HomeEntertainmentFilmGod of War ဂိမ်းကို ဇာတ်လမ်းတွဲအဖြစ် ဖန်တီးသွားတော့မယ့် Amazon Prime

God of War ဂိမ်းကို ဇာတ်လမ်းတွဲအဖြစ် ဖန်တီးသွားတော့မယ့် Amazon Prime

မကြာသေးခင်တုန်းကတော့ Amazon Prime ဟာ God of War ဂိမ်းကို ဇာတ်လမ်းတွဲတစ်ခုအဖြစ် ဖန်တီးသွားမယ်လို့ သတင်းထွက်နေပါတယ်။ God of War ဂိမ်းကတော့ ဂိမ်းလောကရဲ့ အအောင်မြင်ဆုံး ဂိမ်းတွေထဲကတစ်ခု ဖြစ်ပြီး မသိသူ မရှိလောက်အောင် နာမည်ကြီးပါတယ်။ ဒီဂိမ်းထဲမှာတော့ ဒဏ္ဍာရီတွေကို မှီငြမ်းကာ ဖန်တီးထားတဲ့ ဇာတ်လမ်းတွေလည်း ပါဝင်နေပြီး ဒီသတင်းအရ ဆိုရင်တော့ Live Action ကို မြင်ရနိုင်ချေ ရှိနေပါတယ်။

photo via screenrant

God of War ကတော့ ၂၀၀၅ ခုနှစ်မှာ PlayStation2 အတွက် စတင်ထွက်ရှိခဲ့ပြီး ဂရိဒဏ္ဍာရီတွေကို အခြေခံကာ ဖန်တီးထားပါတယ်။ ပထမဆုံးဂိမ်းထဲမှာတော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Kratos ဟာ Ghost of Sparta ဖြစ်ပြီး Ares နေရာကို ဝင်ယူကာ နတ်ဘုရား ဖြစ်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ ဂရိနတ်ဘုရားတွေ အားလုံးကို လက်စားချေဖို့အတွက် သတ်ဖြတ်ပါတော့တယ်။

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ Amazon Prime ဟာ God of War ကို အခြေခံပြီး Live Action ဇာတ်လမ်းတွဲတစ်ခု ဖန်တီးဖို့ မျက်စိကျနေတယ်လို့ သိရပါတယ်။ Amazon နဲ့ Sony ကတော့ ဒီဇာတ်လမ်းတွဲအတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲပဲ ဖြစ်ပြီး God of War Live Action ဇာတ်လမ်းတွဲ ထွက်လာမယ်လို့တော့ တရားဝင် မကြေညာရသေးပါဘူး။

photo via screenrant

လောလောဆယ်မှာတော့ ဒီဇာတ်လမ်းတွဲကို Expanse ဇာတ်လမ်းတွဲ ဖန်တီးသူတွေ ဖြစ်တဲ့ Mark Fergus နဲ့ Hawk Ostby တို့အပြင် The Wheel of Time ဇာတ်လမ်းတွဲရဲ့ ဖန်တီးသူ ဖြစ်တဲ့ Rafe Judkins တို့က ပူးပေါင်း ဖန်တီးသွားမယ်လို့ သတင်းထွက်နေပါတယ်။ ဒါ့အပြင် Kratos နေရာမှာလည်း ဘယ်သရုပ်ဆောင်ကို ထည့်သွင်းသွားမယ်ဆိုတာ မသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ ကြိုက်နှစ်သက်ကြတဲ့ God of War ဂိမ်းကို Live Action အဖြစ် ပြန်လည်မြင်တွေ့ရမယ် ဆိုတာတော့ ရင်ခုန်စရာ သတင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular