HomeCelebs Update NewsInternationalမကြာခင် သရုပ်ဆောင်လောကမှ အနားယူတော့မယ်ဆိုတဲ့ Gary Oldman

မကြာခင် သရုပ်ဆောင်လောကမှ အနားယူတော့မယ်ဆိုတဲ့ Gary Oldman

အော်စကာ ရရှိထားတဲ့ နာမည်ကြီး သရုပ်ဆောင် Gary Oldman ကတော့ သရုပ်ဆောင်လောက,ကနေ မကြာခင်မှာ အနားယူသွားတော့မယ်လို့ ဆိုပါတယ်။ Gary Oldman ကတော့ ယခုအချိန်မှာ အသက်(၆၄)နှစ် ရှိနေပြီ ဖြစ်ပြီး ဟောလိဝုဒ်ရဲ့ အကောင်းဆုံး သရုပ်ဆောင်စာရင်းဝင် တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ အချက်ကတော့ မတူညီတဲ့ ဇာတ်ကောင်တွေများစွာမှာ သရုပ်ဆောင်ခဲ့ရုံတင် မဟုတ်ဘဲ ဇာတ်ကောင်ပေါ် မူတည်ပြီး သူ့ရဲ့ပုံစံသွင်ပြင်ကိုပါ မမှတ်မိလောက်အောင် ပြောင်းလဲတတ်တာပဲ ဖြစ်ပါတယ်။

photo via screenrant

Gary ဟာ Harry Potter franchise ထဲမှာလည်း Sirius Black နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး Potterhead တွေအတွက်တော့ မေ့မရတဲ့ ဇာတ်ကောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ၁၉၈၀ ကျော်ကတည်းက အောင်မြင်လာခဲ့တာ ဖြစ်ပြီး Christopher Nolan ရဲ့ Batman Trilogy ထဲမှာလည်း ရဲမှူး Jim Gordon နေရာက ပါဝင်ထားပါတယ်။

Deadline သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Gary ဟာ Apple TV က ထုတ်လွှင့်ပြသနေတဲ့ Slow Horses ဇာတ်လမ်းတွဲအကြောင်း ပြောဆိုနေရင်း အနားယူမယ့်ကိစ္စကိုပါ ပြောသွားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ သူဟာ Jackson Lamp ဆိုတဲ့ ဇာတ်ကောင်နေရာမှာ ပါဝင်ထားပါတယ်။

“Jackson နေရာမှာ နောက်ထပ် ဘယ်နှနှစ်လောက် သရုပ်ဆောင်သွားရဦးမလည်းဆိုတာ ကျွန်တော် သိပါတယ်။ ဒီဇာတ်ကောင်ကလည်း Iconic ဖြစ်ပြီးသား ဆိုပေမယ့် ပရိသတ်တွေက ဘယ်လို တုံ့ပြန်မလည်းဆိုတာက ပိုအရေးကြီးပါတယ်။ အကယ်၍ ဒီဇာတ်ကောင်နေရာမှာ မပါဝင်ရတော့ဘူး ဆိုရင်တော့ ကျွန်တော့်အတွက် အနားယူဖို့ နီးကပ်လာပါပြီ …”

photo via screenrant

Gary ဟာ ဘယ်အချိန်မှာ အနားယူသွားမယ်ဆိုတာ အတိအကျ မပြောသွားပေမယ့်လည်း ဒီသတင်းဟာ ဟောလိဝုဒ် ရုပ်ရှင်လောကအတွက်တော့ နစ်နာမှုတစ်ခုပဲ ဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Gary သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တစ်ယောက်နဲ့ တစ်ယောက်ဟာ လုံးဝတူညီမှုမရှိသလို သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဍာန်ကလည်း မမှတ်မိလောက်အောင် ပြောင်းလဲနိုင်သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Gary နောက်ဆုံး ပါဝင်ထားတဲ့ Slow Horses ဇာတ်လမ်းတွဲကို Apple TV က ပြသနေပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular