HomeCharacterသင်မသိသေးတဲ့ Ghost Rider ရဲ့စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်များ

သင်မသိသေးတဲ့ Ghost Rider ရဲ့စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Ghost Rider ဟာ ၁၉၇၂ ခုနှစ်မှာ ထွက်ခဲ့တဲ့ Marvel Spotlight #5 မှာ စတင်ပါဝင်ခဲ့တာ ဖြစ်ပြီးတော့ အဲ့ဒီအချိန်ကနေ အခုထိ Marvel ရဲ့အအောင်မြင်ဆုံး ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဟီးရိုးတစ်ယောက်ဆိုတာထက်ကို anti-hero လို့ပြောရင် ပိုပြီးမှန်ပါလိမ့်မယ်။ ဒါ့အပြင် သူ့ရဲ့ပရိသတ်တွေအများကြီး ရှိတာကြောင့် ဒီတစ်ခါတော့ Ghost Rider ရဲ့ အကြောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

Ghost Rider ရဲ့စွမ်းအားတွေဟာ လက်ခံထားတဲ့သူအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။
photo via cbr

Ghost Rider ဟာ တော်တော်လေးကို စွမ်းအားကြီးတာကြောင့် Marvel universe ထဲက အကြမ်းဆုံးဇာတ်ကောင်တွေထဲက တစ်ယောက်လို့တောင် ပြောလို့ရပါတယ်။ World War Hulk ထဲမှာဆိုရင် သူဟာ Hulk ကိုတောင် ခြောက်လှန့်ခဲ့ဖူးပါတယ်။ ၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ comic တစ်ခုထဲမှာ Alejandra Jones လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ Ghost Rider ဖြစ်သွားခဲ့ပါတယ်။

သူမဟာ အရင်ကဘယ် Ghost Rider မှ မလုပ်ခဲ့ဖူးတဲ့ အရာတွေမျိုးစုံကို လုပ်ပြသွားခဲ့ပါတယ်။ အဲ့ဒါကို ကြည့်ချင်းအားဖြင့် Ghost Rider ရဲ့စွမ်းအားတွေဟာ သူ့ကိုလက်ခံထားတဲ့သူအပေါ် မူတည်တယ်ဆိုတာကို ပြသွားခဲ့ပါတယ်။ ဒါ့အပြင် Ghost Rider ရဲ့စွမ်းအားတွေနဲ့ လုပ်နိုင်စွမ်းတွေဟာ အကန့်အသတ်မရှိဘဲ လက်ခံထားတဲ့သူရဲ့စိတ်ခွန်အားနဲ့ တီထွင်နိုင်စွမ်းအပေါ်မူတည်ပြီး ပိုပြီးစွမ်းအားကြီးသွားနိုင်သလို ပိုပြီးလည်း စွမ်းအားနည်းသွားနိုင်ပါတယ်။

သူမဟာ ခရစ်ယာန်သမ္မာကျန်းစာထဲက သတ္တဝါတွေကို ဖန်တီးနိုင်ပါတယ်။
photo via cbr

Comic တစ်ခုထဲမှာ Johnny Blaze ဟာ Ghost Rider အဖြစ်ကနေ အနားယူဖို့ စီစဉ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Alejandra Jones ဟာ Ghost Rider ဖြစ်လာခဲ့ပြီးတော့ သူဟာ ငယ်စဉ်တည်းက Ghost Rider ဖြစ်လာဖို့အတွက် လေ့ကျင့်လာခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ နှစ်ပေါင်းများစွာ လေ့ကျင့်မှုတွေနဲ့ စိတ်ဓာတ်အင်အားတွေကြောင့်ပဲ သူဟာ တစ်ခြား Ghost Rider တွေထက် ပိုထူးခြားလာခဲ့ပါတယ်။

သူမရဲ့စွမ်းအင်အသစ်တွေထဲမှာ ခရစ်ယာန်သမ္မာကျန်းစာထဲက သတ္တဝါတွေကို ဖန်တီးနိုင်တာလည်း ပါခဲ့ပါတယ်။ သူမဟာ ပါးစပ်ကို ဖွင့်လိုက်ပြီးတော့ အဲ့ဒီထဲကနေ ခရစ်ယာန်သမ္မာကျန်းစာထဲမှာပါပြီး သေစေနိုင်လောက်တဲ့အထိ အန္တရာယ်များတဲ့ ဓားခုတ်ကောင်လို သတ္တဝါတွေဟာ ထွက်လာခဲ့ပါတယ်။ နည်းနည်းတော့ ရွံ့စရာကောင်းတယ်လို့ထင်ရပေမယ့် ဒီစွမ်းရည်ဟာလည်း အရမ်းကို အသုံးဝင်တဲ့ စွမ်းရည်တစ်ခုပါ။

တစ်ခြားသူတွေလုပ်ထားတဲ့ အပြစ်တွေကို အာရုံခံနိုင်တဲ့အပြင် စားသုံးပစ်လို့တောင် ရပါတယ်။
photo via cbr

Ghost Rider ဟာ တစ်ချိန်လုံး အပြစ်ရှိတဲ့သူတွေကို လက်စားချေဖို့ ရှာဖွေနေတာကြောင့် လူတစ်ယောက်ကို မြင်တာနဲ့ အဲ့ဒီလူဟာ အပြစ်ရှိမရှိဆိုတာ သိနိုင်ပါတယ်။ သူဟာ အပြစ်ရှိတဲ့လူကို ကြည့်လိုက်ရုံနဲ့ သိနိုင်တဲ့အပြင် အနံ့ရတာနဲ့ကို လူတစ်ယောက်ဟာ အပြစ်ရှိမရှိ ခွဲခြားနိုင်ပါတယ်။ ဒါကတော့ Ghost Rider တိုင်းလုပ်နိုင်တဲ့ အရာတစ်ခုဖြစ်ပြီးတော့ Alejandra Jones ကတော့ တစ်ခြားသူတွေထက်ကို ပိုပြီးထူးခြားတာတွေ လုပ်နိုင်ခဲ့ပါတယ်။

အဲ့ဒါကတော့ တစ်ခြားသူတွေရဲ့အပြစ်တွေကို အာရုံခံနိုင်တဲ့အပြင် အကုန်လုံးကို စားသုံးပစ်နိုင်ပါတယ်။ တစ်ခြားလူတစ်ယောက်ရဲ့အပြစ်တွေကို စားသုံးလိုက်ရင် အဲ့ဒီလူဟာ အပြစ်ကင်းတဲ့ လူတစ်ယောက်ဖြစ်သွားပြီး ဘဝကို အသစ်ကိုနေ ပြန်ပြီးစနိုင်ပါတယ်။ ဒါပေမဲ့လည်း အဲ့လိုလုပ်ပြီးတဲ့အချိန်မှာတော့ အဲ့ဒီလူဟာ အချိန်အတော်ကြာ ကိုမာဝင်သလို ဖြစ်နေပါလိမ့်မယ်။

ငရဲမီးတောက်ရဲ့ စွမ်းအား
photo via cbr

လူတစ်ယောက်ဟာ Ghost Rider ဖြစ်သွားတာနဲ့ သူတို့တွေဟာ လုံးဝအန္တရာယ်ကြီးပြီး သေစေနိုင်တဲ့ ငရဲမီးတောက်ကို ထိန်းချုပ်နိုင်စွမ်းရသွားပါတယ်။ အဲ့ဒီငရဲမီးတောက်ဟာ Ghost Rider ရဲ့ခေါင်းနဲ့ တစ်ကိုယ်လုံးမှာ လောင်ကျွမ်းနေတဲ့အပြင် သူစီးတဲ့ဆိုင်ကယ်မှာလည်း တောက်လောင်နေတာကို တွေ့ရမှာပါ။ ဒါ့အပြင် အဲ့ဒီငရဲမီးတောက်ဟာ လက်နက်တွေနဲ့ပေါင်းစပ်ပြီးတော့လည်း အသုံးပြုလို့ရပြီးတော့ အသုံးအများဆုံးကတော့ သံကြိုးပဲ ဖြစ်ပါတယ်။

ငရဲမီးတောက်ဟာ ပုံမှန်မီးတောက်နဲ့ မတူဘဲနဲ့ အဲ့ဒီမီးတောက်ကို ထိလိုက်တဲ့သူရဲ့ခန္ဓာကိုယ်ဟာ လောင်ကျွမ်းပြီး သေဆုံးသွားသလို သူ့ရဲ့ဝိဉာဉ်ဟာလည်း ခန္ဓာကိုယ်နဲ့အတူ လောင်ကျွမ်းသွားပါတယ်။ ဒါ့အပြင် Ghost Rider ဟာ ငရဲမီးတောက်နဲ့လည်း သူ့ရဲ့ရန်သူဆီကို လှမ်းပစ်လို့ရတဲ့အပြင် ငရဲမီးတောက်နဲ့ပေါင်းစပ်ထားတဲ့ လက်နက်တွေကိုလည်း စိတ်နဲ့ထိန်းချုပ်လို့ရပါတယ်။

ပထမဆုံး Ghost Rider ဟာ cowboy တစ်ယောက် ဖြစ်ပါတယ်။
photo via cbr

Ghost Rider ဟာ အမြဲတမ်း လက်စားချေခြင်းကို ရှာဖွေနေတဲ့ သူတစ်ယောက်မဟုတ်ပါဘူး။ ၁၉၆၇ ခုနှစ်မှာ ထွက်ခဲ့တဲ့ Ghost Rider #1 ထဲမှာဆိုရင် ပထမဆုံး Ghost Rider အကြောင်း ပါဝင်ပါတယ်။ အမေရိကားတိုက်ရဲ့ လူနီရိုင်းတွေအဖြစ် ရုပ်ဖျက်ထားပြီး လူတွေကို ရိုက်နှက်နေတဲ့ လူတစ်စုနဲ့ Carter Slade လို့ခေါ်တဲ့ လူငယ်လေးတစ်ယောက်ဟာ သွားပြီးတွေ့မိကြပါတယ်။

အဲ့ဒါကြောင့်ပဲ Carter Slade ဟာတားဆီးဖို့ ကြိုးစားတဲ့အခါမှာတော့ သေနတ်နဲ့ အကြိမ်ပေါင်းများစွာ အပစ်ခံလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ တကယ့် လူနီရိုင်းတွေဟာ သူ့ကိုရှာတွေ့သွားကြပြီးတော့ ဆေးကုပေးပြီး အသက်ကယ်ခဲ့ပါတယ်။ သူဟာ ပြန်ပြီးကောင်းလာတဲ့နောက်မှာတော့ အပြစ်မဲ့တဲ့လူတွေကို ကာကွယ်ဖို့အတွက် မြင့်မြတ်တဲ့ ဝိဉာဉ်ကို ပိုင်ဆိုင်ဖို့ ထိုက်တန်တယ်ဆိုပြီး ပြောတာကို ကြားခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ လက်ခံလိုက်ပြီး ပထမဆုံး Ghost Rider ဖြစ်လာခဲ့ပါတယ်။

The Penance Stare
photo via cbr

Ghost Rider ရဲ့စွမ်းအားအကြီးဆုံးလက်နက်တွေထဲမှာ သူ့ရဲ့မျက်လုံးကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သူဟာ လူတစ်ယောက်ရဲ့မျက်လုံးထဲကို စိုက်ကြည့်လိုက်တဲ့အခါဆိုရင် အဲ့ဒီလူဟာ လုံးဝကို အကာအကွယ်မဲ့သွားပြီး ဆင်းရဲဒုက္ခတွေကို ခံစားရပါတယ်။ The Penance Stare ကိုသုံးပြီးလူတစ်ယောက်ကို ကြည့်လိုက်ရင် အဲ့ဒီလူရဲ့ဘဝတစ်လျှောက်လုံးမှာ တစ်ခြားသူတွေအပေါ်မှာ ကျူးလွန်ခဲ့ဖူးတဲ့ အပြစ်တွေနဲ့ နာကျင်မှုတွေကိုအကုန်လုံးကို အဆုံးသတ်မရှိလောက်အောင် ခံစားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း The Penance Stare မသက်ရောက်နိုင်ခဲ့တဲ့ အချိန်တွေလည်း ရှိပါတယ်။

Penance Stare ဟာ Deadpool နဲ့ The Punisher တို့အပေါ်မှာ လုံးဝကို သက်ရောက်မှုမရှိခဲ့ပါဘူး။ အကြောင်းကတော့ သူတို့ကြောင့် ဖြစ်ခဲ့တဲ့ ပျက်စီးမှုတွေနဲ့ နာကျင်မှုတွေအတွက် သူတို့ဟာ အပြစ်မရှိဘူးလို့ ခံယူထားတာကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော Penance Stare ဟာ တော်တော်လေးကို စွမ်းအားကြီးပြီးတော့ Galactus လိုစွမ်းအားကြီးတဲ့ဗီလိန်တစ်ယောက်အပေါ်မှာတောင် အလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ သူ့ကြောင့်ပျက်စီးခဲ့ရတဲ့ ကမ္ဘာတွေနဲ့ မရေတွက်နိုင်လောက်တဲ့ လူတွေရဲ့နာကျင်မှုတွေကို ခံစားခဲ့ရပါတယ်။

မြင့်မြတ်တဲ့ နေရာတွေကို ဝင်လို့မရဘူး။
photo via cbr

Ghost Rider တွေအတော်များများရဲ့ အားနည်းချက်ဟာ မြင့်မြတ်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကောင်းကင်ဘုံမှာ ပြုလုပ်ထားတဲ့ လက်နက်လို အရာတွေနဲ့ဆိုရင် Ghost Rider တွေကို တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Ghost Rider ဟာ ဘုရားကျောင်းလိုမျိုး မြင့်မြတ်တဲ့နယ်မြေထဲကို ဝင်သွားမယ်ဆိုရင် ချက်ချင်းပဲ လူအဖြစ်ပြန်ပြီး ပြောင်းသွားမှာ ဖြစ်ပါတယ်။

Marvel Ultimate Universe ထဲမှာဆိုရင် John Blaze ဟာ သူ့ရဲ့ကောင်မလေးကို ဂန်းစတားတွေလက်ကနေ ကာကွယ်ဖို့အတွက် သူ့ရဲ့ဝိဉာဉ်ကို နတ်ဆိုးဆီကို ရောင်းစားခဲ့ပြီးတော့ Ghost Rider ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Ghost Rider ရဲ့စွမ်းအားတွေနဲ့ ပြန်ပြီး လက်စားချေကာ သူ့ရဲ့ကောင်မလေးကို ကယ်တင်ခဲ့ပါတယ်။ ဒါ့ပေမဲ့လည်း အဲ့ဒီဂိုဏ်းရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ ခေါင်းဆောင်ဟာ ဘုရားကျောင်းထဲမှာ နေနေတာကြောင့် Ghost Rider ရောက်လာပြီး တိုက်ခိုက်ဖို့ကြိုးစားတဲ့အခါမှာတော့ ဘုရားကျောင်းထဲကို ရောက်နေတာကြောင့် ချက်ချင်းပဲ လူအဖြစ် ပြန်ပြောင်းသွားခဲ့ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Ghost Rider ဟာ ၁၉၇၂ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Marvel Spotlight #5 မွာ စတင္ပါဝင္ခဲ့တာ ျဖစ္ၿပီးေတာ့ အဲ့ဒီအခ်ိန္ကေန အခုထိ Marvel ရဲ႕အေအာင္ျမင္ဆုံး ဇာတ္ေကာင္ေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။ သူဟာ ဟီး႐ိုးတစ္ေယာက္ဆိုတာထက္ကို anti-hero လို႔ေျပာရင္ ပိုၿပီးမွန္ပါလိမ့္မယ္။ ဒါ့အျပင္ သူ႔ရဲ႕ပရိသတ္ေတြအမ်ားႀကီး ရွိတာေၾကာင့္ ဒီတစ္ခါေတာ့ Ghost Rider ရဲ႕ အေၾကာင္းေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Ghost Rider ရဲ႕စြမ္းအားေတြဟာ လက္ခံထားတဲ့သူအေပၚ မူတည္ၿပီး ေျပာင္းလဲႏိုင္ပါတယ္။
photo via cbr

Ghost Rider ဟာ ေတာ္ေတာ္ေလးကို စြမ္းအားႀကီးတာေၾကာင့္ Marvel universe ထဲက အၾကမ္းဆုံးဇာတ္ေကာင္ေတြထဲက တစ္ေယာက္လို႔ေတာင္ ေျပာလို႔ရပါတယ္။ World War Hulk ထဲမွာဆိုရင္ သူဟာ Hulk ကိုေတာင္ ေျခာက္လွန႔္ခဲ့ဖူးပါတယ္။ ၂၀၁၁ ခုႏွစ္မွာ ထြက္ခဲ့တဲ့ comic တစ္ခုထဲမွာ Alejandra Jones လို႔ေခၚတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ Ghost Rider ျဖစ္သြားခဲ့ပါတယ္။

သူမဟာ အရင္ကဘယ္ Ghost Rider မွ မလုပ္ခဲ့ဖူးတဲ့ အရာေတြမ်ိဳးစုံကို လုပ္ျပသြားခဲ့ပါတယ္။ အဲ့ဒါကို ၾကည့္ခ်င္းအားျဖင့္ Ghost Rider ရဲ႕စြမ္းအားေတြဟာ သူ႔ကိုလက္ခံထားတဲ့သူအေပၚ မူတည္တယ္ဆိုတာကို ျပသြားခဲ့ပါတယ္။ ဒါ့အျပင္ Ghost Rider ရဲ႕စြမ္းအားေတြနဲ႔ လုပ္ႏိုင္စြမ္းေတြဟာ အကန႔္အသတ္မရွိဘဲ လက္ခံထားတဲ့သူရဲ႕စိတ္ခြန္အားနဲ႔ တီထြင္ႏိုင္စြမ္းအေပၚမူတည္ၿပီး ပိုၿပီးစြမ္းအားႀကီးသြားႏိုင္သလို ပိုၿပီးလည္း စြမ္းအားနည္းသြားႏိုင္ပါတယ္။

သူမဟာ ခရစ္ယာန္သမၼာက်န္းစာထဲက သတၱဝါေတြကို ဖန္တီးႏိုင္ပါတယ္။
photo via cbr

Comic တစ္ခုထဲမွာ Johnny Blaze ဟာ Ghost Rider အျဖစ္ကေန အနားယူဖို႔ စီစဥ္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Alejandra Jones ဟာ Ghost Rider ျဖစ္လာခဲ့ၿပီးေတာ့ သူဟာ ငယ္စဥ္တည္းက Ghost Rider ျဖစ္လာဖို႔အတြက္ ေလ့က်င့္လာခဲ့တာ ျဖစ္ပါတယ္။ သူမရဲ႕ ႏွစ္ေပါင္းမ်ားစြာ ေလ့က်င့္မႈေတြနဲ႔ စိတ္ဓာတ္အင္အားေတြေၾကာင့္ပဲ သူဟာ တစ္ျခား Ghost Rider ေတြထက္ ပိုထူးျခားလာခဲ့ပါတယ္။

သူမရဲ႕စြမ္းအင္အသစ္ေတြထဲမွာ ခရစ္ယာန္သမၼာက်န္းစာထဲက သတၱဝါေတြကို ဖန္တီးႏိုင္တာလည္း ပါခဲ့ပါတယ္။ သူမဟာ ပါးစပ္ကို ဖြင့္လိုက္ၿပီးေတာ့ အဲ့ဒီထဲကေန ခရစ္ယာန္သမၼာက်န္းစာထဲမွာပါၿပီး ေသေစႏိုင္ေလာက္တဲ့အထိ အႏၲရာယ္မ်ားတဲ့ ဓားခုတ္ေကာင္လို သတၱဝါေတြဟာ ထြက္လာခဲ့ပါတယ္။ နည္းနည္းေတာ့ ႐ြံ႕စရာေကာင္းတယ္လို႔ထင္ရေပမယ့္ ဒီစြမ္းရည္ဟာလည္း အရမ္းကို အသုံးဝင္တဲ့ စြမ္းရည္တစ္ခုပါ။

တစ္ျခားသူေတြလုပ္ထားတဲ့ အျပစ္ေတြကို အာ႐ုံခံႏိုင္တဲ့အျပင္ စားသုံးပစ္လို႔ေတာင္ ရပါတယ္။
photo via cbr

Ghost Rider ဟာ တစ္ခ်ိန္လုံး အျပစ္ရွိတဲ့သူေတြကို လက္စားေခ်ဖို႔ ရွာေဖြေနတာေၾကာင့္ လူတစ္ေယာက္ကို ျမင္တာနဲ႔ အဲ့ဒီလူဟာ အျပစ္ရွိမရွိဆိုတာ သိႏိုင္ပါတယ္။ သူဟာ အျပစ္ရွိတဲ့လူကို ၾကည့္လိုက္႐ုံနဲ႔ သိႏိုင္တဲ့အျပင္ အနံ႔ရတာနဲ႔ကို လူတစ္ေယာက္ဟာ အျပစ္ရွိမရွိ ခြဲျခားႏိုင္ပါတယ္။ ဒါကေတာ့ Ghost Rider တိုင္းလုပ္ႏိုင္တဲ့ အရာတစ္ခုျဖစ္ၿပီးေတာ့ Alejandra Jones ကေတာ့ တစ္ျခားသူေတြထက္ကို ပိုၿပီးထူးျခားတာေတြ လုပ္ႏိုင္ခဲ့ပါတယ္။

အဲ့ဒါကေတာ့ တစ္ျခားသူေတြရဲ႕အျပစ္ေတြကို အာ႐ုံခံႏိုင္တဲ့အျပင္ အကုန္လုံးကို စားသုံးပစ္ႏိုင္ပါတယ္။ တစ္ျခားလူတစ္ေယာက္ရဲ႕အျပစ္ေတြကို စားသုံးလိုက္ရင္ အဲ့ဒီလူဟာ အျပစ္ကင္းတဲ့ လူတစ္ေယာက္ျဖစ္သြားၿပီး ဘဝကို အသစ္ကိုေန ျပန္ၿပီးစႏိုင္ပါတယ္။ ဒါေပမဲ့လည္း အဲ့လိုလုပ္ၿပီးတဲ့အခ်ိန္မွာေတာ့ အဲ့ဒီလူဟာ အခ်ိန္အေတာ္ၾကာ ကိုမာဝင္သလို ျဖစ္ေနပါလိမ့္မယ္။

ငရဲမီးေတာက္ရဲ႕ စြမ္းအား
photo via cbr

လူတစ္ေယာက္ဟာ Ghost Rider ျဖစ္သြားတာနဲ႔ သူတို႔ေတြဟာ လုံးဝအႏၲရာယ္ႀကီးၿပီး ေသေစႏိုင္တဲ့ ငရဲမီးေတာက္ကို ထိန္းခ်ဳပ္ႏိုင္စြမ္းရသြားပါတယ္။ အဲ့ဒီငရဲမီးေတာက္ဟာ Ghost Rider ရဲ႕ေခါင္းနဲ႔ တစ္ကိုယ္လုံးမွာ ေလာင္ကြၽမ္းေနတဲ့အျပင္ သူစီးတဲ့ဆိုင္ကယ္မွာလည္း ေတာက္ေလာင္ေနတာကို ေတြ႕ရမွာပါ။ ဒါ့အျပင္ အဲ့ဒီငရဲမီးေတာက္ဟာ လက္နက္ေတြနဲ႔ေပါင္းစပ္ၿပီးေတာ့လည္း အသုံးျပဳလို႔ရၿပီးေတာ့ အသုံးအမ်ားဆုံးကေတာ့ သံႀကိဳးပဲ ျဖစ္ပါတယ္။

ငရဲမီးေတာက္ဟာ ပုံမွန္မီးေတာက္နဲ႔ မတူဘဲနဲ႔ အဲ့ဒီမီးေတာက္ကို ထိလိုက္တဲ့သူရဲ႕ခႏၶာကိုယ္ဟာ ေလာင္ကြၽမ္းၿပီး ေသဆုံးသြားသလို သူ႔ရဲ႕ဝိဉာဥ္ဟာလည္း ခႏၶာကိုယ္နဲ႔အတူ ေလာင္ကြၽမ္းသြားပါတယ္။ ဒါ့အျပင္ Ghost Rider ဟာ ငရဲမီးေတာက္နဲ႔လည္း သူ႔ရဲ႕ရန္သူဆီကို လွမ္းပစ္လို႔ရတဲ့အျပင္ ငရဲမီးေတာက္နဲ႔ေပါင္းစပ္ထားတဲ့ လက္နက္ေတြကိုလည္း စိတ္နဲ႔ထိန္းခ်ဳပ္လို႔ရပါတယ္။

ပထမဆုံး Ghost Rider ဟာ cowboy တစ္ေယာက္ ျဖစ္ပါတယ္။
photo via cbr

Ghost Rider ဟာ အၿမဲတမ္း လက္စားေခ်ျခင္းကို ရွာေဖြေနတဲ့ သူတစ္ေယာက္မဟုတ္ပါဘူး။ ၁၉၆၇ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Ghost Rider #1 ထဲမွာဆိုရင္ ပထမဆုံး Ghost Rider အေၾကာင္း ပါဝင္ပါတယ္။ အေမရိကားတိုက္ရဲ႕ လူနီ႐ိုင္းေတြအျဖစ္ ႐ုပ္ဖ်က္ထားၿပီး လူေတြကို ႐ိုက္ႏွက္ေနတဲ့ လူတစ္စုနဲ႔ Carter Slade လို႔ေခၚတဲ့ လူငယ္ေလးတစ္ေယာက္ဟာ သြားၿပီးေတြ႕မိၾကပါတယ္။

အဲ့ဒါေၾကာင့္ပဲ Carter Slade ဟာတားဆီးဖို႔ ႀကိဳးစားတဲ့အခါမွာေတာ့ ေသနတ္နဲ႔ အႀကိမ္ေပါင္းမ်ားစြာ အပစ္ခံလိုက္ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ တကယ့္ လူနီ႐ိုင္းေတြဟာ သူ႔ကိုရွာေတြ႕သြားၾကၿပီးေတာ့ ေဆးကုေပးၿပီး အသက္ကယ္ခဲ့ပါတယ္။ သူဟာ ျပန္ၿပီးေကာင္းလာတဲ့ေနာက္မွာေတာ့ အျပစ္မဲ့တဲ့လူေတြကို ကာကြယ္ဖို႔အတြက္ ျမင့္ျမတ္တဲ့ ဝိဉာဥ္ကို ပိုင္ဆိုင္ဖို႔ ထိုက္တန္တယ္ဆိုၿပီး ေျပာတာကို ၾကားခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ လက္ခံလိုက္ၿပီး ပထမဆုံး Ghost Rider ျဖစ္လာခဲ့ပါတယ္။

The Penance Stare
photo via cbr

Ghost Rider ရဲ႕စြမ္းအားအႀကီးဆုံးလက္နက္ေတြထဲမွာ သူ႔ရဲ႕မ်က္လုံးကလည္း တစ္ခုအပါအဝင္ ျဖစ္ပါတယ္။ သူဟာ လူတစ္ေယာက္ရဲ႕မ်က္လုံးထဲကို စိုက္ၾကည့္လိုက္တဲ့အခါဆိုရင္ အဲ့ဒီလူဟာ လုံးဝကို အကာအကြယ္မဲ့သြားၿပီး ဆင္းရဲဒုကၡေတြကို ခံစားရပါတယ္။ The Penance Stare ကိုသုံးၿပီးလူတစ္ေယာက္ကို ၾကည့္လိုက္ရင္ အဲ့ဒီလူရဲ႕ဘဝတစ္ေလွ်ာက္လုံးမွာ တစ္ျခားသူေတြအေပၚမွာ က်ဴးလြန္ခဲ့ဖူးတဲ့ အျပစ္ေတြနဲ႔ နာက်င္မႈေတြကိုအကုန္လုံးကို အဆုံးသတ္မရွိေလာက္ေအာင္ ခံစားရမွာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း The Penance Stare မသက္ေရာက္ႏိုင္ခဲ့တဲ့ အခ်ိန္ေတြလည္း ရွိပါတယ္။

Penance Stare ဟာ Deadpool နဲ႔ The Punisher တို႔အေပၚမွာ လုံးဝကို သက္ေရာက္မႈမရွိခဲ့ပါဘူး။ အေၾကာင္းကေတာ့ သူတို႔ေၾကာင့္ ျဖစ္ခဲ့တဲ့ ပ်က္စီးမႈေတြနဲ႔ နာက်င္မႈေတြအတြက္ သူတို႔ဟာ အျပစ္မရွိဘူးလို႔ ခံယူထားတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဘယ္လိုပဲေျပာေျပာ Penance Stare ဟာ ေတာ္ေတာ္ေလးကို စြမ္းအားႀကီးၿပီးေတာ့ Galactus လိုစြမ္းအားႀကီးတဲ့ဗီလိန္တစ္ေယာက္အေပၚမွာေတာင္ အလုပ္ျဖစ္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ေၾကာင့္ပ်က္စီးခဲ့ရတဲ့ ကမာၻေတြနဲ႔ မေရတြက္ႏိုင္ေလာက္တဲ့ လူေတြရဲ႕နာက်င္မႈေတြကို ခံစားခဲ့ရပါတယ္။

ျမင့္ျမတ္တဲ့ ေနရာေတြကို ဝင္လို႔မရဘူး။
photo via cbr

Ghost Rider ေတြအေတာ္မ်ားမ်ားရဲ႕ အားနည္းခ်က္ဟာ ျမင့္ျမတ္တဲ့ ပစၥည္းေတြ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေကာင္းကင္ဘုံမွာ ျပဳလုပ္ထားတဲ့ လက္နက္လို အရာေတြနဲ႔ဆိုရင္ Ghost Rider ေတြကို တိုက္ခိုက္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Ghost Rider ဟာ ဘုရားေက်ာင္းလိုမ်ိဳး ျမင့္ျမတ္တဲ့နယ္ေျမထဲကို ဝင္သြားမယ္ဆိုရင္ ခ်က္ခ်င္းပဲ လူအျဖစ္ျပန္ၿပီး ေျပာင္းသြားမွာ ျဖစ္ပါတယ္။

Marvel Ultimate Universe ထဲမွာဆိုရင္ John Blaze ဟာ သူ႔ရဲ႕ေကာင္မေလးကို ဂန္းစတားေတြလက္ကေန ကာကြယ္ဖို႔အတြက္ သူ႔ရဲ႕ဝိဉာဥ္ကို နတ္ဆိုးဆီကို ေရာင္းစားခဲ့ၿပီးေတာ့ Ghost Rider ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Ghost Rider ရဲ႕စြမ္းအားေတြနဲ႔ ျပန္ၿပီး လက္စားေခ်ကာ သူ႔ရဲ႕ေကာင္မေလးကို ကယ္တင္ခဲ့ပါတယ္။ ဒါ့ေပမဲ့လည္း အဲ့ဒီဂိုဏ္းရဲ႕ ေနာက္ဆုံးက်န္ခဲ့တဲ့ ေခါင္းေဆာင္ဟာ ဘုရားေက်ာင္းထဲမွာ ေနေနတာေၾကာင့္ Ghost Rider ေရာက္လာၿပီး တိုက္ခိုက္ဖို႔ႀကိဳးစားတဲ့အခါမွာေတာ့ ဘုရားေက်ာင္းထဲကို ေရာက္ေနတာေၾကာင့္ ခ်က္ခ်င္းပဲ လူအျဖစ္ ျပန္ေျပာင္းသြားခဲ့ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular