HomeEntertainmentFilmGame of Thrones ထဲမှာ White Walkers တွေဟာ စတေးခံရတဲ့ ကလေးတွေကို ဘာလုပ်ခဲ့လဲ?

Game of Thrones ထဲမှာ White Walkers တွေဟာ စတေးခံရတဲ့ ကလေးတွေကို ဘာလုပ်ခဲ့လဲ?

Game of Thrones ဇာတ်လမ်းတွဲကတော့ စာရေးဆရာကြီး George R.R. Martin ရဲ့ A Song of Ice and Fire ဝတ္ထုကို ပြန်လည်ဖန်တီးထားတဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ကမ္ဘာတစ်ဝန်းလုံးမှာ အောင်မြင်မှုတွေ ရရှိခဲ့ပြီး မသေခင်မှာ ကြည့်ရှုသွားသင့်တဲ့ ဇာတ်လမ်းတွဲတစ်ခု ဆိုရင်လည်း မမှားပါဘူး။ ဒီဇာတ်လမ်းတွဲရဲ့ Plot ကတော့ အလွန်ကျယ်ပြန့်ပြီး ပရိသတ်တွေအတွက် ယခုအချိန်ထိ အဖြေမရသေးတဲ့ မေးခွန်းတွေလည်း များစွာရှိနေပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲထဲက တစ်နေရာမှာတော့ ရေခဲနံရံကြီးရဲ့ အပြင်ဘက်မှာ နေထိုင်တဲ့ Craster ဟာ သူ့ရဲ့သားတွေ အားလုံးကို စတေးတဲ့အနေနဲ့ White Walker တွေကို ပေးပစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Craster ဟာ White Walker တွေရဲ့ တိုက်ခိုက်ခြင်းကို မခံရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မေးစရာ ရှိလာတာကတော့ White Walker တွေဟာ ဒီကလေးတွေကို ဘာလုပ်ပစ်ကြလည်း ဆိုတာပဲ ဖြစ်ပါတယ်။

အဖြေကတော့ Night King ဟာ Craster ရဲ့ ကလေးတွေကို White Walker အဖြစ် ပြောင်းလဲပစ်တာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ Night King အပါအဝင် White Walker တွေဟာ Craster တွေရဲ့ ကလေးတွေကို White Walker အဖြစ် ပြောင်းလဲပစ်ခြင်းအားဖြင့် သူတို့အတွက် တစ်ခုတည်းသော မျိူးပွားနည်း ဖြစ်နေလို့ပါပဲ။ ယခုလိုမျိူး ကလေးငယ်တွေကို အသုံးပြုရတာကတော့ ကလေးတွေဟာ သူတို့လိုချင်တဲ့ ပုံစံအတိုင်း ပုံသွင်းဖို့ လွယ်ကူတာကြောင့်ပဲ ဖြစ်ပါတယ်။

photo via screenrant

ယခုအခါမှာတော့ Game of Thrones ဇာတ်လမ်းတွဲဟာ ပြီးဆုံးသွားပြီ ဖြစ်ပေမယ့်လည်း ဒီဇာတ်လမ်းတွဲရဲ့ Prequel ဖြစ်တဲ့ House of Dragon ကတော့ ထပ်မံ ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Targaryen အိမ်တော်ရဲ့အကြောင်းကို မြင်တွေ့ရမှာ ဖြစ်တာကြောင့် ဇာတ်လမ်းတွဲရဲ့ နာမည်အတိုင်းပဲ နဂါးတွေလည်း ထပ်မံ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာရော White Walker တွေကို မြင်တွေ့ရဦးမလား ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular