HomeEntertainmentFilmGoT ရဲ့ prequel စီးရီး House Of The Dragon ရဲ့ First Look ထွက်ရှိလာ

GoT ရဲ့ prequel စီးရီး House Of The Dragon ရဲ့ First Look ထွက်ရှိလာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Game of the Thrones ပရိသတ်တွေ ရင်ခုန်စွာ စောင့်မျှော်နေကြတဲ့ prequel စီးရီး House of the Dragon ရဲ့ First Look ရုပ်ပုံတွေ ထွက်ရှိလာပြီး စီးရီးရဲ့ သရုပ်ဆောင်တွေကိုပါ စတင်မြင်တွေ့လိုက်ရပြီ ဖြစ်ပါတယ်။

House of the Dragon ဟာ သရုပ်ဆောင်တွေ စုပေါင်းပြီး ဇာတ်ညွှန်းဖတ်ပွဲ ပြုလုပ်ပြီးနောက်မှာ ပြီးခဲ့တဲ့ ဧပြီလမှာပဲ စမ်းသပ်ရိုက်ကူးမှုအချို့ကို ပြုလုပ်ခဲ့ပါတယ်။ ထွက်ရှိလာတဲ့ ရိုက်ကွင်းပေါ်က မြင်ကွင်းတချို့အရ ကမ်းခြေမှာ ရိုက်ကွင်းတည်ထားတာ တွေ့ရပြီး ရိုက်ကူးရေးကိုလည်း စတင်နေပြီလို့ ယူဆရပါတယ်။ ဒါကြောင့် ရှိုးဟာ ၂၀၂၂ အစောပိုင်းမှာ ထုတ်လွှင့်မလားလို့ မျှော်လင့်စရာ ရှိပါတယ်။

Photo via IMDb

House of the Dragon စီးရီးဟာ Game of Thrones ဇာတ်လမ်းတွဲထဲက အဖြစ်အပျက်တွေ မတိုင်ခင် နှစ်ပေါင်းနှစ်ရာခန့်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းကတော့ ထုံးစံအတိုင်းပဲ ဆရာကြီး George R. R. Martin ရဲ့ Fire & Blood စာအုပ်ကို အခြေခံ ရိုက်ကူးမှာဖြစ်ပြီး Westeros မှာ Targaryen အိမ်တော်က အုပ်စိုးစဉ်က အဖြစ်အပျက်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကာလဟာ The Dance of the Dragons လို့ ကျော်ကြားတဲ့ ကြောက်မက်ဖွယ်ရာ ပြည်တွင်းစစ်ကြီး ဖြစ်ပွားနေတဲ့အချိန်လည်း ဖြစ်ပြီး Targaryen အိမ်တော်ရဲ့ ကျဆုံးခန်းကို ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။

House of the Dragon စီးရီးထဲမှာတော့ Targaryen တွေရဲ့အကြောင်းကိုပဲ ဖော်ပြမှာ မဟုတ်ဘဲ သူတို့တော်ဝင်မိသားစုတွေနဲ့ ဆက်စပ်နေတဲ့ ကာရိုက်တာတွေအကြောင်းကိုပါ HBO က ထည့်သွင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Photo via IMDb

ယခုထွက်ရှိလာတဲ့ First Look တွေအရ မင်းသား Daemon Targaryen နဲ့ မင်းသမီး Rhaenyra Targaryen တို့ကို ပထမဆုံးဓာတ်ပုံမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Daemon Targaryen နေရာမှာတော့ Matt Smith က သရုပ်ဆောင်ထားပြီး Rhaenyra Targaryen နေရာမှာ Emma D’Arcy က သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

Photo via IMDb

ဒုတိယပုံမှာတော့ Westeros ရဲ့ နာမည်ကြီးသင်္ဘောသား Corlys Velaryon တစ်ဖြစ်လည်း The Sea Snake ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သရုပ်ဆောင်ထားသူကတော့ Steve Toussaint ဖြစ်ပါတယ်။

Photo via IMDb

တတိယပုံမှာတော့ Alicent Hightower နဲ့ Otto Hightower တို့ကို တွေ့ရမှာ ဖြစ်ပါတယ်။ Alicent ကတော့ Otto Hightower ရဲ့သမီး ဖြစ်ပြီး King Viserys I Targaryen ရဲ့ ဒုတိယမြောက်မိဖုရား ဖြစ်ပါတယ်။ Otto Hightower ကတော့ Hand of the King ဖြစ်ပါတယ်။ Alicent နေရာမှာတော့ Olivia Cooke က သရုပ်ဆောင်ထားပြီး Otto နေရာမှာတော့ Rhys Ifans က သရုပ်ဆောင်ထားပါတယ်။

ကာရိုက်တာတွေရဲ့ အနေအထားကို မြင်တွေ့လိုက်ရပြီ ဆိုတာနဲ့ နဂါးတွေ ပျံဝဲနေတဲ့ Westeros ကို တဖန်ပြန်မြင်တွေ့ရဖို့ ပရိသတ်တွေ စိတ်လှုပ်ရှားနေကြပြီ ဖြစ်ပါတယ်။ ဒီစီးရီးဟာလည်း ပရိသတ်တွေရဲ့ ရင်ခုန်စောင့်စားမှုကို တခဲနက် ရရှိထားတာကြောင့် မထုတ်လွှင့်သေးခင်တည်းက သန်းနဲ့ချီတဲ့ ကြည့်ရှုသူတွေကို အာမခံထားပြီးသား ဖြစ်ပါတယ်။

Photo via IMDb

ဒါကြောင့်လည်း HBO ဟာ ဒီစီးရီးရဲ့ ဘတ်ဂျက်ကို လိုအပ်သလောက် ပုံအောမယ့်သဘောမှာ ရှိနေပါတယ်။ Game of Thrones ထဲကထက် နဂါးတွေအများကြီး ပိုပါဝင်လာမယ့် ဒီစီးရီးဟာ သေချာပေါက် ဘတ်ဂျက်တွေ ပိုပြီးလိုအပ်မှာပါ။ GoT ဇာတ်သိမ်းက ဘယ်လိုပဲ အငြင်းပွားစရာ ဖြစ်ခဲ့ပါစေ။ ယခုစီးရီးကတော့ Westeros ကို လွမ်းနေတဲ့ ပရိသတ်တွေအတွက် သေချာပေါက် အလွမ်းပြေ ဖြစ်စေမယ်ဆိုတာ ငြင်းစရာမလိုလောက်ပါဘူး။

Linda December

Source: screenrant

(Zawgyi Version)

Game of the Thrones ပရိသတ္ေတြ ရင္ခုန္စြာ ေစာင့္ေမွ်ာ္ေနၾကတဲ့ prequel စီးရီး House of the Dragon ရဲ႕ First Look ႐ုပ္ပုံေတြ ထြက္ရွိလာၿပီး စီးရီးရဲ႕ သ႐ုပ္ေဆာင္ေတြကိုပါ စတင္ျမင္ေတြ႕လိုက္ရၿပီ ျဖစ္ပါတယ္။

House of the Dragon ဟာ သ႐ုပ္ေဆာင္ေတြ စုေပါင္းၿပီး ဇာတ္ၫႊန္းဖတ္ပြဲ ျပဳလုပ္ၿပီးေနာက္မွာ ၿပီးခဲ့တဲ့ ဧၿပီလမွာပဲ စမ္းသပ္႐ိုက္ကူးမႈအခ်ိဳ႕ကို ျပဳလုပ္ခဲ့ပါတယ္။ ထြက္ရွိလာတဲ့ ႐ိုက္ကြင္းေပၚက ျမင္ကြင္းတခ်ိဳ႕အရ ကမ္းေျခမွာ ႐ိုက္ကြင္းတည္ထားတာ ေတြ႕ရၿပီး ႐ိုက္ကူးေရးကိုလည္း စတင္ေနၿပီလို႔ ယူဆရပါတယ္။ ဒါေၾကာင့္ ရႈိးဟာ ၂၀၂၂ အေစာပိုင္းမွာ ထုတ္လႊင့္မလားလို႔ ေမွ်ာ္လင့္စရာ ရွိပါတယ္။

Photo via IMDb

House of the Dragon စီးရီးဟာ Game of Thrones ဇာတ္လမ္းတြဲထဲက အျဖစ္အပ်က္ေတြ မတိုင္ခင္ ႏွစ္ေပါင္းႏွစ္ရာခန႔္မွာ ဇာတ္အိမ္တည္ထားပါတယ္။ ဇာတ္လမ္းကေတာ့ ထုံးစံအတိုင္းပဲ ဆရာႀကီး George R. R. Martin ရဲ႕ Fire & Blood စာအုပ္ကို အေျခခံ ႐ိုက္ကူးမွာျဖစ္ၿပီး Westeros မွာ Targaryen အိမ္ေတာ္က အုပ္စိုးစဥ္က အျဖစ္အပ်က္ေတြကို ေတြ႕ရမွာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္ကာလဟာ The Dance of the Dragons လို႔ ေက်ာ္ၾကားတဲ့ ေၾကာက္မက္ဖြယ္ရာ ျပည္တြင္းစစ္ႀကီး ျဖစ္ပြားေနတဲ့အခ်ိန္လည္း ျဖစ္ၿပီး Targaryen အိမ္ေတာ္ရဲ႕ က်ဆုံးခန္းကို ျဖစ္ေစခဲ့တဲ့ ျဖစ္ရပ္လည္း ျဖစ္ပါတယ္။

House of the Dragon စီးရီးထဲမွာေတာ့ Targaryen ေတြရဲ႕အေၾကာင္းကိုပဲ ေဖာ္ျပမွာ မဟုတ္ဘဲ သူတို႔ေတာ္ဝင္မိသားစုေတြနဲ႔ ဆက္စပ္ေနတဲ့ ကာ႐ိုက္တာေတြအေၾကာင္းကိုပါ HBO က ထည့္သြင္း ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

Photo via IMDb

ယခုထြက္ရွိလာတဲ့ First Look ေတြအရ မင္းသား Daemon Targaryen နဲ႔ မင္းသမီး Rhaenyra Targaryen တို႔ကို ပထမဆုံးဓာတ္ပုံမွာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Daemon Targaryen ေနရာမွာေတာ့ Matt Smith က သ႐ုပ္ေဆာင္ထားၿပီး Rhaenyra Targaryen ေနရာမွာ Emma D’Arcy က သ႐ုပ္ေဆာင္ထားတာ ေတြ႕ရပါတယ္။

Photo via IMDb

ဒုတိယပုံမွာေတာ့ Westeros ရဲ႕ နာမည္ႀကီးသေဘၤာသား Corlys Velaryon တစ္ျဖစ္လည္း The Sea Snake ကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီေနရာမွာ သ႐ုပ္ေဆာင္ထားသူကေတာ့ Steve Toussaint ျဖစ္ပါတယ္။

Photo via IMDb

တတိယပုံမွာေတာ့ Alicent Hightower နဲ႔ Otto Hightower တို႔ကို ေတြ႕ရမွာ ျဖစ္ပါတယ္။ Alicent ကေတာ့ Otto Hightower ရဲ႕သမီး ျဖစ္ၿပီး King Viserys I Targaryen ရဲ႕ ဒုတိယေျမာက္မိဖုရား ျဖစ္ပါတယ္။ Otto Hightower ကေတာ့ Hand of the King ျဖစ္ပါတယ္။ Alicent ေနရာမွာေတာ့ Olivia Cooke က သ႐ုပ္ေဆာင္ထားၿပီး Otto ေနရာမွာေတာ့ Rhys Ifans က သ႐ုပ္ေဆာင္ထားပါတယ္။

ကာ႐ိုက္တာေတြရဲ႕ အေနအထားကို ျမင္ေတြ႕လိုက္ရၿပီ ဆိုတာနဲ႔ နဂါးေတြ ပ်ံဝဲေနတဲ့ Westeros ကို တဖန္ျပန္ျမင္ေတြ႕ရဖို႔ ပရိသတ္ေတြ စိတ္လႈပ္ရွားေနၾကၿပီ ျဖစ္ပါတယ္။ ဒီစီးရီးဟာလည္း ပရိသတ္ေတြရဲ႕ ရင္ခုန္ေစာင့္စားမႈကို တခဲနက္ ရရွိထားတာေၾကာင့္ မထုတ္လႊင့္ေသးခင္တည္းက သန္းနဲ႔ခ်ီတဲ့ ၾကည့္ရႈသူေတြကို အာမခံထားၿပီးသား ျဖစ္ပါတယ္။

Photo via IMDb

ဒါေၾကာင့္လည္း HBO ဟာ ဒီစီးရီးရဲ႕ ဘတ္ဂ်က္ကို လိုအပ္သေလာက္ ပုံေအာမယ့္သေဘာမွာ ရွိေနပါတယ္။ Game of Thrones ထဲကထက္ နဂါးေတြအမ်ားႀကီး ပိုပါဝင္လာမယ့္ ဒီစီးရီးဟာ ေသခ်ာေပါက္ ဘတ္ဂ်က္ေတြ ပိုၿပီးလိုအပ္မွာပါ။ GoT ဇာတ္သိမ္းက ဘယ္လိုပဲ အျငင္းပြားစရာ ျဖစ္ခဲ့ပါေစ။ ယခုစီးရီးကေတာ့ Westeros ကို လြမ္းေနတဲ့ ပရိသတ္ေတြအတြက္ ေသခ်ာေပါက္ အလြမ္းေျပ ျဖစ္ေစမယ္ဆိုတာ ျငင္းစရာမလိုေလာက္ပါဘူး။

Linda December

Source: screenrant

 

RELATED ARTICLES

Most Popular