HomeCelebs Update NewsInternationalရိုက်ကူးရေးနားထားချိန် စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ Gaten Matarazzo 

ရိုက်ကူးရေးနားထားချိန် စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ Gaten Matarazzo 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Stranger Things စီးရီးထဲက ဆယ်ကျော်သက် သရုပ်ဆောင် Gaten Matarazzo ဟာ ရိုက်ကူးရေး‌တွေ ရပ်နားထားရပေမယ့် အအားမနေဘဲ နွေရာသီအချိန်ပိုင်းအလုပ်တွေနဲ့ အလုပ်ရှုပ်နေပါတယ်။ အပြင်ဘဝမှာတော့ Gaten ဟာ Hawkins မြို့က demogorgon တွေကို နှိမ်နင်းရတဲ့ အလုပ်နဲ့ မဆိုင်ဘဲ နယူးဂျာဆီပြည်နယ်က စားသောက်ဆိုင်တစ်ခုမှာ စားသုံးသူတွေကို ဝန်ဆောင်မှုပေးရတဲ့အလုပ်ကို လုပ်ကိုင်နေပါတယ်။

အသက်(၁၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင် Gaten Matarazzo ဟာ Long Beach Island က စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေတာ ဖြစ်ပြီး သူ့မိသားစုထဲက မိသားစုဝင်အချို့လည်း အတူတူ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကိုတော့ Gaten ရဲ့ ကိုယ်စားလှယ်ဖြစ်သူက Hollywood Reporter သတင်းဌာနကို အတည်ပြု ပြောကြားပေးထားတာ ဖြစ်ပါတယ်။

Photo: gatenm123/ Instagram

Gaten ဟာ Netflix ရ‌ဲ့ နာမည်ကျော် လူကြိုက်များတဲ့ Stranger Things စီးရီးထဲမှာ Dustin Henderson ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုဗစ်ကာလမှာ face shield နဲ့ mask တွေ တပ်ထားပေမယ့် ဆိုင်ကို လာစားတဲ့ စားသုံးသူတွေဟာ Gaten ကို တန်းပြီး မှတ်မိကြတယ်လို့ ဆိုထားပါသေးတယ်။

Stranger Things စီးရီးဟာ season 4 ရိုက်ကူးနေဆဲ ဖြစ်ပေမယ့် ကိုဗစ်ကြောင့် ရိုက်ကူးရေးတွေအားလုံး နားထားရပါတယ်။ Stranger Things သရုပ်ဆောင်တွေအားလုံးဟာ ပြီးခဲ့တဲ့ မတ်လတုန်းက season 4 အတွက် ပထမဆုံး ဇာတ်ညွှန်းဖတ်ပွဲကို တက်ရောက်ခဲ့ကြပါသေးတယ်။ သို့ပေမယ့် အဲ့ဒီ့နောက် ရက်သတ္တပတ်အနည်းငယ် အတွင်းမှာပဲ ကိုဗစ်က ဆိုးဆိုးရွားရွား‌ ခေါင်းထောင်လာတဲ့အတွက် ရိုက်ကူးရေးအားလုံး ရပ်နားပစ်လိုက်ရတာ ဖြစ်ပါတယ်။

Photo: gatenm123/ Instagram

မူလက ယခုနှစ်နှောင်းပိုင်းမှာ ထွက်ရှိဖို့ လျာထားတဲ့ Stranger Things Season 4 ဟာ ယခုလို ရိုက်ကူးရေးတွေ ရပ်နားထားရတဲ့အတွက် ဘယ်အချိန်မှာမှ ထွက်ရှိနိုင်မယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Stranger Things မှာ ပါဝင်သရုပ်ဆောင်ပြီး အပိုင်းတစ်ပိုင်းကို သရုပ်ဆောင်ခ ဒေါ်လာနှစ်သိန်းခွဲခန့် ရရှိထားတဲ့ Gaten ဟာ အခုဆိုရင် ခန့်မှန်းချေ ဒေါ်လာလေးသန်းခန့် ကြွယ်ဝမှု ရှိနေပြီ ဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ သန်းကြွယ်သူဌေးဖြစ်နေတဲ့ Gaten ဟာ ကပ်ရောဂါတွေ ဖြစ်နေပေမယ့် အတွေ့အကြုံရဖို့ နွေရာသီမှာ အချိန်ပိုင်းအလုပ် လုပ်နေတာဟာ အခြားလူငယ်တွေအတွက်လည်း အတုယူစရာပါပဲလို့ ဆိုရင်း … ။

Glasgow

Source: people

(Zawgyi Version)

Stranger Things စီးရီးထဲက ဆယ္ေက်ာ္သက္ သ႐ုပ္ေဆာင္ Gaten Matarazzo ဟာ ႐ိုက္ကူးေရး‌ေတြ ရပ္နားထားရေပမယ့္ အအားမေနဘဲ ေႏြရာသီအခ်ိန္ပိုင္းအလုပ္ေတြနဲ႔ အလုပ္ရႈပ္ေနပါတယ္။ အျပင္ဘဝမွာေတာ့ Gaten ဟာ Hawkins ၿမိဳ႕က demogorgon ေတြကို ႏွိမ္နင္းရတဲ့ အလုပ္နဲ႔ မဆိုင္ဘဲ နယူးဂ်ာဆီျပည္နယ္က စားေသာက္ဆိုင္တစ္ခုမွာ စားသုံးသူေတြကို ဝန္ေဆာင္မႈေပးရတဲ့အလုပ္ကို လုပ္ကိုင္ေနပါတယ္။

အသက္(၁၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ သ႐ုပ္ေဆာင္ Gaten Matarazzo ဟာ Long Beach Island က စားေသာက္ဆိုင္တစ္ခုမွာ အလုပ္လုပ္ေနတာ ျဖစ္ၿပီး သူ႔မိသားစုထဲက မိသားစုဝင္အခ်ိဳ႕လည္း အတူတူ လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။ ဒီသတင္းကိုေတာ့ Gaten ရဲ႕ ကိုယ္စားလွယ္ျဖစ္သူက Hollywood Reporter သတင္းဌာနကို အတည္ျပဳ ေျပာၾကားေပးထားတာ ျဖစ္ပါတယ္။

Photo: gatenm123/ Instagram

Gaten ဟာ Netflix ရ‌ဲ့ နာမည္ေက်ာ္ လူႀကိဳက္မ်ားတဲ့ Stranger Things စီးရီးထဲမွာ Dustin Henderson ဆိုတဲ့ ဇာတ္ေကာင္ေနရာကေန ပါဝင္သ႐ုပ္ေဆာင္ထားတာျဖစ္ၿပီး ပရိသတ္ရဲ႕ ခ်စ္ခင္အားေပးမႈကို ရရွိေနသူလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ကိုဗစ္ကာလမွာ face shield နဲ႔ mask ေတြ တပ္ထားေပမယ့္ ဆိုင္ကို လာစားတဲ့ စားသုံးသူေတြဟာ Gaten ကို တန္းၿပီး မွတ္မိၾကတယ္လို႔ ဆိုထားပါေသးတယ္။

Stranger Things စီးရီးဟာ season 4 ႐ိုက္ကူးေနဆဲ ျဖစ္ေပမယ့္ ကိုဗစ္ေၾကာင့္ ႐ိုက္ကူးေရးေတြအားလုံး နားထားရပါတယ္။ Stranger Things သ႐ုပ္ေဆာင္ေတြအားလုံးဟာ ၿပီးခဲ့တဲ့ မတ္လတုန္းက season 4 အတြက္ ပထမဆုံး ဇာတ္ၫႊန္းဖတ္ပြဲကို တက္ေရာက္ခဲ့ၾကပါေသးတယ္။ သို႔ေပမယ့္ အဲ့ဒီ့ေနာက္ ရက္သတၱပတ္အနည္းငယ္ အတြင္းမွာပဲ ကိုဗစ္က ဆိုးဆိုး႐ြား႐ြား‌ ေခါင္းေထာင္လာတဲ့အတြက္ ႐ိုက္ကူးေရးအားလုံး ရပ္နားပစ္လိုက္ရတာ ျဖစ္ပါတယ္။

Photo: gatenm123/ Instagram

မူလက ယခုႏွစ္ေႏွာင္းပိုင္းမွာ ထြက္ရွိဖို႔ လ်ာထားတဲ့ Stranger Things Season 4 ဟာ ယခုလို ႐ိုက္ကူးေရးေတြ ရပ္နားထားရတဲ့အတြက္ ဘယ္အခ်ိန္မွာမွ ထြက္ရွိႏိုင္မယ္ဆိုတာကိုလည္း ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

Stranger Things မွာ ပါဝင္သ႐ုပ္ေဆာင္ၿပီး အပိုင္းတစ္ပိုင္းကို သ႐ုပ္ေဆာင္ခ ေဒၚလာႏွစ္သိန္းခြဲခန႔္ ရရွိထားတဲ့ Gaten ဟာ အခုဆိုရင္ ခန႔္မွန္းေခ် ေဒၚလာေလးသန္းခန႔္ ႂကြယ္ဝမႈ ရွိေနၿပီ ျဖစ္ပါတယ္။ အသက္ငယ္ငယ္ေလးနဲ႔ သန္းႂကြယ္သူေဌးျဖစ္ေနတဲ့ Gaten ဟာ ကပ္ေရာဂါေတြ ျဖစ္ေနေပမယ့္ အေတြ႕အႀကဳံရဖို႔ ေႏြရာသီမွာ အခ်ိန္ပိုင္းအလုပ္ လုပ္ေနတာဟာ အျခားလူငယ္ေတြအတြက္လည္း အတုယူစရာပါပဲလို႔ ဆိုရင္း … ။

Glasgow

Source: people

 

 

RELATED ARTICLES

Most Popular