HomeCelebs Update NewsInternationalဘားတစ်ခုမှာ ရန်ဖြစ်လို့ အဖမ်းခံလိုက်ရတဲ့ G-Eazy 

ဘားတစ်ခုမှာ ရန်ဖြစ်လို့ အဖမ်းခံလိုက်ရတဲ့ G-Eazy 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ရက်ပ်ပါ G-Eazy ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၃)ရက်နေ့တုန်းက နယူးယော့ခ်မြို့က Standard Hotel ရဲ့ ဘားတစ်ခုမှာ လူနှစ်ယောက်နဲ့ ရန်ဖြစ်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့အကြောင်းကိုတော့ နယူးယော့ခ်ရဲဌာန NYPD ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က အတည်ပြုပေးထားတယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုတော့ TMZ သတင်းဌာနနဲ့ Page Six သတင်းဌာနတို့က ဦးစွာတင်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ဖော်ပြချက်အရ ဒါဟာ နိုက်ကလပ်တစ်ခုထဲမှာ ရန်ဖြစ်ကြပြီး လူတစ်ယောက်က ခေါင်းကွဲပြီး ချုပ်လိုက်ရတဲ့ နောက်ဆက်တွဲကြောင့် အခုလို အဖမ်းခံလိုက်ရတာလို့ ဆိုထားပါတယ်။

Photo: g_eazy/ Instagram

“သူကတော့ စက်တင်ဘာလ(၁၃)ရက်နေ့တုန်းက အမှတ်(233) West 10 Street (Standard Hotel) ထဲမှာ (၃၂)နှစ်အရွယ် အမျိုးသားတစ်ယောက်နဲ့ (၂၉)နှစ်အရွယ် အမျိုးသားတစ်ယောက်ကို လက်သီးနဲ့ထိုးခဲ့တာကြောင့် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ် … ” လို့ NYPD ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ဆိုထားပါတယ်။

ဖြစ်ပုံကတော့ စက်တင်ဘာလ(၁၀)ရက် သောကြာနေ့ မနက်ခင်းမှာ G-Eazy ရဲ့အဖွဲ့နဲ့ အခြားအဖွဲ့တစ်ဖွဲ့တို့ဟာ New York Fashion Week အတွက် ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေကြတုန်း တစ်ဖက်နဲ့တစ်ဖက် ခိုက်ရန်ဖြစ်ပွားခဲ့ရာက စတင်တယ်လို့ Page Six သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo: g_eazy/ Instagram

ဒီလိုနဲ့ (၁၂:၄၀)နာရီ ပတ်ဝန်းကျင်လောက်မှာ တစ်ဖက်က ကျန်တစ်ဖက်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်လိုက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် G-Eazy ရဲ့အဖွဲ့ထဲကတစ်ယောက်ဟာ ဆယ်လီအသိုင်းအဝိုင်းထဲက နာမည်ကြီး Daniel Chetrit ကို ပုလင်းနဲ့ ခေါင်းရိုက်ခွဲလိုက်တယ်လို့ အတွင်းသတင်းတစ်ခုအရ သိရပါတယ်။ Daniel Chetrit ကတော့ Kendall Jenner နဲ့ Gigi Hadid တို့လို နာမည်ကြီးတွေရဲ့ မိတ်ဆွေသူငယ်ချင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

G-Eazy ဟာ ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ စွဲချက်တင်ခံထားရပေမယ့် ကျန်တဲ့သူတွေရော အလားတူ စွဲချက်တင်ခံထားလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါ့အပြင် G-Eazy နဲ့ ထိုးလား၊ ကြိတ်လား ဖြစ်တယ်ဆိုတဲ့ အမျိုးသားနှစ်ယောက်ထဲမှာ Daniel Chetrit ပါဝင်လားဆိုတာလည်း မသိရပါဘူး။

Photo: g_eazy/ Instagram

စိတ်မကောင်းစရာတစ်ခုကတော့ G-Eazy အဖမ်းခံလိုက်ရချိန်ဟာ ဒေသစံတော်ချိန် (၅:၃၀)နာရီခန့်မှာဖြစ်ပြီး တစ်ဖက်မှာတော့ အခြားနာမည်ကျော်ဆယ်လီတွေဟာ Met Gala ပွဲကို တဖွဲဖွဲ ရောက်လာနေကြချိန်လည်း ဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိမှာတော့ G-Eazy ကို ပြန်လွှတ်ပေးလိုက်ပြီး သတ်မှတ်ရက်တစ်ခုမှာ တရားသူကြီးနဲ့ စီရင်ချက်ချခံရဖို့ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

ရဲအရာရှိတွေရဲ့ နောက်ထပ် ပြောကြားချက်တွေအရ G-Eazy ထိုးလိုက်တဲ့ လူတွေထဲမှာ ဆေးရုံတင်လိုက်ရသူတော့ မရှိဘူးလို့လည်း သိရပါတယ်။ သို့သော်လည်း G-Eazy ရဲ့အဖွဲ့ထဲက တစ်ယောက်ရဲ့ လက်ချက်နဲ့ ခေါင်းရိုက်ခွဲခံလိုက်ရတဲ့ Daniel Chetrit ကတော့ ချုပ်လိုက်ရတယ်လို့ သိရပါတယ်။

စိတ်ဝင်စားစရာကောင်းတာကတော့  ၂၀၁၄ ခုနှစ်တုန်းက နာမည်ကြီးသွားခဲ့တဲ့ Jay Z နဲ့ Solange Knowles တို့ရဲ့ ဓာတ်လှေကားထဲက ခိုက်ရန်ဖြစ်ပွားမှုဟာလည်း အဆိုပါ Standard Hotel ထဲမှာပဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

နာမည္ေက်ာ္ ရက္ပ္ပါ G-Eazy ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလ(၁၃)ရက္ေန႔တုန္းက နယူးေယာ့ခ္ၿမိဳ႕က Standard Hotel ရဲ့ ဘားတစ္ခုမွာ လူႏွစ္ေယာက္နဲ႔ ရန္ျဖစ္ခဲ့လို႔ ဖမ္းဆီးထိန္းသိမ္းခံလိုက္ရတယ္လို႔ သိရပါတယ္။

ကိုယ္ထိလက္ေရာက္ ေစာ္ကားမွုနဲ႔ ဖမ္းဆီးထိန္းသိမ္းခံလိုက္ရတဲ့အေၾကာင္းကိုေတာ့ နယူးေယာ့ခ္ရဲဌာန NYPD ရဲ့ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္က အတည္ျပဳေပးထားတယ္လို႔ ဆိုပါတယ္။ ဒီသတင္းကိုေတာ့ TMZ သတင္းဌာနနဲ႔ Page Six သတင္းဌာနတို႔က ဦးစြာတင္ျပခဲ့ၾကတာ ျဖစ္ပါတယ္။ ေဖာ္ျပခ်က္အရ ဒါဟာ နိုက္ကလပ္တစ္ခုထဲမွာ ရန္ျဖစ္ၾကၿပီး လူတစ္ေယာက္က ေခါင္းကြဲၿပီး ခ်ဳပ္လိုက္ရတဲ့ ေနာက္ဆက္တြဲေၾကာင့္ အခုလို အဖမ္းခံလိုက္ရတာလို႔ ဆိုထားပါတယ္။

Photo: g_eazy/ Instagram

“သူကေတာ့ စက္တင္ဘာလ(၁၃)ရက္ေန႔တုန္းက အမွတ္(233) West 10 Street (Standard Hotel) ထဲမွာ (၃၂)ႏွစ္အရြယ္ အမ်ိဳးသားတစ္ေယာက္နဲ႔ (၂၉)ႏွစ္အရြယ္ အမ်ိဳးသားတစ္ေယာက္ကို လက္သီးနဲ႔ထိုးခဲ့တာေၾကာင့္ အဖမ္းခံခဲ့ရတာ ျဖစ္ပါတယ္ … ” လို႔ NYPD ရဲ့ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က ဆိုထားပါတယ္။

ျဖစ္ပုံကေတာ့ စက္တင္ဘာလ(၁၀)ရက္ ေသာၾကာေန႔ မနက္ခင္းမွာ G-Eazy ရဲ့အဖြဲ႕နဲ႔ အျခားအဖြဲ႕တစ္ဖြဲ႕တို႔ဟာ New York Fashion Week အတြက္ ေပ်ာ္ပြဲရႊင္ပြဲ ဆင္ႏႊဲေနၾကတုန္း တစ္ဖက္နဲ႔တစ္ဖက္ ခိုက္ရန္ျဖစ္ပြားခဲ့ရာက စတင္တယ္လို႔ Page Six သတင္းဌာနရဲ့ ေဖာ္ျပခ်က္အရ သိရပါတယ္။

Photo: g_eazy/ Instagram

ဒီလိုနဲ႔ (၁၂:၄၀)နာရီ ပတ္ဝန္းက်င္ေလာက္မွာ တစ္ဖက္က က်န္တစ္ဖက္ကို စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ လုပ္လိုက္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ G-Eazy ရဲ့အဖြဲ႕ထဲကတစ္ေယာက္ဟာ ဆယ္လီအသိုင္းအဝိုင္းထဲက နာမည္ႀကီး Daniel Chetrit ကို ပုလင္းနဲ႔ ေခါင္းရိုက္ခြဲလိုက္တယ္လို႔ အတြင္းသတင္းတစ္ခုအရ သိရပါတယ္။ Daniel Chetrit ကေတာ့ Kendall Jenner နဲ႔ Gigi Hadid တို႔လို နာမည္ႀကီးေတြရဲ့ မိတ္ေဆြသူငယ္ခ်င္းတစ္ေယာက္လည္း ျဖစ္ပါတယ္။

G-Eazy ဟာ ကိုယ္ထိလက္ေရာက္ က်ဴးလြန္မွုနဲ႔ စြဲခ်က္တင္ခံထားရေပမယ့္ က်န္တဲ့သူေတြေရာ အလားတူ စြဲခ်က္တင္ခံထားလားဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ဒါ့အျပင္ G-Eazy နဲ႔ ထိုးလား၊ ႀကိတ္လား ျဖစ္တယ္ဆိုတဲ့ အမ်ိဳးသားႏွစ္ေယာက္ထဲမွာ Daniel Chetrit ပါဝင္လားဆိုတာလည္း မသိရပါဘူး။

Photo: g_eazy/ Instagram

စိတ္မေကာင္းစရာတစ္ခုကေတာ့ G-Eazy အဖမ္းခံလိုက္ရခ်ိန္ဟာ ေဒသစံေတာ္ခ်ိန္ (၅:၃၀)နာရီခန႔္မွာျဖစ္ၿပီး တစ္ဖက္မွာေတာ့ အျခားနာမည္ေက်ာ္ဆယ္လီေတြဟာ Met Gala ပြဲကို တဖြဲဖြဲ ေရာက္လာေနၾကခ်ိန္လည္း ျဖစ္ပါတယ္။ သို႔ေသာ္လည္း လက္ရွိမွာေတာ့ G-Eazy ကို ျပန္လႊတ္ေပးလိုက္ၿပီး သတ္မွတ္ရက္တစ္ခုမွာ တရားသူႀကီးနဲ႔ စီရင္ခ်က္ခ်ခံရဖို႔ ေစာင့္ဆိုင္းေနရတယ္လို႔ သိရပါတယ္။

ရဲအရာရွိေတြရဲ့ ေနာက္ထပ္ ေျပာၾကားခ်က္ေတြအရ G-Eazy ထိုးလိုက္တဲ့ လူေတြထဲမွာ ေဆး႐ုံတင္လိုက္ရသူေတာ့ မရွိဘူးလို႔လည္း သိရပါတယ္။ သို႔ေသာ္လည္း G-Eazy ရဲ့အဖြဲ႕ထဲက တစ္ေယာက္ရဲ့ လက္ခ်က္နဲ႔ ေခါင္းရိုက္ခြဲခံလိုက္ရတဲ့ Daniel Chetrit ကေတာ့ ခ်ဳပ္လိုက္ရတယ္လို႔ သိရပါတယ္။

စိတ္ဝင္စားစရာေကာင္းတာကေတာ့  ၂၀၁၄ ခုႏွစ္တုန္းက နာမည္ႀကီးသြားခဲ့တဲ့ Jay Z နဲ႔ Solange Knowles တို႔ရဲ့ ဓာတ္ေလွကားထဲက ခိုက္ရန္ျဖစ္ပြားမွုဟာလည္း အဆိုပါ Standard Hotel ထဲမွာပဲ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular