HomeCharacterGilgamesh နဲ့ Hulk တို့ ယှဉ်လိုက်ရင် ဘယ်သူက ခွန်အား ပိုကြီးသလဲ

Gilgamesh နဲ့ Hulk တို့ ယှဉ်လိုက်ရင် ဘယ်သူက ခွန်အား ပိုကြီးသလဲ

Gilgamesh ကတော့ Eternal တွေထဲမှာ ခွန်အားအကြီးဆုံး ဖြစ်ပြီး Hulk ဟာလည်း Marvel ကောမစ်ထဲက ခွန်အားအကြီးဆုံး ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။

Gilgamesh ကတော့ Hulk ကို ခွန်အားအရာမှာ ယှဉ်ပြိုင်နိုင်တဲ့ Marvel ဇာတ်ကောင် အနည်းငယ်ထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ကို ယှဉ်ကြည့်လိုက်ရင် ဘယ်သူက ပိုခွန်အားကြီးမားပြီး ရင်ဆိုင်တိုက်ခိုက်ကြမယ် ဆိုရင်တော့ ဘယ်သူက အနိုင်ရသွားနိုင်လည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

photo via screenrant

Gilgamesh ကတော့ Eternals ရုပ်ရှင်ထဲမှာမှ MCU ထဲကို စတင်ဝင်ရောက်လာတာ ဖြစ်ပြီး ပါဝင်ရတဲ့ Screen Time ကလည်း နည်းပါးတာကြောင့် သူ့ရဲ့လုပ်နိုင်စွမ်းတွေအားလုံးကို မမြင်တွေ့ခဲ့ရပါဘူး။ Hulk ကတော့ MCU ထဲမှာ ပါဝင်ခဲ့တာ ကြာမြင့်နေပြီ ဖြစ်ပြီး သူ့ရဲ့ လုပ်နိုင်စွမ်းတွေကိုလည်း မြင်တွေ့ပြီးပြီ ဖြစ်ပါတယ်။

ကောမစ်ဗားရှင်းချင်း ယှဉ်မယ်ဆိုရင်တော့ Hulk ဟာ Gilgamesh ကို အနိုင်ရဖို့ မလွယ်ကူပါဘူး။ Hulk ဟာ Gamma ဓာတ်ရောင်ခြည်သင့်မှုကြောင့် သာမန်လူဘဝကနေ သားရဲတစ်ကောင်အလား ပြောင်းလဲသွားသူ ဖြစ်ပြီး သူ့စွမ်းအားရဲ့ အဓိက အရင်းအမြစ်ကတော့ ဒေါသပဲ ဖြစ်ပါတယ်။

Gilgamesh ကတော့ Cosmic Being ဖြစ်တဲ့ Celestial က ဖန်တီးထားတာ ဖြစ်ပြီး သူကတော့ Cosmic Energy တွေကို စွမ်းအား အရင်းအမြစ်အနေနဲ့ အသုံးချပါတယ်။ ဒါ့အပြင် Gilgamesh ဟာ ခွန်အားကြီးမားရုံတင် မဟုတ်ဘဲ နှစ်ထောင်ပေါင်းများစွာ တိုက်ခိုက်လာတဲ့ အတွေ့အကြုံတွေနဲ့ ကိုယ်ခံပညာတွေလည်း တတ်မြောက်ထားပါတယ်။

Hulk ကတော့ Gilgamesh လို နည်းလမ်းတွေနဲ့ စနစ်တကျ တိုက်ခိုက်သူ မဟုတ်ဘဲ သူ့ရဲ့ ခွန်အားကိုသာ အဓိကအသုံးချတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်သာ တိုက်ခိုက်မယ်ဆိုရင်တော့ လက်ရည်တူနေရင်တောင် Hulk အတွက် အတော်ခက်ခဲနေမှာ ဖြစ်ပါတယ်။

photo via screenrant

ဒါပေမယ့်လည်း Hulk ကတော့ ဒေါသထွက်လာလေ ခွန်အားကြီးမားလာလေ ဖြစ်တာကြောင့် သူဟာ တိုက်ပွဲမှာ ရှုံးနိမ့်လာလေလေ ပိုပြီး ခွန်အားကြီးလာလေလေ ဖြစ်လာမှာပါ။ Hulk ရဲ့ ဒေါသနဲ့ ခွန်အားကို အဓိက အသုံးပြုပြီး တိုက်ခိုက်တဲ့ပုံစံဟာ ခန့်မှန်းလို့ မရနိုင်တာကြောင့်လည်း သူဟာ အန္တရာယ်များတဲ့ ပြိုင်ဘက်တစ်ယောက် ဖြစ်နေတာပါ။ ဒါကြောင့်ပဲ အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း တရားသေဖြစ်မယ်လို့တော့ တွက်လို့ မရပါဘူး။

Hulk ဟာ အလွန်ဒေါသထွက်မနေဘဲ ပုံမှန် Hulk သို့မဟုတ် Smart Hulk အနေနဲ့ပဲ တည်ရှိနေမယ် ဆိုရင်တော့ Gilgamesh က အနိုင်ရသွားမှာပါ။ အဲဒီလိုမဟုတ်ဘဲ Hulk ရဲ့ Overpower Version တွေနဲ့ ရင်ဆိုင်ရမယ် ဆိုရင်တော့ အခြေအနေပေါ် မူတည်ပြီး Gilgamesh ဟာလည်း ရှုံးနိမ့်သွားနိုင်ပါတယ်။

အပေါ်မှာ ဖော်ပြထားသလိုပဲ Hulk ရဲ့ အဓိက စွမ်းအားအရင်းအမြစ်ကတော့ ဒေါသ ဖြစ်ပြီး သူဟာ ဒေါသမထွက်နိုင်ဘူး ဆိုရင်တော့ Endgame ထဲမှာ မြင်တွေ့ခဲ့ရသလို Hulk အဖြစ် မပြောင်းလဲနိုင်တာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် Hulk ဟာ Gilgamesh ကို ဒေါသထွက်ဖို့ အကြောင်းပြချက် ရေရေရာရာ မရှိရင် Gilgamesh ကို အနိုင်ယူဖို့ လုံလောက်တဲ့ ခွန်အားလည်း ရှိလာမှာ မဟုတ်ပါဘူး။ ဒီလိုသာဆိုရင်တော့ Gilgamesh ဟာ Hulk ကို အလွယ်တကူပဲ အနိုင်ယူသွားမှာပါ။

photo via screenrant

Eternals ရုပ်ရှင်ထဲမှာတော့ Gilgamesh ဟာ သေဆုံးသွားပြီ ဖြစ်ပေမယ့်လည်း မကြာသေးခင်ကပဲ Gilgamesh ဟာ MCU ရဲ့ အနာဂတ် ပရောဂျက်တွေထဲမှာ ပြန်လည်ပါဝင်လာဦးမယ်လို့ သိရပါတယ်။

ဒါကြောင့်ပဲ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကိုတော့ မြင်ရဖို့ အခွင့်အရေး ရှိနေပါသေးတယ်။ တကယ်လို့ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကိုသာ Live Action အဖြစ် မြင်တွေ့ရမယ် ဆိုရင်တော့ ပရိသတ်တွေ တကယ် အကြိုက်တွေ့စေမယ့် ဇာတ်ဝင်ခန်း ဖြစ်လာမှာ အသေအချာပါပဲ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular