HomeCelebs Update NewsInternationalချစ်သူအသစ်နဲ့ပုံကို IG မှာ တရားဝင်တင်လာတဲ့ Gerard Piqué

ချစ်သူအသစ်နဲ့ပုံကို IG မှာ တရားဝင်တင်လာတဲ့ Gerard Piqué

Shakira ရဲ့ခင်ပွန်းဟောင်းဖြစ်တဲ့ Gerard Piqué ကတော့ သူ့ကောင်မလေးနဲ့အတူ ရိုက်ကူးထားတဲ့ ဆယ်လ်ဖီပုံတစ်ပုံကို IG မှာ တင်လာပြီး ပရိသတ်အများရှေ့ကို တရားဝင်ထွက်ပေါ်လာပါတယ်။

နာမည်ကျော်ဘောလုံးသမားဟောင်း Piqué ဟာ အသက်(၂၃)နှစ်အရွယ်သာ ရှိသေးတဲ့ သူ့ရဲ့ချစ်သူအသစ် Clara Chia Marti နဲ့အတူ ပွေ့ဖက်နေတဲ့ ဓာတ်ပုံကို သူ့ရဲ့IG မှာ တင်လာတာဖြစ်ပြီး caption မှာတော့ ဘာမှရေးထားတာ မတွေ့ရပါဘူး။ ဒါဟာ Marti နဲ့အတူ ရိုက်ကူးထားတဲ့ နှစ်ယောက်တွဲဓာတ်ပုံကို IG မှာ ပထမဆုံးတင်လိုက်တာပဲ ဖြစ်ပြီး သူတို့ရဲ့ဆက်ဆံရေးကိုလည်း လူသိရှင်ကြား ချပြလိုက်တာ ဖြစ်ပါတယ်။

Photo: 3gerardpique/ Instagram

နာမည်ကျော်အဆိုတော် Shakira နဲ့ Piqué တို့ကတော့ ပြီးခဲ့တဲ့ ဇွန်လမှာပဲ ပူးတွဲကြေညာချက်တစ်ခုနဲ့အတူ လမ်းခွဲပြတ်စဲကြောင်း ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။ Shakira ကတော့ အသက်(၄၅)နှစ်ရှိပြီ ဖြစ်ပြီး Piqué ကတော့ အသက်(၃၅)နှစ်သာ ရှိသေးတာကြောင့် နှစ်ယောက်ကြားမှာ အသက်ဆယ်နှစ်ခန့် ကွာဟပါတယ်။

သူတို့ဟာ Waka Waka သီချင်းရဲ့ Music Video ရိုက်ကူးရေးမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဲဒီတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ ၂၀၁၁ ခုနှစ် မတ်လမှာ သူတို့ရဲ့ relationship ကို အတည်ပြုခဲ့ကြပြီး လမ်းခွဲချိန်မှာတော့ (၁၁)နှစ်ကျော် ကြာမြင့်တဲ့ ချစ်သူသက်တမ်း ရှိနေပါပြီ။ သူတို့မှာ Milan နဲ့ Sasha ဆိုတဲ့ သားနှစ်ယောက်လည်း ထွန်းကားထားပါတယ်။

Photo: 3gerardpique/ Instagram

Shakira ဟာ လွန်ခဲ့တဲ့နှစ်ပတ်ကပဲ Piqué ကို ရည်ညွှန်းပြီး ပျစ်ပျစ်နှစ်နှစ် ဝေဖန်ထားတဲ့ သီချင်းတစ်ပုဒ်ကို BZRP Music Sessions #53 မှာ သီဆိုသွားပါသေးတယ်။ အဆိုပါသီချင်းတစ်ပုဒ်လုံးမှာတော့ Piqué ကို ပေါ်တင်လှောင်ပြောင်ထားတဲ့ စာသားများစွာ ပါဝင်နေပါတယ်။

“ဆောရီး ဘေဘီ … မင်းကို စောစောတည်းက ကန်ထုတ်ခဲ့သင့်တာ။ ငါ့လို She-Wolf က လူသစ်လေးတစ်ယောက်အတွက် မဟုတ်ဘူး။ ငါ့လို She-Wolf က မင်းလိုလူမျိုးအတွက် မဟုတ်ဘူး …” လို့ဆိုကာ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ သူမရဲ့ဟစ်သီချင်း She Wolf ကိုပါ ရည်ညွှန်းသွားပါတယ်။

“ငါဟာ မင်းအတွက် ကောင်းလွန်းနေတော့ မင်းဟာ မင်းနဲ့တူတဲ့သူတစ်ယောက်နဲ့ တွေ့သွားတာပေါ့ …” အစရှိတဲ့ သူတို့နှစ်ယောက်ကြားက အကြောင်းအရာများစွာကို ထည့်သွင်းသီဆိုထားတာ တွေ့ရပါတယ်။

ဒါကြောင့်ပဲ အဲဒီသီချင်းထွက်လာပြီး နှစ်ပတ်ခန့်အကြာမှာ Piqué ဘက်ကလည်း သူ့ရဲ့ချစ်သူအသစ်ကို လူသိရှင်ကြား ထုတ်ပြလာတာ ဖြစ်ပါတယ်။ Shakira ကတော့ သူမရဲ့ career ဟာ ရပ်ဆိုင်းမသွားတဲ့အပြင် ပိုအရှိန်ကောင်းလာပေမယ့် Piqué ကတော့ သူ့ရဲ့ဘောလုံးကစားသမားဘဝကို စွန့်လွှတ်လိုက်ပြီး ချစ်သူအသစ်နဲ့ လက်ရှိမှာ ပျော်ရွှင်နေပေမယ့် ဘယ်အချိန်ထိ ခိုင်မြဲနိုင်မလည်းဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular