HomeEntertainmentFilmပိတ်ရက်မှာ ကြည့်ဖို့အတွက် ဇာတ်ကားကောင်းများ

ပိတ်ရက်မှာ ကြည့်ဖို့အတွက် ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လူတွေဟာ အလုပ်ကြောင့်ပဲဖြစ်ဖြစ် ၊ တစ်ခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် စိတ်ပင်ပန်းလာတဲ့အချိန်မှာတော့ စိတ်ထွက်ပေါက်တစ်ခုကို လိုအပ်ပါတယ်။ အဲ့လိုအချိန်တွေမှာ ရုပ်ရှင်ကောင်းကောင်းလေး ကြည့်ပြီးတော့ အနားယူလိုက်ရင် စိတ်ပင်ပန်းတာတွေ အနည်းငယ်လောက်တော့ ပျောက်သွားပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ အေးဆေးအနားယူရင်းနဲ့ ကြည့်လို့ကောင်းမယ့်ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

(7) 12 Monkeys
photo via screenrant

ဒီကားကတော့ ၁၉၉၅ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၉၆ခုနှစ်မှာ ဗိုင်းရပ်စ်တစ်ခုကြောင့် လူသားမျိုးနွယ်တစ်ခုလုံးနီးပါး သေဆုံးခဲ့ရပါတယ်။ အသက်ရှင်ကျန်သူ အနည်းငယ်ကလည်း အသက်ရှင်သန်နေထိုင်ဖို့အတွက် မြေအောက်ထဲမှာ နေကြရပါတယ်။ အဲ့လိုနဲ့ အချိန်တွေကြာလာပြီး ၂၀၃၅ခုနှစ်မှာတော့ အဲ့ဒီဗိုင်းရပ်စ် ဘယ်လိုဖြစ်ပေါ်လာလည်းဆိုတာကို စုံစမ်းဖို့ James Cole (Bruce Willis) ကို အတိတ်ကိုပြန်သွားဖို့အတွက် ရွေးချယ်ခဲ့ပါတယ်။

(6) Blade Runner 2049
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb (8.0) ရထားပါတယ်။ အရာရှိတစ်ယောက်ဖြစ်တဲ့ K ဟာ အချိန်တွေအကြာကြီး လျှို့ဝှက်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုကို သိသွားခဲ့ပါတယ်။ အဲ့ဒီလျှို့ဝှက်ချက်ဟာလည်း ပျက်စီးမှုတွေအများကြီးကို ဖြစ်စေမှာ ဖြစ်တာကြောင့်ပဲ သူဟာ နှစ်ပေါင်းသုံးဆယ်လောက် ပျောက်ဆုံးနေတဲ့ လူတစ်ယောက်ကို ရှာဖွေရပါတော့တယ်။

(5) Shutter Island
photo via screenrant

Shutter Island ကတော့ ၂၀၁၀ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.2) ရရှိထားပါတယ်။ ၁၉၅၄ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး အထူးအေးဂျင့်နှစ်ယောက်ဟာ လူသူကင်းဝေးတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာရှိတဲ့ စိတ်ရောဂါကုဆေးရုံကို တာဝန်တစ်ခုနဲ့ သွားရောက်ခဲ့ရပါတယ်။ အကြောင်းကတော့ အဲ့ဒီဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ စိတ်ရောဂါသည်တစ်ယောက် ပျောက်သွားတာကြောင့် စုံစမ်းဖို့အတွက် ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အဲ့ဒီဆေးရုံရဲ့ ဖုံးကွယ်ထားတဲ့ အကြောင်းအရာတွေကို သိသွားတဲ့အချိန်မှာတော့….။

(4) The Prestige
photo via screenrant

ဒီကားကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.5) ရထားပါတယ်။ မျက်လှည့်ပညာရှင် သူငယ်ချင်းနှစ်ယောက်ဟာ စိတ်မကောင်းစရာအဖြစ်အပျက်တစ်ခုကြောင့် ရန်သူတွေ ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်ကြပြီးတော့ အနိုင်ရဖို့ဆိုရင် ဘာကိုမဆိုစွန့်လွတ်ပြီးတော့ ဘယ်လိုအကျိုးဆက်မဆို လက်ခံဖို့အတွက် အသင့်ဖြစ်နေခဲ့ပါတယ်။

(3) Interstellar
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.6) ရရှိထားပါတယ်။ ကမ္ဘာကြီးရဲ့ သယံဇာတတွေဟာ ကုန်သလောက် ဖြစ်လာတာကြောင့် လူသားတွေ နေထိုင်ဖို့အတွက် ဂြိုဟ်အသစ်ကို ရှာဖွေရပါတော့တယ်။ ဒီလိုနဲ့ လေယာဉ်မှူးဘဝကနေ အနားယူထားပြီး လယ်သမားလုပ်နေတဲ့ Cooper ဟာ နာဆာရဲ့ကမ်းလှမ်းမှုနဲ့ နေထိုင်ရာ ဂြိုဟ်အသစ် ရှာဖွေမယ့်မစ်ရှင်မှာ ပါဝင်ဖို့ ဖြစ်လာပါတော့တယ်။

(2) The Matrix
photo via screenrant

The Matrix ကတော့ ၁၉၉၉ခုနှစ်က ထွက်ရှိထားပြီး IMDb (8.7) ရရှိထားပါတယ်။ ဒီကားဟာ ပထမဆုံးကားဖြစ်ပြီးတော့ အားလုံးပေါင်းသုံးကား ထွက်ထားကာ နောက်ထပ်တစ်ကားကတော့ ၂၀၂၂ခုနှစ်မှာတော့ ထွက်လာမယ်လို့ သိရထားပါတယ်။ ဇာတ်လမ်းကတော့ လူသားတွေရဲ့ လက်တွေ့ဘဝကြီးတစ်ခုလုံးကို The Matrix ဆိုတဲ့ ကွန်ပျူတာစနစ်နဲ့ အစားထိုးတည်ဆောက်ထားတဲ့ စွမ်းအားမြင့် ကွန်ပျူတာတွေကို Thomas Anderson ဦးဆောင်တဲ့ လူတစ်စုက တိုက်ခိုက်တဲ့ဇာတ်လမ်း ဖြစ်ပါတယ်။

(1) Inception
photo via screenrant

ဒီကားကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb (8.8) ရထားပါတယ်။ ဇာတ်လမ်းကတော့ Cobb ဆိုတဲ့လူဟာ လူတွေရဲ့အိပ်မက်ထဲကို ဝင်ရောက်ပြီး အချက်အလက်တွေ ခိုးယူတတ်တဲ့ သူခိုးတစ်ယောက် ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူဌေးကြီးတစ်ယောက်က သူ့ကို ကမ်းလှမ်းမှုတစ်ခု ပြုလုပ်လာပါတယ်။ သူဌေးကြီးရဲ့ တောင်းဆိုမှုတစ်ခုကို ပြုလုပ်ပေးမယ်ဆိုရင် သူကျူးလွန်ခဲ့ဖူးတဲ့ အရင်က ပြစ်မှုဟောင်းတွေကို ဖျက်ပေးမယ်လို့ ကမ်းလှမ်းခံရတာပါ။ ဒါပေမယ့် သူဌေးကြီးရဲ့တောင်းဆိုမှုက တန်ဖိုးကြီးကြီးပေးဖို့ ဖြစ်လာတဲ့အခါမှာတော့ …။  sci-fi ဇာတ်ကားကောင်းတစ်ကား ဖြစ်ပြီးတော့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

လူေတြဟာ အလုပ္ေၾကာင့္ပဲျဖစ္ျဖစ္ ၊ တစ္ျခားအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ စိတ္ပင္ပန္းလာတဲ့အခ်ိန္မွာေတာ့ စိတ္ထြက္ေပါက္တစ္ခုကို လိုအပ္ပါတယ္။ အဲ့လိုအခ်ိန္ေတြမွာ ႐ုပ္ရွင္ေကာင္းေကာင္းေလး ၾကည့္ၿပီးေတာ့ အနားယူလိုက္ရင္ စိတ္ပင္ပန္းတာေတြ အနည္းငယ္ေလာက္ေတာ့ ေပ်ာက္သြားပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ ေအးေဆးအနားယူရင္းနဲ႔ ၾကည့္လို႔ေကာင္းမယ့္ဇာတ္ကားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) 12 Monkeys
photo via screenrant

ဒီကားကေတာ့ ၁၉၉၅ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (8.0) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ၁၉၉၆ခုႏွစ္မွာ ဗိုင္းရပ္စ္တစ္ခုေၾကာင့္ လူသားမ်ိဳးႏြယ္တစ္ခုလုံးနီးပါး ေသဆုံးခဲ့ရပါတယ္။ အသက္ရွင္က်န္သူ အနည္းငယ္ကလည္း အသက္ရွင္သန္ေနထိုင္ဖို႔အတြက္ ေျမေအာက္ထဲမွာ ေနၾကရပါတယ္။ အဲ့လိုနဲ႔ အခ်ိန္ေတြၾကာလာၿပီး ၂၀၃၅ခုႏွစ္မွာေတာ့ အဲ့ဒီဗိုင္းရပ္စ္ ဘယ္လိုျဖစ္ေပၚလာလည္းဆိုတာကို စုံစမ္းဖို႔ James Cole (Bruce Willis) ကို အတိတ္ကိုျပန္သြားဖို႔အတြက္ ေ႐ြးခ်ယ္ခဲ့ပါတယ္။

(6) Blade Runner 2049
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၇ ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ IMDb (8.0) ရထားပါတယ္။ အရာရွိတစ္ေယာက္ျဖစ္တဲ့ K ဟာ အခ်ိန္ေတြအၾကာႀကီး လွ်ိဳ႕ဝွက္ထားတဲ့ လွ်ိဳ႕ဝွက္ခ်က္တစ္ခုကို သိသြားခဲ့ပါတယ္။ အဲ့ဒီလွ်ိဳ႕ဝွက္ခ်က္ဟာလည္း ပ်က္စီးမႈေတြအမ်ားႀကီးကို ျဖစ္ေစမွာ ျဖစ္တာေၾကာင့္ပဲ သူဟာ ႏွစ္ေပါင္းသုံးဆယ္ေလာက္ ေပ်ာက္ဆုံးေနတဲ့ လူတစ္ေယာက္ကို ရွာေဖြရပါေတာ့တယ္။

(5) Shutter Island
photo via screenrant

Shutter Island ကေတာ့ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.2) ရရွိထားပါတယ္။ ၁၉၅၄ခုႏွစ္မွာ ဇာတ္အိမ္တည္ထားၿပီး အထူးေအးဂ်င့္ႏွစ္ေယာက္ဟာ လူသူကင္းေဝးတဲ့ ကြၽန္းတစ္ကြၽန္းေပၚမွာရွိတဲ့ စိတ္ေရာဂါကုေဆး႐ုံကို တာဝန္တစ္ခုနဲ႔ သြားေရာက္ခဲ့ရပါတယ္။ အေၾကာင္းကေတာ့ အဲ့ဒီေဆး႐ုံမွာ ေဆးကုသမႈခံယူေနတဲ့ စိတ္ေရာဂါသည္တစ္ေယာက္ ေပ်ာက္သြားတာေၾကာင့္ စုံစမ္းဖို႔အတြက္ ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔ဟာ အဲ့ဒီေဆး႐ုံရဲ႕ ဖုံးကြယ္ထားတဲ့ အေၾကာင္းအရာေတြကို သိသြားတဲ့အခ်ိန္မွာေတာ့….။

(4) The Prestige
photo via screenrant

ဒီကားကေတာ့ ၂၀၀၆ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.5) ရထားပါတယ္။ မ်က္လွည့္ပညာရွင္ သူငယ္ခ်င္းႏွစ္ေယာက္ဟာ စိတ္မေကာင္းစရာအျဖစ္အပ်က္တစ္ခုေၾကာင့္ ရန္သူေတြ ျဖစ္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ၿပိဳင္ဆိုင္ၾကၿပီးေတာ့ အႏိုင္ရဖို႔ဆိုရင္ ဘာကိုမဆိုစြန႔္လြတ္ၿပီးေတာ့ ဘယ္လိုအက်ိဳးဆက္မဆို လက္ခံဖို႔အတြက္ အသင့္ျဖစ္ေနခဲ့ပါတယ္။

(3) Interstellar
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.6) ရရွိထားပါတယ္။ ကမာၻႀကီးရဲ႕ သယံဇာတေတြဟာ ကုန္သေလာက္ ျဖစ္လာတာေၾကာင့္ လူသားေတြ ေနထိုင္ဖို႔အတြက္ ၿဂိဳဟ္အသစ္ကို ရွာေဖြရပါေတာ့တယ္။ ဒီလိုနဲ႔ ေလယာဥ္မႉးဘဝကေန အနားယူထားၿပီး လယ္သမားလုပ္ေနတဲ့ Cooper ဟာ နာဆာရဲ႕ကမ္းလွမ္းမႈနဲ႔ ေနထိုင္ရာ ၿဂိဳဟ္အသစ္ ရွာေဖြမယ့္မစ္ရွင္မွာ ပါဝင္ဖို႔ ျဖစ္လာပါေတာ့တယ္။

(2) The Matrix
photo via screenrant

The Matrix ကေတာ့ ၁၉၉၉ခုႏွစ္က ထြက္ရွိထားၿပီး IMDb (8.7) ရရွိထားပါတယ္။ ဒီကားဟာ ပထမဆုံးကားျဖစ္ၿပီးေတာ့ အားလုံးေပါင္းသုံးကား ထြက္ထားကာ ေနာက္ထပ္တစ္ကားကေတာ့ ၂၀၂၂ခုႏွစ္မွာေတာ့ ထြက္လာမယ္လို႔ သိရထားပါတယ္။ ဇာတ္လမ္းကေတာ့ လူသားေတြရဲ႕ လက္ေတြ႕ဘဝႀကီးတစ္ခုလုံးကို The Matrix ဆိုတဲ့ ကြန္ပ်ဴတာစနစ္နဲ႔ အစားထိုးတည္ေဆာက္ထားတဲ့ စြမ္းအားျမင့္ ကြန္ပ်ဴတာေတြကို Thomas Anderson ဦးေဆာင္တဲ့ လူတစ္စုက တိုက္ခိုက္တဲ့ဇာတ္လမ္း ျဖစ္ပါတယ္။

(1) Inception
photo via screenrant

ဒီကားကေတာ့ ၂၀၁၀ ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ IMDb (8.8) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ Cobb ဆိုတဲ့လူဟာ လူေတြရဲ႕အိပ္မက္ထဲကို ဝင္ေရာက္ၿပီး အခ်က္အလက္ေတြ ခိုးယူတတ္တဲ့ သူခိုးတစ္ေယာက္ ျဖစ္ပါတယ္။ ဒီလိုနဲ႔ တစ္ေန႔မွာ သူေဌးႀကီးတစ္ေယာက္က သူ႔ကို ကမ္းလွမ္းမႈတစ္ခု ျပဳလုပ္လာပါတယ္။ သူေဌးႀကီးရဲ႕ ေတာင္းဆိုမႈတစ္ခုကို ျပဳလုပ္ေပးမယ္ဆိုရင္ သူက်ဴးလြန္ခဲ့ဖူးတဲ့ အရင္က ျပစ္မႈေဟာင္းေတြကို ဖ်က္ေပးမယ္လို႔ ကမ္းလွမ္းခံရတာပါ။ ဒါေပမယ့္ သူေဌးႀကီးရဲ႕ေတာင္းဆိုမႈက တန္ဖိုးႀကီးႀကီးေပးဖို႔ ျဖစ္လာတဲ့အခါမွာေတာ့ …။  sci-fi ဇာတ္ကားေကာင္းတစ္ကား ျဖစ္ၿပီးေတာ့ စိတ္ဝင္တစားနဲ႔ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular