HomeEntertainmentFilmဟောလိဝုဒ်မှာ သပိတ်မှောက်ခံနေရတဲ့ Golden Globes ဆုပေးပွဲ ၂၀၂၂ အတွက် ပယ်ဖျက်ခံရ

ဟောလိဝုဒ်မှာ သပိတ်မှောက်ခံနေရတဲ့ Golden Globes ဆုပေးပွဲ ၂၀၂၂ အတွက် ပယ်ဖျက်ခံရ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်ရဲ့ နာမည်ကြီး ရုပ်ရှင်စတူဒီယိုပေါင်းများစွာရဲ့ သပိတ်မှောက်ခြင်း ခံနေရတဲ့ နာမည်ကြီး ရွှေကမ္ဘာလုံးဆုပေးပွဲဟာ ၂၀၂၂ အတွက် ဆုပေးပွဲကိုပါ ပယ်ဖျက်ခံလိုက်ရပြီ ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးဆုပေးပွဲကို နှစ်စဉ် ထုတ်လွှင့်ပေးနေတဲ့ NBC ရုပ်သံလိုင်းဟာ ၂၀၂၂အတွက် ဆုပေးပွဲကို ထုတ်လွှင့်မပေးတော့ဘဲ ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။ အကြောင်းကတော့ ၂၀၂၁ ဆုပေးပွဲမှာ နိုင်ငံ၊ လူမျိုး၊ အသားအရောင် စုံလင်တဲ့ ထည့်သွင်းစဉ်းစားမှုတွေ မရှိဘဲ ဘက်လိုက်မှုတွေ ရှိခဲ့တယ်လို့ ကျယ်လောင်စွာ ဝေဖန်ခံခဲ့ရလို့ပဲ ဖြစ်ပါတယ်။

Golden Globes လို့ခေါ်တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကိုတော့ HFPA လို့ အတိုကောက်ခေါ်တဲ့ Hollywood Foreign Press Association က ဘုတ်အဖွဲ့အဖြစ် ကိုင်တွယ်တာ ဖြစ်ပါတယ်။ အဆိုပါ HFPA အဖွဲ့မှာ အဖွဲ့ဝင်ပေါင်း(၈၇)ယောက် ပါဝင်ပြီး ၁၉၄၄ခုနှစ် ဇန်နဝါရီလတည်းက စတင်လာခဲ့တာ ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးဆုပေးပွဲဟာ အမေရိကန်နဲ့ နိုင်ငံတကာက ထူးချွန်ပြောင်မြောက်တဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား နှစ်ခုစလုံးက အနုပညာလက်ရာနဲ့ သရုပ်ဆောင်တွေကို နှစ်စဉ် ဆုချီးမြှင့်နေကျ အစဉ်အလာ ကြီးမားတဲ့ ဆုပေးပွဲကြီးတစ်ခု ဖြစ်ပါတယ်။

ယခုဖြစ်ပွားနေတဲ့ ကိစ္စကတော့ ဘုတ်အဖွဲ့ဟာ ရုပ်ရှင်နဲ့ TV က အနုပညာလက်ရာတွေကို ဆုပေးဖို့ မဲပေးရွေးချယ်ရာမှာ နိုင်ငံ၊ လူမျိုး၊ အသားအရောင်စတဲ့ စုံလင်တဲ့ နောက်ခံနဲ့ ညီမျှတဲ့ ရွေးချယ်မှုတွေ မရှိဘူးလို့ ကျယ်လောင်စွာ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆုပေးပွဲကို နှစ်စဉ် ထုတ်လွှင့်ပေးလာခဲ့တဲ့ NBC ရုပ်သံလိုင်းကပါ အခုလို သပိတ်မှောက်လိုက်ပြီး ၂၀၂၂ အတွက် ဆုပေးပွဲကို ထုတ်လွှင့်မှု ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

ရွှေကမ္ဘာလုံးဆုပေးပွဲလို ရုပ်ရှင်ဆုပေးပွဲတွေဟာ အောင်မြင်စွာ ရပ်တည်နိုင်ဖို့အတွက် စတားပါဝါတွေကို များစွာ မှီခိုအားထားခဲ့ရပါတယ်။ သို့ပေမယ့် အခုလက်ရှိ အခြေအနေမှာတော့ အဲ့ဒီမှီခိုခဲ့ရတဲ့ ရုပ်ရှင်နဲ့ TV နယ်ပယ်က စတားတွေကပါ ဒီဆုပေးပွဲကို ပြန်ပြီးတော့ သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။

Photo via Pinterest

လက်ရှိမှာ ရွှေကမ္ဘာလုံးဆုပေးပွဲကို နာမည်ကြီး သရုပ်ဆောင်ပေါင်းများစွာနဲ့ စတူဒီယိုတွေကပါ သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။ Netflix ၊ Amazon ၊ WarnerMedia စတဲ့ နာမည်ကြီး ရုပ်ရှင်စတူဒီယိုတွေဟာ လာမယ့် ၂၀၂၂ အတွက် ရွှေကမ္ဘာလုံးဆုပေးပွဲကို သပိတ်မှောက်နေကြပါတယ်။ ဒီထဲမှာ ဆုပေးပွဲရဲ့ အစီအစဉ် တင်ဆက်သူတွေအဖြစ် တင်ဆက်ပေးလာခဲ့ကြတဲ့ Tina Fey နဲ့ Amy Poehler တို့ကပါ သပိတ်မှောက်ဖို့ ဆုံးဖြတ်လာကြတာပါ။

၂၀၂၂ ဆုပေးပွဲကို ထုတ်လွှင့်ပေးမှာ မဟုတ်ကြောင်းကိုတော့ NBC က အခုလို ထုတ်ပြန်ထားပါတယ်။ “HFPA ဟာ အဖွဲ့အစည်းအတွင်း အဓိပ္ပာယ်ပြည့်ဝတဲ့ ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်လိမ့်မယ်လို့ ကျွန်ုပ်တို့ ယုံကြည်ထားပါတယ်။ သို့သော်လည်း အခုလို ပြင်ဆင်ပြောင်းလဲမှုတွေဟာ အချိန်တစ်ခုလည်း လိုအပ်သလို လုပ်ငန်းစဉ်တွေလည်း အများကြီး လိုအပ်ပါတယ်။ ဒါကြောင့် HFPA အနေနဲ့ ဒါတွေကို မှန်ကန်အောင် ပြန်လည်ပြင်ဆင်ဖို့ရာ အချိန်လိုအပ်တယ်လို့ ကျွန်ုပ်တို့ ကောင်းကောင်း နားလည်ပါတယ်။ ဒါကြောင့် NBC အနေနဲ့ ၂၀၂၂ ဆုပေးပွဲကို ထုတ်လွှင့်ပြသပေးမှာ မဟုတ်တော့ပါဘူး။ အဖွဲ့အစည်းအနေနဲ့ သူတို့ရဲ့ ပြင်ဆင်ပြောင်းလဲမှု ဖြစ်စဉ်တွေကို စတင်ဖော်ဆောင်မယ်လို့ ယူဆတဲ့အတွက် ၂၀၂၃ခုနှစ် ဆုပေးပွဲကိုတော့ ကျွန်ုပ်တို့ဘက်က ထုတ်လွှင့်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် …. ” လို့ ထုတ်ပြန်ထားပါတယ်။

©Universal Pictures

HFPA ဘုတ်အဖွဲ့နဲ့ ပတ်သက်လို့ကတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းတည်းက လူဖြူအမျိုးသားတွေနဲ့ပဲ အဓိက ဖွဲ့စည်းထားတာကြောင့် ဝေဖန်မှုတွေ ရှိနေခဲ့တာပါ။ ဒါတင်မက ဆုအတွက် ဇာတ်ကားရွေးချယ်ရာမှာလည်း ထူးဆန်းပြီး အံဝင်မှုမရှိတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဥပမာပြောရရင် horror ဇာတ်ကားဖြစ်တဲ့ Get Out ကို Best Motion Picture – Musical or Comedy ဆိုတဲ့ category ထဲကို စံကာတင်စာရင်း ထည့်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။

Photo via IMDb

ယခုနှစ်မှာလည်း ကိုရီးယားအမေရိကန် မိသားစုတစ်ခုအကြောင်းကို ရိုက်ကူးထားတဲ့ Minari ရုပ်ရှင်ကို Best Foreign Language Film category ထဲကို ထည့်သွင်းခဲ့လို့ ဝေဖန်ခံခဲ့ရပါတယ်။ အကြောင်းကတော့ HFPA ရဲ့ စည်းမျဉ်းအရ ရုပ်ရှင်ထဲက ဒိုင်ယာလော့ခ်ရဲ့ ငါးဆယ်ရာခိုင်နှုန်းကျော်ဟာ အင်္ဂလိပ်စကားပြော မဟုတ်ဘဲ အခြားစကားပြောတစ်ခု ဖြစ်နေရင် Best Picture category ထဲကို စံကာတင်ဝင်ဖို့ မကိုက်ညီပါဘူး။

တစ်နည်းအားဖြင့် ပြောရရင် Golden Globes ရဲ့ Best Picture category တွေဟာ အင်္ဂလိပ်စကားပြောတဲ့ ရုပ်ရှင်တွေအတွက်ပဲ သီးသန့် စံကာတင် ထည့်သွင်းနိုင်တာ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းကိုကလည်း လွန်ခဲ့တဲ့ နှစ်များစွာတည်းက အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ သို့ပေမယ့်လည်း Golden Globes ဟာ သူတို့ကိုယ်တိုင် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မူဝါဒတွေကို လိုက်နာခြင်းမရှိတာကြောင့် ကျယ်လောင်စွာ ဝေဖန်ခံရတာ ဖြစ်ပါတယ်။

©Netflix

ဒါတင်မက ပရိသတ်တွေ နှစ်ခြိုက်စွာ အားပေးကြတဲ့ HBO ရဲ့ ရုပ်သံစီးရီး I May Destroy You ကိုတော့ စံကာတင်စာရင်းထဲတောင် မထည့်ခဲ့ပေမယ့် Emily In Paris ကိုတော့ category များစွာမှာ စံကာတင် ထည့်သွင်းထားတာကလည်း အကြီးအကျယ် ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။

ပြင်ဆင်ဖွဲ့စည်းမှုတွေ မလုပ်ဘဲ ယခုအတိုင်း ဆက်သွားမယ်ဆိုရင်တော့ Golden Globes ဟာ ဆက်လက် ရပ်တည်နိုင်ဖို့ မသေချာတော့ဘူးလို့တောင် မှတ်ချက်ပေးရမှာ ဖြစ်ပါတယ်။

Linda December

Source: screenrant/ EW

(Zawgyi Version)

ေဟာလိဝုဒ္ရဲ႕ နာမည္ႀကီး ႐ုပ္ရွင္စတူဒီယိုေပါင္းမ်ားစြာရဲ႕ သပိတ္ေမွာက္ျခင္း ခံေနရတဲ့ နာမည္ႀကီး ေ႐ႊကမာၻလုံးဆုေပးပြဲဟာ ၂၀၂၂ အတြက္ ဆုေပးပြဲကိုပါ ပယ္ဖ်က္ခံလိုက္ရၿပီ ျဖစ္ပါတယ္။ ေ႐ႊကမာၻလုံးဆုေပးပြဲကို ႏွစ္စဥ္ ထုတ္လႊင့္ေပးေနတဲ့ NBC ႐ုပ္သံလိုင္းဟာ ၂၀၂၂အတြက္ ဆုေပးပြဲကို ထုတ္လႊင့္မေပးေတာ့ဘဲ ပယ္ဖ်က္လိုက္တာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ၂၀၂၁ ဆုေပးပြဲမွာ ႏိုင္ငံ၊ လူမ်ိဳး၊ အသားအေရာင္ စုံလင္တဲ့ ထည့္သြင္းစဥ္းစားမႈေတြ မရွိဘဲ ဘက္လိုက္မႈေတြ ရွိခဲ့တယ္လို႔ က်ယ္ေလာင္စြာ ေဝဖန္ခံခဲ့ရလို႔ပဲ ျဖစ္ပါတယ္။

Golden Globes လို႔ေခၚတဲ့ ေ႐ႊကမာၻလုံးဆုေပးပြဲကိုေတာ့ HFPA လို႔ အတိုေကာက္ေခၚတဲ့ Hollywood Foreign Press Association က ဘုတ္အဖြဲ႕အျဖစ္ ကိုင္တြယ္တာ ျဖစ္ပါတယ္။ အဆိုပါ HFPA အဖြဲ႕မွာ အဖြဲ႕ဝင္ေပါင္း(၈၇)ေယာက္ ပါဝင္ၿပီး ၁၉၄၄ခုႏွစ္ ဇန္နဝါရီလတည္းက စတင္လာခဲ့တာ ျဖစ္ပါတယ္။ ေ႐ႊကမာၻလုံးဆုေပးပြဲဟာ အေမရိကန္နဲ႔ ႏိုင္ငံတကာက ထူးခြၽန္ေျပာင္ေျမာက္တဲ့ ႐ုပ္ရွင္နဲ႔ ႐ုပ္ျမင္သံၾကား ႏွစ္ခုစလုံးက အႏုပညာလက္ရာနဲ႔ သ႐ုပ္ေဆာင္ေတြကို ႏွစ္စဥ္ ဆုခ်ီးျမႇင့္ေနက် အစဥ္အလာ ႀကီးမားတဲ့ ဆုေပးပြဲႀကီးတစ္ခု ျဖစ္ပါတယ္။

ယခုျဖစ္ပြားေနတဲ့ ကိစၥကေတာ့ ဘုတ္အဖြဲ႕ဟာ ႐ုပ္ရွင္နဲ႔ TV က အႏုပညာလက္ရာေတြကို ဆုေပးဖို႔ မဲေပးေ႐ြးခ်ယ္ရာမွာ ႏိုင္ငံ၊ လူမ်ိဳး၊ အသားအေရာင္စတဲ့ စုံလင္တဲ့ ေနာက္ခံနဲ႔ ညီမွ်တဲ့ ေ႐ြးခ်ယ္မႈေတြ မရွိဘူးလို႔ က်ယ္ေလာင္စြာ ေဝဖန္ခံေနရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဆုေပးပြဲကို ႏွစ္စဥ္ ထုတ္လႊင့္ေပးလာခဲ့တဲ့ NBC ႐ုပ္သံလိုင္းကပါ အခုလို သပိတ္ေမွာက္လိုက္ၿပီး ၂၀၂၂ အတြက္ ဆုေပးပြဲကို ထုတ္လႊင့္မႈ ပယ္ဖ်က္လိုက္တာ ျဖစ္ပါတယ္။

ေ႐ႊကမာၻလုံးဆုေပးပြဲလို ႐ုပ္ရွင္ဆုေပးပြဲေတြဟာ ေအာင္ျမင္စြာ ရပ္တည္ႏိုင္ဖို႔အတြက္ စတားပါဝါေတြကို မ်ားစြာ မွီခိုအားထားခဲ့ရပါတယ္။ သို႔ေပမယ့္ အခုလက္ရွိ အေျခအေနမွာေတာ့ အဲ့ဒီမွီခိုခဲ့ရတဲ့ ႐ုပ္ရွင္နဲ႔ TV နယ္ပယ္က စတားေတြကပါ ဒီဆုေပးပြဲကို ျပန္ၿပီးေတာ့ သပိတ္ေမွာက္ေနၾကတာ ျဖစ္ပါတယ္။

Photo via Pinterest

လက္ရွိမွာ ေ႐ႊကမာၻလုံးဆုေပးပြဲကို နာမည္ႀကီး သ႐ုပ္ေဆာင္ေပါင္းမ်ားစြာနဲ႔ စတူဒီယိုေတြကပါ သပိတ္ေမွာက္ေနၾကတာ ျဖစ္ပါတယ္။ Netflix ၊ Amazon ၊ WarnerMedia စတဲ့ နာမည္ႀကီး ႐ုပ္ရွင္စတူဒီယိုေတြဟာ လာမယ့္ ၂၀၂၂ အတြက္ ေ႐ႊကမာၻလုံးဆုေပးပြဲကို သပိတ္ေမွာက္ေနၾကပါတယ္။ ဒီထဲမွာ ဆုေပးပြဲရဲ႕ အစီအစဥ္ တင္ဆက္သူေတြအျဖစ္ တင္ဆက္ေပးလာခဲ့ၾကတဲ့ Tina Fey နဲ႔ Amy Poehler တို႔ကပါ သပိတ္ေမွာက္ဖို႔ ဆုံးျဖတ္လာၾကတာပါ။

၂၀၂၂ ဆုေပးပြဲကို ထုတ္လႊင့္ေပးမွာ မဟုတ္ေၾကာင္းကိုေတာ့ NBC က အခုလို ထုတ္ျပန္ထားပါတယ္။ “HFPA ဟာ အဖြဲ႕အစည္းအတြင္း အဓိပၸာယ္ျပည့္ဝတဲ့ ျပန္လည္ျပင္ဆင္မႈေတြ ျပဳလုပ္လိမ့္မယ္လို႔ ကြၽႏ္ုပ္တို႔ ယုံၾကည္ထားပါတယ္။ သို႔ေသာ္လည္း အခုလို ျပင္ဆင္ေျပာင္းလဲမႈေတြဟာ အခ်ိန္တစ္ခုလည္း လိုအပ္သလို လုပ္ငန္းစဥ္ေတြလည္း အမ်ားႀကီး လိုအပ္ပါတယ္။ ဒါေၾကာင့္ HFPA အေနနဲ႔ ဒါေတြကို မွန္ကန္ေအာင္ ျပန္လည္ျပင္ဆင္ဖို႔ရာ အခ်ိန္လိုအပ္တယ္လို႔ ကြၽႏ္ုပ္တို႔ ေကာင္းေကာင္း နားလည္ပါတယ္။ ဒါေၾကာင့္ NBC အေနနဲ႔ ၂၀၂၂ ဆုေပးပြဲကို ထုတ္လႊင့္ျပသေပးမွာ မဟုတ္ေတာ့ပါဘူး။ အဖြဲ႕အစည္းအေနနဲ႔ သူတို႔ရဲ႕ ျပင္ဆင္ေျပာင္းလဲမႈ ျဖစ္စဥ္ေတြကို စတင္ေဖာ္ေဆာင္မယ္လို႔ ယူဆတဲ့အတြက္ ၂၀၂၃ခုႏွစ္ ဆုေပးပြဲကိုေတာ့ ကြၽႏ္ုပ္တို႔ဘက္က ထုတ္လႊင့္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ …. ” လို႔ ထုတ္ျပန္ထားပါတယ္။

©Universal Pictures

HFPA ဘုတ္အဖြဲ႕နဲ႔ ပတ္သက္လို႔ကေတာ့ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္းတည္းက လူျဖဴအမ်ိဳးသားေတြနဲ႔ပဲ အဓိက ဖြဲ႕စည္းထားတာေၾကာင့္ ေဝဖန္မႈေတြ ရွိေနခဲ့တာပါ။ ဒါတင္မက ဆုအတြက္ ဇာတ္ကားေ႐ြးခ်ယ္ရာမွာလည္း ထူးဆန္းၿပီး အံဝင္မႈမရွိတဲ့ ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ခဲ့တာေၾကာင့္ ျပင္းထန္တဲ့ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ဥပမာေျပာရရင္ horror ဇာတ္ကားျဖစ္တဲ့ Get Out ကို Best Motion Picture – Musical or Comedy ဆိုတဲ့ category ထဲကို စံကာတင္စာရင္း ထည့္သြင္းခဲ့ျခင္း ျဖစ္ပါတယ္။

Photo via IMDb

ယခုႏွစ္မွာလည္း ကိုရီးယားအေမရိကန္ မိသားစုတစ္ခုအေၾကာင္းကို ႐ိုက္ကူးထားတဲ့ Minari ႐ုပ္ရွင္ကို Best Foreign Language Film category ထဲကို ထည့္သြင္းခဲ့လို႔ ေဝဖန္ခံခဲ့ရပါတယ္။ အေၾကာင္းကေတာ့ HFPA ရဲ႕ စည္းမ်ဥ္းအရ ႐ုပ္ရွင္ထဲက ဒိုင္ယာေလာ့ခ္ရဲ႕ ငါးဆယ္ရာခိုင္ႏႈန္းေက်ာ္ဟာ အဂၤလိပ္စကားေျပာ မဟုတ္ဘဲ အျခားစကားေျပာတစ္ခု ျဖစ္ေနရင္ Best Picture category ထဲကို စံကာတင္ဝင္ဖို႔ မကိုက္ညီပါဘူး။

တစ္နည္းအားျဖင့္ ေျပာရရင္ Golden Globes ရဲ႕ Best Picture category ေတြဟာ အဂၤလိပ္စကားေျပာတဲ့ ႐ုပ္ရွင္ေတြအတြက္ပဲ သီးသန႔္ စံကာတင္ ထည့္သြင္းႏိုင္တာ ျဖစ္ပါတယ္။ ဒီစည္းမ်ဥ္းကိုကလည္း လြန္ခဲ့တဲ့ ႏွစ္မ်ားစြာတည္းက အျငင္းပြားမႈေတြ ရွိခဲ့ပါတယ္။ သို႔ေပမယ့္လည္း Golden Globes ဟာ သူတို႔ကိုယ္တိုင္ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းနဲ႔ မူဝါဒေတြကို လိုက္နာျခင္းမရွိတာေၾကာင့္ က်ယ္ေလာင္စြာ ေဝဖန္ခံရတာ ျဖစ္ပါတယ္။

©Netflix

ဒါတင္မက ပရိသတ္ေတြ ႏွစ္ၿခိဳက္စြာ အားေပးၾကတဲ့ HBO ရဲ႕ ႐ုပ္သံစီးရီး I May Destroy You ကိုေတာ့ စံကာတင္စာရင္းထဲေတာင္ မထည့္ခဲ့ေပမယ့္ Emily In Paris ကိုေတာ့ category မ်ားစြာမွာ စံကာတင္ ထည့္သြင္းထားတာကလည္း အႀကီးအက်ယ္ ေဝဖန္စရာ ျဖစ္ခဲ့ပါတယ္။

ျပင္ဆင္ဖြဲ႕စည္းမႈေတြ မလုပ္ဘဲ ယခုအတိုင္း ဆက္သြားမယ္ဆိုရင္ေတာ့ Golden Globes ဟာ ဆက္လက္ ရပ္တည္ႏိုင္ဖို႔ မေသခ်ာေတာ့ဘူးလို႔ေတာင္ မွတ္ခ်က္ေပးရမွာ ျဖစ္ပါတယ္။

Linda December

Source: screenrant/ EW

 

RELATED ARTICLES

Most Popular