HomeEntertainmentFilmGame of Thrones ရဲ့ spin-off တွေ ထပ်မံထွက်ရှိလာနိုင်သေးတယ်လို့ ပြောလိုက်တဲ့ HBO

Game of Thrones ရဲ့ spin-off တွေ ထပ်မံထွက်ရှိလာနိုင်သေးတယ်လို့ ပြောလိုက်တဲ့ HBO

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လောလောဆယ်မှာတော့ HBO ဟာ Game of Thrones ရဲ့ spin-off ဇာတ်လမ်းတွဲဖြစ်တဲ့ House of Dragon ကို ရိုက်ကူးဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် House of Dragon တင်မကဘဲ Game of Thrones ရဲ့ နောက်ထပ် spin-off ဇာတ်လမ်းတွဲတွေလည်း ထပ်မံထွက်လာနိုင်သေးတယ်လို့ HBO က ပြောလိုက်ပါတယ်။

လူအများစု ကြိုက်နှစ်သက်ခဲ့တဲ့ Game of Thrones ကတော့ George R. R. Martin ရေးသားထားတဲ့ A Song of Ice And Fire စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲဟာ အလွန်အောင်မြင်ခဲ့တာကြောင့် HBO ဟာ အခုချိန်မှာ Targaryen အိမ်တော်အကြောင်းကို ရိုက်ကူးသွားမယ့် House of Dragon ကို ဆက်လက်ရိုက်ကူးဖို့ စီစဉ်နေပါတယ်။

photo via screenrant

Variety သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ HBO ရဲ့ content head ဖြစ်သူ Casey Bloys ဟာ HBO ရုပ်သံလိုင်းကို အခုထက်ပိုပြီး ချဲ့ထွင်သွားဖို့နဲ့ ဘာတွေကို ပြသသွားမလည်း ဆိုတာတွေကို‌ ဆွေးနွေးသွားခဲ့ပါတယ်။ Star Wars နဲ့ Marvel ဟာ Disney အတွက် အလွန်ကြီးမားတဲ့ universe ကြီးတွေ ဖြစ်နေသလို Game of Thrones ကလည်း HBO အတွက် အလားတူ ဖြစ်လာမှာလားဆိုတဲ့ မေးခွန်းကိုတော့ Casey ဟာ ဖြစ်နိုင်ချေ ရှိပါတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ဒါတွေဟာ ဆယ်စုနှစ်နဲ့ချီပြီး ကြာမြင့်နေတဲ့ စိတ်ဝင်စားစရာ စိတ်ကူးယဉ်ဇာတ်လမ်းတွေပါ။ အစကတုန်းတော့ ဒီလောက်အထိ အောင်မြင်ခဲ့မယ်လို့တောင် မထင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း သေချာတာကတော့ အံ့ဩစရာကမ္ဘာကြီးတစ်ခုနဲ့ ကောင်းမွန်လွန်းတဲ့ ရင်းမြစ်တွေကို ကျွန်တော်တို့အနေနဲ့ ပိုင်ဆိုင်ထားတယ်ဆိုတာပါပဲ။ အဲ့ဒါကြောင့် ဒီဇာတ်လမ်းတွေဟာ Game of Thrones တစ်ခုတည်းနဲ့တော့ ရပ်တန့်သွားမယ်လို့ မထင်ပါဘူး …” လို့ Casey Bloys က ပြောထားပါတယ်။

photo via screenrant

Game of Thrones ရဲ့ နောက်ဆုံး season ကတော့ အကြောင်းအမျိူးအမျိူးကြောင့် ဝေဖန်ခံရတာမျိူးတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အသစ်ထွက်ရှိလာမယ့် House of Dragon ကလည်း ထပ်မံအောင်မြင်လာမယ် ဆိုရင်တော့ အရင်က ဝေဖန်ချက်တွေကို ပျောက်ကွယ်သွားစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Targaryen တွေဟာ Game of Thrones ထဲက လူအကြိုက်အများဆုံး ဇာတ်ကောင်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ House of Dragon ကလည်း Game of Thrones လိုပဲ အောင်မြင်လာဖို့ အလားလာတွေ ရှိပါတယ်။ House of Dragon ဇာတ်လမ်းတွဲက ထပ်ပြီး အောင်မြင်လာဦးမယ်ဆိုရင်တော့ သေချာပေါက် နောက်ထပ် spin-off တွေကိုလည်း မြင်ရနိုင်ချေ ရှိပါသေးတယ်။

Legos

Source : Screenrant

(Zawgyi Version)

ေလာေလာဆယ္မွာေတာ့ HBO ဟာ Game of Thrones ရဲ႕ spin-off ဇာတ္လမ္းတြဲျဖစ္တဲ့ House of Dragon ကို ႐ိုက္ကူးဖို႔ စီစဥ္ေနၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ House of Dragon တင္မကဘဲ Game of Thrones ရဲ႕ ေနာက္ထပ္ spin-off ဇာတ္လမ္းတြဲေတြလည္း ထပ္မံထြက္လာႏိုင္ေသးတယ္လို႔ HBO က ေျပာလိုက္ပါတယ္။

လူအမ်ားစု ႀကိဳက္ႏွစ္သက္ခဲ့တဲ့ Game of Thrones ကေတာ့ George R. R. Martin ေရးသားထားတဲ့ A Song of Ice And Fire စာအုပ္ကို အေျခခံၿပီး ႐ိုက္ကူးထားတာပဲ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္လမ္းတြဲဟာ အလြန္ေအာင္ျမင္ခဲ့တာေၾကာင့္ HBO ဟာ အခုခ်ိန္မွာ Targaryen အိမ္ေတာ္အေၾကာင္းကို ႐ိုက္ကူးသြားမယ့္ House of Dragon ကို ဆက္လက္႐ိုက္ကူးဖို႔ စီစဥ္ေနပါတယ္။

photo via screenrant

Variety သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ HBO ရဲ႕ content head ျဖစ္သူ Casey Bloys ဟာ HBO ႐ုပ္သံလိုင္းကို အခုထက္ပိုၿပီး ခ်ဲ႕ထြင္သြားဖို႔နဲ႔ ဘာေတြကို ျပသသြားမလည္း ဆိုတာေတြကို‌ ေဆြးေႏြးသြားခဲ့ပါတယ္။ Star Wars နဲ႔ Marvel ဟာ Disney အတြက္ အလြန္ႀကီးမားတဲ့ universe ႀကီးေတြ ျဖစ္ေနသလို Game of Thrones ကလည္း HBO အတြက္ အလားတူ ျဖစ္လာမွာလားဆိုတဲ့ ေမးခြန္းကိုေတာ့ Casey ဟာ ျဖစ္ႏိုင္ေခ် ရွိပါတယ္လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

“ဒါေတြဟာ ဆယ္စုႏွစ္နဲ႔ခ်ီၿပီး ၾကာျမင့္ေနတဲ့ စိတ္ဝင္စားစရာ စိတ္ကူးယဥ္ဇာတ္လမ္းေတြပါ။ အစကတုန္းေတာ့ ဒီေလာက္အထိ ေအာင္ျမင္ခဲ့မယ္လို႔ေတာင္ မထင္ခဲ့ပါဘူး။ ဒါေပမယ့္လည္း ေသခ်ာတာကေတာ့ အံ့ဩစရာကမာၻႀကီးတစ္ခုနဲ႔ ေကာင္းမြန္လြန္းတဲ့ ရင္းျမစ္ေတြကို ကြၽန္ေတာ္တို႔အေနနဲ႔ ပိုင္ဆိုင္ထားတယ္ဆိုတာပါပဲ။ အဲ့ဒါေၾကာင့္ ဒီဇာတ္လမ္းေတြဟာ Game of Thrones တစ္ခုတည္းနဲ႔ေတာ့ ရပ္တန႔္သြားမယ္လို႔ မထင္ပါဘူး …” လို႔ Casey Bloys က ေျပာထားပါတယ္။

photo via screenrant

Game of Thrones ရဲ႕ ေနာက္ဆုံး season ကေတာ့ အေၾကာင္းအမ်ိဴးအမ်ိဴးေၾကာင့္ ေဝဖန္ခံရတာမ်ိဴးေတြကို ႀကဳံေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္လည္း အသစ္ထြက္ရွိလာမယ့္ House of Dragon ကလည္း ထပ္မံေအာင္ျမင္လာမယ္ ဆိုရင္ေတာ့ အရင္က ေဝဖန္ခ်က္ေတြကို ေပ်ာက္ကြယ္သြားေစမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Targaryen ေတြဟာ Game of Thrones ထဲက လူအႀကိဳက္အမ်ားဆုံး ဇာတ္ေကာင္ေတြထဲမွာ ပါဝင္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ House of Dragon ကလည္း Game of Thrones လိုပဲ ေအာင္ျမင္လာဖို႔ အလားလာေတြ ရွိပါတယ္။ House of Dragon ဇာတ္လမ္းတြဲက ထပ္ၿပီး ေအာင္ျမင္လာဦးမယ္ဆိုရင္ေတာ့ ေသခ်ာေပါက္ ေနာက္ထပ္ spin-off ေတြကိုလည္း ျမင္ရႏိုင္ေခ် ရွိပါေသးတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular