HomeEntertainmentFilmGemma Chan ပါဝင်မယ့် Crazy Rich Asian ရဲ့ Spin-Off ဇာတ်လမ်း

Gemma Chan ပါဝင်မယ့် Crazy Rich Asian ရဲ့ Spin-Off ဇာတ်လမ်း

၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့ပြီး ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတဲ့ Crazy Rich Asians ရုပ်ရှင်ဟာ နောက်ထပ် Spin-Off ဇာတ်လမ်းတစ်ခု ထပ်မံ ထွက်ရှိလာဦးမယ်လို့ သိရပါတယ်။

Crazy Rich Asians ရုပ်ရှင်ကတော့ သူ့ရဲ့ universe ကို ချဲ့ထွင်လာပါပြီ။ ပရိသတ်တွေ နှစ်သက်ခဲ့ကြတဲ့ Crazy Rich Asians ရဲ့ spin-off ဇာတ်လမ်းတစ်ခုကိုတော့ Warner Bros. စတူဒီယိုက စတင် စီစဉ်နေတယ်လို့ Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Nick ရဲ့ ဝမ်းကွဲတော်စပ်သူ Astrid Leong-Teo (Gemma Chan)နဲ့ Charlie Wu (Harry Shum Jr.)တို့ရဲ့ အချစ်ဇာတ်လမ်းကို မြင်တွေ့ရမယ်လို့ ဆိုပါတယ်။

Photo Credit: SANJA BUCKO/ WARNER BROS.

ဒီ spin-off ရုပ်ရှင်ကိုတော့ စာရေးသူ Kevin Kwan ရဲ့ ဒုတိယမြောက်ဝတ္ထု ဖြစ်တဲ့ China Rich Girlfriend ကို အခြေခံပြီး ဖန်တီးသွားမယ်လို့ သိရပါတယ်။ ဇာတ်လမ်းကတော့ Astrid နဲ့ သူမရဲ့အချစ်ဦး Charlie တို့ကြားက ရိုမန့်တစ် အချစ်ဇာတ်လမ်းအကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တကယ်တော့ Charlie ဟာ ယခင်က Astrid နဲ့ စေ့စပ်ထားတဲ့ ချစ်သူတွေ ဖြစ်ပါတယ်။ သို့သော်လည်း Astrid ရဲ့မိဘတွေက Charlie ဟာ သူမနဲ့ မသင့်တော်ဘူးလို့ ကန့်ကွက်တဲ့အတွက် ဝေးကွာခဲ့ရပါတယ်။

Photo Credit: Warner Bros. Studios

Crazy Rich Asians ပထမဇာတ်ကားထဲမှာတော့ Shum Jr. သရုပ်ဆောင်ထားတဲ့ Charlie ဇာတ်ကောင်ဟာ mid-credit scene မှာ ပါဝင်ခဲ့ပါတယ်။ အဲဒါကတော့ Rachel နဲ့ Nick တို့ရဲ့ စေ့စပ်ပွဲပါတီမှာ Charlie နဲ့ Astrid တို့ ပြန်လည် ဆုံဆည်းကြတဲ့အခန်း ဖြစ်ပါတယ်။ Astrid ကတော့ ရုပ်ရှင်ရဲ့အစောပိုင်းမှာပဲ သူမရဲ့ခင်ပွန်း Michael က ဖောက်ပြန်နေတာကို သိရှိသွားတဲ့အတွက် Michael ကို ထားခဲ့ပါတယ်။ စာအုပ်ထဲမှာတော့ Michael ရဲ့ ဖောက်ပြန်မှုကို Astrid သိရှိနိုင်အောင် Charlie က ကူညီစုံစမ်းပေးခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ရုပ်ရှင်ထဲမှာတော့ ဒီအခန်းတွေကို ဖြတ်တောက်ထားခဲ့တာ ဖြစ်ပါတယ်။

Astrid နဲ့ Charlie တို့ရဲ့ spin-off ဇာတ်လမ်းအပြင် မူလဇာတ်လမ်း ဖြစ်တဲ့ Crazy Rich Asians ရဲ့ sequel အဆက်ကိုလည်း စီစဉ်နေတယ်လို့ သိရပါတယ်။ အဲဒီ sequel ထဲမှာတော့ Nick နဲ့ Rachel တို့ဟာ ရှန်ဟိုင်းကို ခရီးထွက်ကြမှာ ဖြစ်ပြီး Rachel ရဲ့ဖခင်ကို ရှာပုံတော်ဖွင့်ကြမှာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular