HomeEntertainmentFilmကိုဗစ်ကာလအတွင်း လူကြည့်အများဆုံးရှိုးတွေထဲမှာ Game of Thrones က ဦးဆောင်နေ

ကိုဗစ်ကာလအတွင်း လူကြည့်အများဆုံးရှိုးတွေထဲမှာ Game of Thrones က ဦးဆောင်နေ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

HBO ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ နာမည်ကျော် စိတ်ကူးယဉ် ဒရာမာစီးရီးတစ်ခုဖြစ်တဲ့ Game of Thrones ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လော့ခ်ဒေါင်းကျနေရတဲ့ လတွေအတွင်းမှာ ကမ္ဘာ့လူကြည့်အများဆုံး တီဗွီရှိုးအဖြစ် ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Parrot Analytics က ထုတ်ပြန်တဲ့ ဒေတာအချက်အလက်တွေအရ Season (၈)ခု ပါဝင်တဲ့ Game of Thrones စီးရီးဟာ ကိုဗစ်ကာလအတွင်း အခြားလူကြိုက်များတဲ့ စီးရီးတွေကို ကျော်တက်ပြီး လူကြည့်အများဆုံး နံပါတ်(၁)နေရာကို ရရှိခဲ့တယ်လို့ သိရပါတယ်။ စာရေးဆရာကြီး George R.R. Martin ရဲ့ A Song of Ice And Fire ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ HBO ရဲ့ Game of Thrones ဇာတ်လမ်းတွဲဟာ Adult Swim က ထုတ်လွှင့်တဲ့ Sci-Fi animated စီးရီး Rick and Morty နဲ့ Hulu က ထုတ်လွှင့်တဲ့ My Hero Academia တို့ကို ကျော်တက်ကာ နံပါတ်(၁) လူကြည့်အများဆုံး စီးရီး ဖြစ်သွားတာပါ။

Photo via imdb

ကိုဗစ်ကာလအတွင်း ကမ္ဘာ့လူကြည့်အများဆုံး စီးရီး(၁၀)ခုစာရင်းမှာ AMC ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ ဇွန်ဘီစီးရီး The Walking Dead ၊ Disney Plus က ထုတ်လွှင့်တဲ့ Star Wars စီးရီး The Mandalorain ၊ CW က ထုတ်လွှင့်တဲ့ The Flash နဲ့ DC Universe streaming service က ထုတ်လွှင့်တဲ့ Harley Quinn animated စီးရီးတွေလည်း ပါဝင်ပါတယ်။

ကိုဗစ်ကာလအတွင်း ကမ္ဘာတစ်ဝန်း လူကြည့်အများဆုံး ဖြစ်ခဲ့တဲ့ စီးရီး(၁၀)ခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Game of Thrones ဇာတ်လမ်းတွဲကတော့ ကိုဗစ်မဖြစ်ခင် ဟိုးအရင်တည်းက အုန်းအုန်းကျွတ်ကျွတ် လူကြိုက်များ၊ အားပေးခဲ့ကြတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး လူကြည့်အများဆုံး ရှိုးတွေထဲမှာလည်း ထိပ်ဆုံးနေရာကနေ အမြဲပါဝင်ခဲ့ပါတယ်။ Game of Thrones ကို အားပေးသူတွေထဲမှာ ကမ္ဘာကျော်ဆယ်လီတွေကအစ အမြောက်အများ တခဲနက်အားပေးခဲ့ကြတာဖြစ်ပြီး ပြီးခဲ့နှစ်က နောက်ဆုံး season နဲ့ ဇာတ်သိမ်းသွားခဲ့ပေမယ့် ယခုထက်ထိ လူကြိုက်များ၊ အားပေးခံနေရဆဲ ဖြစ်ပါတယ်။

Photo via imdb

သို့ပေမယ့် နောက်ဆုံး season ရဲ့ လောကြီးတဲ့ ဇာတ်သိမ်းပုံစံကိုတော့ ပရိသတ်တွေက အားမရခဲ့ဘဲ ဝေဖန်သံတွေ ဆူညံခဲ့ပြီး ပြန်လည်ရိုက်ကူးပေးဖို့ လူပေါင်း(၁.၈)သန်းကျော်က လက်မှတ်ထိုးပြီး တောင်းဆိုတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း Game of Thrones universe ကို နှစ်သက်ကြတဲ့ ပရိသတ်များအတွက် House of the Dragon လို့ အမည်ပေးထားတဲ့ prequel စီးရီးတစ်ခုကို HBO က ထပ်မံထုတ်လုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

LaNina

Source: indianexpress

(Zawgyi Version)

HBO ႐ုပ္သံလိုင္းက ထုတ္လႊင့္ခဲ့တဲ့ နာမည္ေက်ာ္ စိတ္ကူးယဥ္ ဒရာမာစီးရီးတစ္ခုျဖစ္တဲ့ Game of Thrones ဟာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေလာ့ခ္ေဒါင္းက်ေနရတဲ့ လေတြအတြင္းမွာ ကမာၻ႔လူၾကည့္အမ်ားဆုံး တီဗြီရႈိးအျဖစ္ ထိပ္ဆုံးက ရပ္တည္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

Parrot Analytics က ထုတ္ျပန္တဲ့ ေဒတာအခ်က္အလက္ေတြအရ Season (၈)ခု ပါဝင္တဲ့ Game of Thrones စီးရီးဟာ ကိုဗစ္ကာလအတြင္း အျခားလူႀကိဳက္မ်ားတဲ့ စီးရီးေတြကို ေက်ာ္တက္ၿပီး လူၾကည့္အမ်ားဆုံး နံပါတ္(၁)ေနရာကို ရရွိခဲ့တယ္လို႔ သိရပါတယ္။ စာေရးဆရာႀကီး George R.R. Martin ရဲ႕ A Song of Ice And Fire ဝတၳဳကို အေျခခံ႐ိုက္ကူးထားတဲ့ HBO ရဲ႕ Game of Thrones ဇာတ္လမ္းတြဲဟာ Adult Swim က ထုတ္လႊင့္တဲ့ Sci-Fi animated စီးရီး Rick and Morty နဲ႔ Hulu က ထုတ္လႊင့္တဲ့ My Hero Academia တို႔ကို ေက်ာ္တက္ကာ နံပါတ္(၁) လူၾကည့္အမ်ားဆုံး စီးရီး ျဖစ္သြားတာပါ။

Photo via imdb

ကိုဗစ္ကာလအတြင္း ကမာၻ႔လူၾကည့္အမ်ားဆုံး စီးရီး(၁၀)ခုစာရင္းမွာ AMC ႐ုပ္သံလိုင္းက ထုတ္လႊင့္တဲ့ ဇြန္ဘီစီးရီး The Walking Dead ၊ Disney Plus က ထုတ္လႊင့္တဲ့ Star Wars စီးရီး The Mandalorain ၊ CW က ထုတ္လႊင့္တဲ့ The Flash နဲ႔ DC Universe streaming service က ထုတ္လႊင့္တဲ့ Harley Quinn animated စီးရီးေတြလည္း ပါဝင္ပါတယ္။

ကိုဗစ္ကာလအတြင္း ကမာၻတစ္ဝန္း လူၾကည့္အမ်ားဆုံး ျဖစ္ခဲ့တဲ့ စီးရီး(၁၀)ခုကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

Game of Thrones ဇာတ္လမ္းတြဲကေတာ့ ကိုဗစ္မျဖစ္ခင္ ဟိုးအရင္တည္းက အုန္းအုန္းကြၽတ္ကြၽတ္ လူႀကိဳက္မ်ား၊ အားေပးခဲ့ၾကတဲ့ ဇာတ္လမ္းတြဲျဖစ္ၿပီး လူၾကည့္အမ်ားဆုံး ရႈိးေတြထဲမွာလည္း ထိပ္ဆုံးေနရာကေန အၿမဲပါဝင္ခဲ့ပါတယ္။ Game of Thrones ကို အားေပးသူေတြထဲမွာ ကမာၻေက်ာ္ဆယ္လီေတြကအစ အေျမာက္အမ်ား တခဲနက္အားေပးခဲ့ၾကတာျဖစ္ၿပီး ၿပီးခဲ့ႏွစ္က ေနာက္ဆုံး season နဲ႔ ဇာတ္သိမ္းသြားခဲ့ေပမယ့္ ယခုထက္ထိ လူႀကိဳက္မ်ား၊ အားေပးခံေနရဆဲ ျဖစ္ပါတယ္။

Photo via imdb

သို႔ေပမယ့္ ေနာက္ဆုံး season ရဲ႕ ေလာႀကီးတဲ့ ဇာတ္သိမ္းပုံစံကိုေတာ့ ပရိသတ္ေတြက အားမရခဲ့ဘဲ ေဝဖန္သံေတြ ဆူညံခဲ့ၿပီး ျပန္လည္႐ိုက္ကူးေပးဖို႔ လူေပါင္း(၁.၈)သန္းေက်ာ္က လက္မွတ္ထိုးၿပီး ေတာင္းဆိုတဲ့အထိ ျဖစ္ခဲ့ရပါတယ္။ ဒါေၾကာင့္လည္း Game of Thrones universe ကို ႏွစ္သက္ၾကတဲ့ ပရိသတ္မ်ားအတြက္ House of the Dragon လို႔ အမည္ေပးထားတဲ့ prequel စီးရီးတစ္ခုကို HBO က ထပ္မံထုတ္လုပ္ဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

LaNina

Source: indianexpress

RELATED ARTICLES

Most Popular