HomeCharacterGreen Goblin ရဲ့ လှောင်ရယ်မှုမှာ ရှုံးနိမ့်ခဲ့ဖူးတဲ့ Venom 

Green Goblin ရဲ့ လှောင်ရယ်မှုမှာ ရှုံးနိမ့်ခဲ့ဖူးတဲ့ Venom 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Venom ဟာ အခုချိန်မှာတော့ anti-hero တစ်ယောက် ဖြစ်နေပေမယ့်လည်း အရင်တုန်းကတော့ သူဟာ Marvel ရဲ့ ဗီလိန်အဆန်ဆုံး ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို စတင်ဖန်တီးတဲ့အချိန်တုန်းက Spider-Man ရဲ့ ဗီလိန်ဗားရှင်းပုံစံမျိူး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ လက်ခံကောင်ဖြစ်တဲ့ Eddie ဟာ Venom ပုံစံ ပြောင်းလဲတော့မယ်ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ကို ကြီးမားပြီး ချွဲပြစ်တဲ့ အရေပြားကြီးက ဖုံးအုပ်သွားပြီး သူ့ခန္ဓာကိုယ်ရဲ့ နေရာပေါင်းစုံကနေ တိုက်ခိုက်နိုင်သွားပါတယ်။

ဒါ့အပြင် သူ့ရဲ့ပါးစပ်ကလည်း ချွန်ထက်ပြီး ရှည်လျားတဲ့သွားတွေနဲ့ ပြည့်နှက်နေပြီး ရှည်လျားတဲ့ လျှာကြီးနဲ့ သူ့ရန်သူရဲ့ ဦးနှောက်ကို စားဖို့အတွက် အသင့်ဖြစ်နေပါတယ်။ အဲ့လိုပုံစံတွေကြောင့်ပဲ သာမန်လူတွေဟာ Venom ကို မြင်တွေ့တာနဲ့ အော်ဟစ်ပြီး ရှော့ခ်ရသွားတတ်သလို ဘောင်းဘီထဲ သေးထွက်ကျတဲ့အထိ ကြောက်လန့်ကုန်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကြောင်တောင်တောင် နိုင်သလို အံ့ဩဖို့လည်းကောင်းတဲ့ အချက်ကတော့ ကောမစ်တစ်ခုထဲမှာ Green Goblin ဟာ Venom ကို လှောင်ရယ်ပြီးတော့ အနိုင်ယူနိုင်ခဲ့တယ် ဆိုတာပါပဲ။

အဲ့ဒီအဖြစ်အပျက်ကတော့ Marvel Comics 2 universe ရဲ့ အနာဂတ်ကာလတစ်ခုမှာ ဖြစ်ခဲ့ပြီးတော့ Spider-Girl #5 ဆိုတဲ့ ကောမစ်ထဲမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီကောမစ်ထဲမှာ Eddie ဟာ သေဆုံးသွားပြီး Venom ကလည်း S.H.I.E.L.D. ရဲ့ လျှို့ဝှက်အဆောက်အအုံတစ်ခုမှာ အဖမ်းခံထားရပါတယ်။

ဒါ့အပြင် Spider-Man ကလည်း တိုက်ပွဲတစ်ခုမှာ ခြေထောက် ဒဏ်ရာရသွားတာကြောင့် Spider-Man အဖြစ်ကနေ အနားယူနေပါတယ်။ Spider-Man ရဲ့တာဝန်ကိုတော့ သူ့ရဲ့ဆယ်ကျော်သက်အရွယ် သမီးလေး May “Mayday” Parker က လက်လွှဲယူထားပြီး Spider-Girl အနေနဲ့ နယူးယော့ခ်မြို့ကို ကာကွယ်နေခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ ဟီးရိုးလုပ်ဖို့အတွက် Phil Urich လို့ ခေါ်တဲ့ လူတစ်ယောက်ဆီက အကူအညီကို ရရှိခဲ့ပါသေးတယ်။ အဲ့ဒီ Phil Urich ကတော့ သူ့ရဲ့ဆယ်ကျော်သက် အရွယ်လောက်တုန်းက Green Goblin ဆိုတဲ့ နာမည်နဲ့ ဟီးရိုးအဖြစ် လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်တို့ သိထားတဲ့ Green Goblin က ဗီလိန်တစ်ယောက် ဖြစ်ပေမယ့်လည်း ဒီ universe က Green Goblin ကတော့ ဟီးရိုးဖြစ်နေပါတယ်။

photo via screenrant

ဒါ့အပြင် သူဟာ အသက်ကြီးလာတဲ့အခါမှာတော့ ဟီးရိုးအဖြစ်ကနေ အနားယူခဲ့ပြီး မှုခင်းဆေးဆရာဝန်တစ်ယောက် ဖြစ်လာကာ Peter Parker နဲ့အတူတူ အလုပ်လုပ်နေခဲ့ပါတယ်။ သူဟာ ဟီးရိုးအဖြစ်ကနေ အနားယူခဲ့ပေမယ့်လည်း Green Goblin အဖြစ် နေထိုင်ခဲ့တုန်းက အသုံးပြုခဲ့တဲ့ စွမ်းအားတစ်ချို့ကိုတော့ ထိမ်းသိမ်းထားပါတယ်။ အဲ့ဒီထဲက တစ်ခုကတော့ “Lunatic Laugh” လို့ ခေါ်ပြီးတော့ အရာဝတ္တုတွေကိုတောင် ကွဲအက်စေနိုင်တဲ့အထိ ကျယ်လောင်တဲ့ ရယ်သံတစ်ခုပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ ဟီးရိုးတစ်ယောက်အဖြစ် ပြန်လည်လုပ်ဆောင်ဖို့အတွက် စဉ်းစားမိသွားပြီး May က သူမရဲ့ Spider စွမ်းအားတွေကို လေ့ကျင့်တဲ့ လေ့ကျင့်ရေးမှာ သူကိုယ်တိုင် ဝင်ရောက်ပြီးတော့ ပါဝင်လေ့ကျင့်ခဲ့ပါတယ်။

ဒီလိုနဲ့ တစ်ရက်မှာတော့ Venom ဟာ သူ့ကိုဖမ်းချုပ်ထားတဲ့ နေရာကနေ လွတ်မြောက်လာပြီး New York မြို့မှာ ရှိတဲ့ Forest Hills လို့ခေါ်တဲ့ ရပ်ကွက်ထဲမှာ Peter Parker နဲ့ သွားတွေ့ပါတယ်။ ဒီမှာတင် သူဟာ Peter Parker ကို ပူးကပ်ကာ Spider-Venom ဖြစ်လာပါတယ်။ အဲ့ဒီနောက်မှာတော့ May ဟာ သူမရဲ့အဖေဖြစ်သူက Venom နဲ့ ပေါင်းစပ်သွားပြီး သောင်းကျန်းနေတာကို တွေ့သွားကာ ထိတ်လန့်သွားပါတယ်။ ဒီမှာတင် Venom ဟာ May ကို တိုက်ခိုက်ပါတော့တယ်။ အဲ့ဒါနဲ့ပဲ May ဟာ Venom ကို ပြန်လည်ခုခံနေရင်းနဲ့ သူ့မှာ အသံလှိုင်းနဲ့ ပတ်သက်ရင် အားနည်းချက်ရှိတယ်လို့ သူမရဲ့မိခင်ဖြစ်သူ Mary Jane Watson က ပြောပြခဲ့တာကို သတိရသွားပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ Venom ကို အနိုင်ယူဖို့နည်းလမ်းကို စဉ်းစားမိသွားပြီး ရဲစခန်းမှာရှိနေတဲ့ Phil ကို အကူအညီသွားတောင်းခဲ့ပါတယ်။

photo via screenrant

အဲ့ဒီအချိန်မှာတော့ Spider-Venom ဟာ လမ်းပေါ်က တွေ့တဲ့လူတိုင်းကို ပစ်မှတ်ထားကာ တိုက်ခိုက်သောင်းကျန်းနေပါတယ်။ ဒီမှာတင် Spider-Girl ဟာ Phil ဝင်တိုက်ခိုက်ဖို့ အခွင့်အရေးရအောင် Spider-Venom ကို သူတင်ကိုယ်တင် တိုက်ခိုက်ခဲ့ပါတယ်။ အခွင့်အရေးရတဲ့အချိန်မှာတော့ Phil ဟာ “Lunatic Laugh” နဲ့ အလစ်ဝင်တိုက်ခဲ့ပါတယ်။ Venom ဟာလည်း အဲ့ဒီရယ်သံကြောင့် နာကျင်နေပေမယ့် ရယ်သံရပ်သွားအောင် Phil ဆီကို ကားနဲ့ပစ်ပေါက်ခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ Spider-Girl ဟာ Phil သေပြီအထင်နဲ့ ဒေါသတကြီး တိုက်ခိုက်လာတဲ့အချိန်မှာ Phil ဟာ အသက်မသေသွားတဲ့အပြင် အရင်ကထက် ပိုပြီးတော့ ကျယ်လောင်တဲ့ ရယ်သံကြီးနဲ့ တိုက်ခိုက်ပါတော့တယ်။ အဲ့ဒါကြောင့်ပဲ Venom ဟာ နောက်ဆုံးမှာ မခံနိုင်တော့ဘဲ Peter Parker ပေါ်ကနေ ကွာကျသွားခဲ့ပါတယ်။ အခုလိုမျိူး တိုက်ပွဲမှာ လှောင်ရယ်ပြီး တိုက်ခိုက်တာဟာ ကြောင်တောင်တောင်နဲ့ ထူးဆန်းသလို ထင်ရပေမယ့်လည်း တကယ်ကို အသုံးဝင်တဲ့ အရည်အချင်းတစ်ခု ဖြစ်ပြီး Venom လိုမျိူး ရန်သူဆိုရင်တော့ သူ့ရဲ့အားနည်းချက်နဲ့ ကွက်တိဖြစ်နေတာကြောင့် ပိုပြီးတော့ အသာစီးရစေပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Venom ဟာ အခုခ်ိန္မွာေတာ့ anti-hero တစ္ေယာက္ ျဖစ္ေနေပမယ့္လည္း အရင္တုန္းကေတာ့ သူဟာ Marvel ရဲ႕ ဗီလိန္အဆန္ဆုံး ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။ သူ႔ကို စတင္ဖန္တီးတဲ့အခ်ိန္တုန္းက Spider-Man ရဲ႕ ဗီလိန္ဗားရွင္းပုံစံမ်ိဴး ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ လက္ခံေကာင္ျဖစ္တဲ့ Eddie ဟာ Venom ပုံစံ ေျပာင္းလဲေတာ့မယ္ဆိုရင္ သူ႔ရဲ႕ခႏၶာကိုယ္ကို ႀကီးမားၿပီး ခြၽဲျပစ္တဲ့ အေရျပားႀကီးက ဖုံးအုပ္သြားၿပီး သူ႔ခႏၶာကိုယ္ရဲ႕ ေနရာေပါင္းစုံကေန တိုက္ခိုက္ႏိုင္သြားပါတယ္။

ဒါ့အျပင္ သူ႔ရဲ႕ပါးစပ္ကလည္း ခြၽန္ထက္ၿပီး ရွည္လ်ားတဲ့သြားေတြနဲ႔ ျပည့္ႏွက္ေနၿပီး ရွည္လ်ားတဲ့ လွ်ာႀကီးနဲ႔ သူ႔ရန္သူရဲ႕ ဦးေႏွာက္ကို စားဖို႔အတြက္ အသင့္ျဖစ္ေနပါတယ္။ အဲ့လိုပုံစံေတြေၾကာင့္ပဲ သာမန္လူေတြဟာ Venom ကို ျမင္ေတြ႕တာနဲ႔ ေအာ္ဟစ္ၿပီး ေရွာ့ခ္ရသြားတတ္သလို ေဘာင္းဘီထဲ ေသးထြက္က်တဲ့အထိ ေၾကာက္လန႔္ကုန္ၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေၾကာင္ေတာင္ေတာင္ ႏိုင္သလို အံ့ဩဖို႔လည္းေကာင္းတဲ့ အခ်က္ကေတာ့ ေကာမစ္တစ္ခုထဲမွာ Green Goblin ဟာ Venom ကို ေလွာင္ရယ္ၿပီးေတာ့ အႏိုင္ယူႏိုင္ခဲ့တယ္ ဆိုတာပါပဲ။

အဲ့ဒီအျဖစ္အပ်က္ကေတာ့ Marvel Comics 2 universe ရဲ႕ အနာဂတ္ကာလတစ္ခုမွာ ျဖစ္ခဲ့ၿပီးေတာ့ Spider-Girl #5 ဆိုတဲ့ ေကာမစ္ထဲမွာ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေကာမစ္ထဲမွာ Eddie ဟာ ေသဆုံးသြားၿပီး Venom ကလည္း S.H.I.E.L.D. ရဲ႕ လွ်ိဳ႕ဝွက္အေဆာက္အအုံတစ္ခုမွာ အဖမ္းခံထားရပါတယ္။

ဒါ့အျပင္ Spider-Man ကလည္း တိုက္ပြဲတစ္ခုမွာ ေျခေထာက္ ဒဏ္ရာရသြားတာေၾကာင့္ Spider-Man အျဖစ္ကေန အနားယူေနပါတယ္။ Spider-Man ရဲ႕တာဝန္ကိုေတာ့ သူ႔ရဲ႕ဆယ္ေက်ာ္သက္အ႐ြယ္ သမီးေလး May “Mayday” Parker က လက္လႊဲယူထားၿပီး Spider-Girl အေနနဲ႔ နယူးေယာ့ခ္ၿမိဳ႕ကို ကာကြယ္ေနခဲ့ပါတယ္။ ဒါ့အျပင္ သူမဟာ ဟီး႐ိုးလုပ္ဖို႔အတြက္ Phil Urich လို႔ ေခၚတဲ့ လူတစ္ေယာက္ဆီက အကူအညီကို ရရွိခဲ့ပါေသးတယ္။ အဲ့ဒီ Phil Urich ကေတာ့ သူ႔ရဲ႕ဆယ္ေက်ာ္သက္ အ႐ြယ္ေလာက္တုန္းက Green Goblin ဆိုတဲ့ နာမည္နဲ႔ ဟီး႐ိုးအျဖစ္ လႈပ္ရွားခဲ့သူ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ သိထားတဲ့ Green Goblin က ဗီလိန္တစ္ေယာက္ ျဖစ္ေပမယ့္လည္း ဒီ universe က Green Goblin ကေတာ့ ဟီး႐ိုးျဖစ္ေနပါတယ္။

photo via screenrant

ဒါ့အျပင္ သူဟာ အသက္ႀကီးလာတဲ့အခါမွာေတာ့ ဟီး႐ိုးအျဖစ္ကေန အနားယူခဲ့ၿပီး မႈခင္းေဆးဆရာဝန္တစ္ေယာက္ ျဖစ္လာကာ Peter Parker နဲ႔အတူတူ အလုပ္လုပ္ေနခဲ့ပါတယ္။ သူဟာ ဟီး႐ိုးအျဖစ္ကေန အနားယူခဲ့ေပမယ့္လည္း Green Goblin အျဖစ္ ေနထိုင္ခဲ့တုန္းက အသုံးျပဳခဲ့တဲ့ စြမ္းအားတစ္ခ်ိဳ႕ကိုေတာ့ ထိမ္းသိမ္းထားပါတယ္။ အဲ့ဒီထဲက တစ္ခုကေတာ့ “Lunatic Laugh” လို႔ ေခၚၿပီးေတာ့ အရာဝတၱဳေတြကိုေတာင္ ကြဲအက္ေစႏိုင္တဲ့အထိ က်ယ္ေလာင္တဲ့ ရယ္သံတစ္ခုပဲ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူဟာ ဟီး႐ိုးတစ္ေယာက္အျဖစ္ ျပန္လည္လုပ္ေဆာင္ဖို႔အတြက္ စဥ္းစားမိသြားၿပီး May က သူမရဲ႕ Spider စြမ္းအားေတြကို ေလ့က်င့္တဲ့ ေလ့က်င့္ေရးမွာ သူကိုယ္တိုင္ ဝင္ေရာက္ၿပီးေတာ့ ပါဝင္ေလ့က်င့္ခဲ့ပါတယ္။

ဒီလိုနဲ႔ တစ္ရက္မွာေတာ့ Venom ဟာ သူ႔ကိုဖမ္းခ်ဳပ္ထားတဲ့ ေနရာကေန လြတ္ေျမာက္လာၿပီး New York ၿမိဳ႕မွာ ရွိတဲ့ Forest Hills လို႔ေခၚတဲ့ ရပ္ကြက္ထဲမွာ Peter Parker နဲ႔ သြားေတြ႕ပါတယ္။ ဒီမွာတင္ သူဟာ Peter Parker ကို ပူးကပ္ကာ Spider-Venom ျဖစ္လာပါတယ္။ အဲ့ဒီေနာက္မွာေတာ့ May ဟာ သူမရဲ႕အေဖျဖစ္သူက Venom နဲ႔ ေပါင္းစပ္သြားၿပီး ေသာင္းက်န္းေနတာကို ေတြ႕သြားကာ ထိတ္လန႔္သြားပါတယ္။ ဒီမွာတင္ Venom ဟာ May ကို တိုက္ခိုက္ပါေတာ့တယ္။ အဲ့ဒါနဲ႔ပဲ May ဟာ Venom ကို ျပန္လည္ခုခံေနရင္းနဲ႔ သူ႔မွာ အသံလႈိင္းနဲ႔ ပတ္သက္ရင္ အားနည္းခ်က္ရွိတယ္လို႔ သူမရဲ႕မိခင္ျဖစ္သူ Mary Jane Watson က ေျပာျပခဲ့တာကို သတိရသြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမဟာ Venom ကို အႏိုင္ယူဖို႔နည္းလမ္းကို စဥ္းစားမိသြားၿပီး ရဲစခန္းမွာရွိေနတဲ့ Phil ကို အကူအညီသြားေတာင္းခဲ့ပါတယ္။

photo via screenrant

အဲ့ဒီအခ်ိန္မွာေတာ့ Spider-Venom ဟာ လမ္းေပၚက ေတြ႕တဲ့လူတိုင္းကို ပစ္မွတ္ထားကာ တိုက္ခိုက္ေသာင္းက်န္းေနပါတယ္။ ဒီမွာတင္ Spider-Girl ဟာ Phil ဝင္တိုက္ခိုက္ဖို႔ အခြင့္အေရးရေအာင္ Spider-Venom ကို သူတင္ကိုယ္တင္ တိုက္ခိုက္ခဲ့ပါတယ္။ အခြင့္အေရးရတဲ့အခ်ိန္မွာေတာ့ Phil ဟာ “Lunatic Laugh” နဲ႔ အလစ္ဝင္တိုက္ခဲ့ပါတယ္။ Venom ဟာလည္း အဲ့ဒီရယ္သံေၾကာင့္ နာက်င္ေနေပမယ့္ ရယ္သံရပ္သြားေအာင္ Phil ဆီကို ကားနဲ႔ပစ္ေပါက္ခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ပဲ Spider-Girl ဟာ Phil ေသၿပီအထင္နဲ႔ ေဒါသတႀကီး တိုက္ခိုက္လာတဲ့အခ်ိန္မွာ Phil ဟာ အသက္မေသသြားတဲ့အျပင္ အရင္ကထက္ ပိုၿပီးေတာ့ က်ယ္ေလာင္တဲ့ ရယ္သံႀကီးနဲ႔ တိုက္ခိုက္ပါေတာ့တယ္။ အဲ့ဒါေၾကာင့္ပဲ Venom ဟာ ေနာက္ဆုံးမွာ မခံႏိုင္ေတာ့ဘဲ Peter Parker ေပၚကေန ကြာက်သြားခဲ့ပါတယ္။ အခုလိုမ်ိဴး တိုက္ပြဲမွာ ေလွာင္ရယ္ၿပီး တိုက္ခိုက္တာဟာ ေၾကာင္ေတာင္ေတာင္နဲ႔ ထူးဆန္းသလို ထင္ရေပမယ့္လည္း တကယ္ကို အသုံးဝင္တဲ့ အရည္အခ်င္းတစ္ခု ျဖစ္ၿပီး Venom လိုမ်ိဴး ရန္သူဆိုရင္ေတာ့ သူ႔ရဲ႕အားနည္းခ်က္နဲ႔ ကြက္တိျဖစ္ေနတာေၾကာင့္ ပိုၿပီးေတာ့ အသာစီးရေစပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular