HomeCelebs Update NewsInternationalဒေါ်လာ(၅.၈)သန်းတန် တိုက်ခန်းကို ပရိသတ်တွေဆီ ပြသခဲ့တဲ့ Gigi Hadid 

ဒေါ်လာ(၅.၈)သန်းတန် တိုက်ခန်းကို ပရိသတ်တွေဆီ ပြသခဲ့တဲ့ Gigi Hadid 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် စူပါမော်ဒယ်လ် Gigi Hadid ဟာ နယူးယော့ခ်မြို့က ဒေါ်လာ(၅.၈)သန်းတန်တဲ့ သူမရဲ့ကွန်ဒိုတိုက်ခန်းကို အတွင်းပိုင်း ပြင်ဆင်မှုတွေ ပြုလုပ်ပြီး တိုက်ခန်းရဲ့ဒီဇိုင်းအနေအထားကို ပရိသတ်တွေဆီမှာ မျှဝေပေးခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Gigi ဟာ နယူးယော့ခ်မြို့က သူမရဲ့တိုက်ခန်းကို စိတ်တိုင်းကျ အနုပညာဆန်ဆန် ပြင်ဆင်ထားတဲ့ ပုံရိပ်တွေကို ဇူလိုင်လ(၂၆)ရက်နေ့က သူမရဲ့အင်စတာဂရမ်မှာ ပရိသတ်တွေဆီ မျှဝေခဲ့တာ ဖြစ်ပါတယ်။ Gigi ရဲ့ တိုက်ခန်းမှာတော့ အရောင်အသွေးစုံလင်တဲ့ ပရိဘောဂတွေနဲ့အတူ မျက်စိထဲမှာ ထင်းခနဲ၊ လင်းခနဲဖြစ်စေမယ့် အနုပညာလက်ရာတွေကို ထည့်သွင်း၊ ဒီဇိုင်းဆင်ထားပါတယ်။ တိုက်ခန်းကို အဓိကပြင်ဆင်ထားတဲ့ theme ကတော့ Boho vibe နဲ့ ခပ်မိုက်မိုက်လေး ပြင်ထားတာကို တွေ့ရမှာပါ။

Photo: gigihadid/ Instagram
Photo: gigihadid/ Instagram
Photo: gigihadid/ Instagram

သူမ သုံးစွဲထားတဲ့ အနုပညာလက်ရာတွေထဲမှာ Austyn Weiner ရဲ့ ပန်းချီကားတွေလည်း ပါဝင်ပြီး ပရိဘောဂတွေကိုတော့ နာမည်ကျော်တံဆိပ် Missoni တွေကို အသုံးပြုထားတာ တွေ့ရပါတယ်။ ဒါ့အပြင် သူမရဲ့ရေချိုးခန်းနဲ့ မီးဖိုချောင်မှာ အသုံးပြုထားတဲ့ ကြွေပြားဒီဇိုင်းတွေကိုလည်း အခြားဆယ်လီတော်တော်များများက အကြိုက်တွေ့နေကြတာကို ကွန်းမန့်ထဲမှာ တွေ့ရပါတယ်။

ဒီပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး “ပြီးခဲ့တဲ့တစ်နှစ်လုံး ကျွန်မအရမ်းစိတ်အားထက်သန်တဲ့ ကျွန်မရဲ့အိပ်မက်၊ ပရော့ဂျက်လေးကို ပြင်ဆင်နေရတာနဲ့ပဲ အချိန်တွေကုန်ခဲ့ပါတယ်။ ဒါတွေအကုန်လုံးကတော့ ကွာရန်တင်း မလုပ်ရသေးခင် အချိန်တည်းက ပြီးနေခဲ့တာတွေပါ။ ကျွန်မရဲ့အိုင်ဒီယာတွေကို ရူးတယ်လို့ မပြောဘဲ ဝိုင်းဝန်းဖန်တီးပေးခဲ့ကြတဲ့ ပညာရှင်တွေရဲ့ လက်ရာနဲ့ ဒီအိမ်လေးမှာ နေရဖို့ကို မစောင့်နိုင်တော့လောက်အောင် စိတ်လှုပ်ရှားနေတာတော့ အမှန်ပါပဲ … ” လို့ အိမ်တွင်းဒီဇိုင်းတွေကို မျှဝေထားတဲ့ ပို့စ်မှာ Gigi က ရေးသားထားပါတယ်။

Photo: gigihadid/ Instagram
Photo: gigihadid/ Instagram
Photo: gigihadid/ Instagram
Photo: gigihadid/ Instagram

Gigi ဟာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားလာတဲ့အချိန်မှာ ချစ်သူ Zayn နဲ့အတူ ပန်စီလ်ဗေးနီးယားက မိသားစုပိုင် စိုက်ပျိုးရေးခြံထဲမှာ ကွာရန်တင်း နေနေခဲ့တာ ဖြစ်ပါတယ်။ Gigi ဟာ လက်ရှိအချိန်မှာတော့ ချစ်သူ Zayn နဲ့ ရတဲ့ ကိုယ်ဝန်ကို လွယ်ထားရပြီး ဒီအကြောင်းကိုတော့ ဧပြီလ(၃၀)ရက်နေ့က The Tonight Show with Jimmy Fallon ရှိုးကို လာရောက်တဲ့အချိန်မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

နာမည္ေက်ာ္ စူပါေမာ္ဒယ္လ္ Gigi Hadid ဟာ နယူးေယာ့ခ္ၿမိဳ႕က ေဒၚလာ(၅.၈)သန္းတန္တဲ့ သူမရဲ႕ကြန္ဒိုတိုက္ခန္းကို အတြင္းပိုင္း ျပင္ဆင္မႈေတြ ျပဳလုပ္ၿပီး တိုက္ခန္းရဲ႕ဒီဇိုင္းအေနအထားကို ပရိသတ္ေတြဆီမွာ မွ်ေဝေပးခဲ့ပါတယ္။

အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Gigi ဟာ နယူးေယာ့ခ္ၿမိဳ႕က သူမရဲ႕တိုက္ခန္းကို စိတ္တိုင္းက် အႏုပညာဆန္ဆန္ ျပင္ဆင္ထားတဲ့ ပုံရိပ္ေတြကို ဇူလိုင္လ(၂၆)ရက္ေန႔က သူမရဲ႕အင္စတာဂရမ္မွာ ပရိသတ္ေတြဆီ မွ်ေဝခဲ့တာ ျဖစ္ပါတယ္။ Gigi ရဲ႕ တိုက္ခန္းမွာေတာ့ အေရာင္အေသြးစုံလင္တဲ့ ပရိေဘာဂေတြနဲ႔အတူ မ်က္စိထဲမွာ ထင္းခနဲ၊ လင္းခနဲျဖစ္ေစမယ့္ အႏုပညာလက္ရာေတြကို ထည့္သြင္း၊ ဒီဇိုင္းဆင္ထားပါတယ္။ တိုက္ခန္းကို အဓိကျပင္ဆင္ထားတဲ့ theme ကေတာ့ Boho vibe နဲ႔ ခပ္မိုက္မိုက္ေလး ျပင္ထားတာကို ေတြ႕ရမွာပါ။

Photo: gigihadid/ Instagram
Photo: gigihadid/ Instagram
Photo: gigihadid/ Instagram

သူမ သုံးစြဲထားတဲ့ အႏုပညာလက္ရာေတြထဲမွာ Austyn Weiner ရဲ႕ ပန္းခ်ီကားေတြလည္း ပါဝင္ၿပီး ပရိေဘာဂေတြကိုေတာ့ နာမည္ေက်ာ္တံဆိပ္ Missoni ေတြကို အသုံးျပဳထားတာ ေတြ႕ရပါတယ္။ ဒါ့အျပင္ သူမရဲ႕ေရခ်ိဳးခန္းနဲ႔ မီးဖိုေခ်ာင္မွာ အသုံးျပဳထားတဲ့ ေႂကြျပားဒီဇိုင္းေတြကိုလည္း အျခားဆယ္လီေတာ္ေတာ္မ်ားမ်ားက အႀကိဳက္ေတြ႕ေနၾကတာကို ကြန္းမန႔္ထဲမွာ ေတြ႕ရပါတယ္။

ဒီျပင္ဆင္မႈေတြနဲ႔ ပတ္သက္ၿပီး “ၿပီးခဲ့တဲ့တစ္ႏွစ္လုံး ကြၽန္မအရမ္းစိတ္အားထက္သန္တဲ့ ကြၽန္မရဲ႕အိပ္မက္၊ ပေရာ့ဂ်က္ေလးကို ျပင္ဆင္ေနရတာနဲ႔ပဲ အခ်ိန္ေတြကုန္ခဲ့ပါတယ္။ ဒါေတြအကုန္လုံးကေတာ့ ကြာရန္တင္း မလုပ္ရေသးခင္ အခ်ိန္တည္းက ၿပီးေနခဲ့တာေတြပါ။ ကြၽန္မရဲ႕အိုင္ဒီယာေတြကို ႐ူးတယ္လို႔ မေျပာဘဲ ဝိုင္းဝန္းဖန္တီးေပးခဲ့ၾကတဲ့ ပညာရွင္ေတြရဲ႕ လက္ရာနဲ႔ ဒီအိမ္ေလးမွာ ေနရဖို႔ကို မေစာင့္ႏိုင္ေတာ့ေလာက္ေအာင္ စိတ္လႈပ္ရွားေနတာေတာ့ အမွန္ပါပဲ … ” လို႔ အိမ္တြင္းဒီဇိုင္းေတြကို မွ်ေဝထားတဲ့ ပို႔စ္မွာ Gigi က ေရးသားထားပါတယ္။

Photo: gigihadid/ Instagram
Photo: gigihadid/ Instagram
Photo: gigihadid/ Instagram
Photo: gigihadid/ Instagram

Gigi ဟာ ကိုဗစ္ကပ္ေရာဂါ ျဖစ္ပြားလာတဲ့အခ်ိန္မွာ ခ်စ္သူ Zayn နဲ႔အတူ ပန္စီလ္ေဗးနီးယားက မိသားစုပိုင္ စိုက္ပ်ိဳးေရးၿခံထဲမွာ ကြာရန္တင္း ေနေနခဲ့တာ ျဖစ္ပါတယ္။ Gigi ဟာ လက္ရွိအခ်ိန္မွာေတာ့ ခ်စ္သူ Zayn နဲ႔ ရတဲ့ ကိုယ္ဝန္ကို လြယ္ထားရၿပီး ဒီအေၾကာင္းကိုေတာ့ ဧၿပီလ(၃၀)ရက္ေန႔က The Tonight Show with Jimmy Fallon ရႈိးကို လာေရာက္တဲ့အခ်ိန္မွာ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular