဇာတ္ကားျဖစ္ၿပီးေတာ့ စိတ္ဝင္တစားနဲ႔ ၾကည့္ရႈရမယ့္ဇာတ္ကားတစ္ကားျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီကားထဲမွာေတာ့ သူမဟာ အခန္းအနည္းငယ္ေလာက္ပဲပါဝင္ခဲ့ပါတယ္။

(3) Fast and furious 6
photo via screenrant

ဒီကားကေတာ့ ၂၀၁၃ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.1) ရထားပါတယ္။ ဒီကားဟာ ေျခာက္ေျမာက္ဇာတ္ကားျဖစ္ၿပီးေတာ့ Gal Gadot သ႐ုပ္ေဆာင္ခဲ့တဲ့ ေနာက္ဆုံး Fast and Furious ဇာတ္လမ္းပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Hobbs ဟာရာဇဝတ္ေကာင္တစ္ေယာက္ကို လိုက္လံဖမ္းဆီးဖို႔အတြက္ တာဝန္ရွိလာခဲ့ပါတယ္။ ဒါေပမယ့္လည္း သူတစ္ေယာက္တည္းဆိုရင္ မျဖစ္ႏိုင္တာေၾကာင့္ သူဟာ Dominic Toretto နဲ႔သူ႔ရဲ႕အဖြဲ႕သားေတြကို အကူအညီေတာင္းရပါေတာ့တယ္။

(2) Ralph Breaks The Internet
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.1) ရရွိခဲ့ပါတယ္။ Ralph နဲ႔ Vanellope တို႔ဟာ သူငယ္ခ်င္းေတြျဖစ္သြားၾကၿပီးတဲ့ေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ wi-fi လမ္းေၾကာင္းကိုရွာေတြ႕သြားၿပီးေတာ့ ေနာက္ထပ္စြန႔္စားခန္းေတြအမ်ားႀကီးကို ႀကဳံေတြ႕ရပါေတာ့တယ္။ Gal Gadot ကေတာ့ ဒီထဲမွာအသံသ႐ုပ္ေဆာင္အေနနဲ႔ ပါဝင္ထားပါတယ္။

(1) Wonder Woman
photo via screenrant

ဒီကားကေတာ့ ၂၀၁၇ ခုႏွစ္ကထြက္ခဲ့ၿပီးေတာ့ IMDb (7.4) ရထားပါတယ္။ အမ်ိဳးသမီးေတြပဲေနထိုင္တဲ့ကြၽန္းတစ္ခုေပၚကို ေလယာဥ္တစ္စီးဟာ ပ်က္က်သြားတာကို မင္းသမီး Diana ကျမင္လိုက္ရတာေၾကာင့္ အဲ့ဒီေလယာဥ္မႈးကို ကယ္တင္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အဲ့ဒီေလယာဥ္မႈးဟာ အျပင္ေလာကႀကီးမွာ စစ္ျဖစ္ေနတဲ့အေၾကာင္းကို ေျပာျပခဲ့တာေၾကာင့္ သူမဟာ အျပင္ေလာကႀကီးကိုထြက္ဖို႔အတြက္ ဆုံးျဖတ္ခ်က္ခ်လိုက္ပါေတာ့တယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular