HomeEntertainmentFilmGame of Thrones ရဲ့ prequel စီးရီး House of the Dragon နဲ့ ပတ်သက်ပြီး...

Game of Thrones ရဲ့ prequel စီးရီး House of the Dragon နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Game of Thrones ရဲ့ universe ဟာ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာပြီ ဖြစ်ပါတယ်။ ယခင်က ထွက်ရှိပြီးခဲ့တဲ့ Game of Thrones ဇာတ်လမ်းတွဲဟာ အိမ်တော်များစွာနဲ့ ခုနှစ်ပြည်ထောင်ရဲ့ အရေးကို ပြသခဲ့တာဖြစ်ပြီး ယခုဆက်လက် ထွက်ရှိလာမယ့် spin-off စီးရီးမှာတော့ Targaryen အိမ်တော်အကြောင်းကိုသာ အဓိက အသားပေးပြီး ပြသသွားမှာ ဖြစ်ပါတယ်။

House of the Dragon လို့ အမည်ရတဲ့ ဒီစီးရီးဟာ စာရေးဆရာကြီး George R. R. Martin ရဲ့ Fire & Blood စာအုပ်ကို အခြေခံကာ ရိုက်ကူးသွားမှာဖြစ်ပြီး Westeros သမိုင်းမှာ ဩဇာတိက္ကမ ကြီးမားခဲ့တဲ့ Targaryen အိမ်တော်ရဲ့ သမိုင်းကြောင်းကို အဓိက မီးမောင်းထိုးပြသွားမှာ ဖြစ်ပါတယ်။ ဒီစီးရီးရဲ့ season 1 မှာ အပိုင်း(၁၀)ပိုင်း ပါဝင်မှာဖြစ်ပြီး Game of Thrones လိုပဲ HBO ရုပ်သံလိုင်းကနေ ပြသသွားမှာ ဖြစ်ပါတယ်။

Photo via IMDb
ဇာတ်လမ်းပိုင်း

Targaryen အိမ်တော်ဟာ သမိုင်းကြောင်းမှာ ထင်ရှားခဲ့တဲ့ အိမ်တော်တစ်ခု ဖြစ်တာကြောင့် သူ့ရဲ့သမိုင်း၊ ဇာစ်မြစ်တွေကို တူးဖော်မယ်ဆိုရင်တော့ ပြသစရာတွေ အများကြီး ရှိနေမှာ အသေအချာပါပဲ။ ၂၀၁၉ခုနှစ်တုန်းကတော့ အသစ်ထွက်လာမယ့် House of the Dragon စီးရီးရဲ့ ဇာတ်လမ်းပိုင်းနဲ့ ပတ်သက်ပြီး ဆရာကြီး George R. R. Martin က သူ့ရဲ့ တရားဝင် ဘလော့ဂ်စာမျက်နှာမှာ ပြောပြထားတာ ရှိပါတယ်။

“ကျုပ်အနေနဲ့ နည်းနည်းလေးတောင် ပြောပြလို့ မဖြစ်ပါဘူး။ ဒါပေမယ့် နောက်ထပ်လာမယ့် ရှိုးက ဘာအကြောင်းလည်းဆိုတာ သိချင်တယ်ဆိုရင်တော့ ကျုပ်နဲ့ Gardner Dozois အတူတူ ရေးထားတဲ့ ဝတ္ထုတိုစာအုပ်နှစ်အုပ်ဖြစ်တဲ့ Dangerous Women နဲ့ Rogues နှစ်အုပ်ကို ပြေးဝယ်ပြီး ဖတ်ထားလိုက်ကြတော့ဗျာ။ ပြီးတော့ မေစတာချုပ်ကြီး Glydayn ရဲ့ သမိုင်းကြောင်း ပါဝင်တဲ့ Fire & Blood ကို ဖတ်ထားလိုက်ပါ ….” လို့ ဖော်ပြထားပါတယ်။

Photo via IMDb

အဆိုပါ Fire & Blood စာအုပ်ဟာ Aegon the Conqueror ခေတ်ကနေ Aegon III လက်ထက်အထိ Targaryen အိမ်တော်ရဲ့ သမိုင်းကြောင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။ လာမယ့် House of the Dragon စီးရီးရဲ့ season 1 မှာတော့  Viserys Targaryen ဘုရင်မင်းမြတ်အကြောင်းကို အဓိက အသားပေး ဖော်ပြမယ်လို့ သိရပါတယ်။ သူ အုပ်စိုးစဉ်ကာလအတွင်းကို ပြသမှာဖြစ်လို့ အချိန်အားဖြင့် ခရစ်တော်မတိုင်ခင်ကာလ ၁၀၃ အေစီ ကနေ ၁၂၉ အေစီ အတွင်း ဖြစ်မယ်လို့ သိရပါတယ်။

Viserys Targaryen ဟာ သံပုလ္လင်ပေါ်မှာ ထိုင်နိုင်ခဲ့တဲ့ ငါးယောက်မြောက် ဘုရင်ဖြစ်ပြီး Daenerys Targaryen ရဲ့ ဘိုးဘေးတစ်ယောက်လည်း ဖြစ်ပါတယ်။ Viserys ဟာ မြောက်ပိုင်းက သခင်တွေရဲ့ ရွေးချယ်မှုနဲ့ ဘုရင်အိုကြီးဖြစ်တဲ့ Jaehaerys Targaryen ဆီက နန်းလျာလွှဲပြောင်း ရယူခဲ့တာ ဖြစ်ပါတယ်။ Viserys ဟာ ကြင်နာသနားစိတ်ရှိပြီး စာရိတ္တကောင်းမွန်သူဖြစ်ကာ သူ့အဘိုးဖြစ်သူရဲ့ အမွေအနှစ်ကို ပုခုံးပြောင်းဆက်ခံလိုတဲ့ ဆန္ဒတစ်ခုသာ ရှိသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာလည်း နဂါးကို စီးနင်းနိုင်သူ ဖြစ်ပါတယ်။

Photo via IMDb
Time Frame

ယခုအသစ် ထပ်မံရိုက်ကူးမယ့် House of the Dragon စီးရီးဟာ Game of Thrones အဖြစ်အပျက် မတိုင်ခင် နှစ်ပေါင်းသုံးရာက ဖြစ်ရပ်တွေကို ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် Game of Thrones ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေ ပါဝင်လာဖို့တော့ ဘယ်လိုမှ အလားအလာ မရှိဘူးဆိုတာ သိထားရမှာ ဖြစ်ပါတယ်။

Cast

ဒီစီးရီးမှာ ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ ရွေးချယ်နေဆဲ ဖြစ်ပြီး အဓိကဇာတ်ကောင်ဖြစ်တဲ့ Viserys Targaryen နေရာမှာတော့ မင်းသားကြီး Paddy Considine ကို ရွေးချယ်ပြီးသွားပြီ ဖြစ်ပါတယ်။

Photo: paddy_considine/ Instagram
ထုတ်လွှင့်ပြသမယ့်အချိန်

House of the Dragon စီးရီးရဲ့ ထုတ်လွှင့်ပြသမယ့် နေ့စွဲကိုတော့ HBO က တရားဝင် ကြေညာထုတ်ပြန်ခြင်း မရှိသေးပါဘူး။ သို့ပေမယ့် ၂၀၂၀ခုနှစ် ဇန်နဝါရီလတုန်းက HBO ရဲ့ ပရိုဂရမ် ဥက္ကဌ Casey Bloys ရဲ့ ပြောကြားချက်အရဆိုရင်တော့ ၂၀၂၂ခုနှစ်ထဲမှာ ပြသနိုင်ဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။ သို့ပေမယ့် ဒါဟာ ကိုဗစ်ကပ်ရောဂါ မပျံ့ပွားခင်က ပြောဆိုခဲ့တဲ့စကားမို့ လက်ရှိအခြေအနေတွေနဲ့ဆိုရင် နောက်ဆုတ်သွားနိုင်ပါသေးတယ်။

ဒီစီးရီးကို George R. R. Martin နဲ့ Ryan Condal တို့က တွဲဖက် ဖန်တီးသူတွေအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ showrunner တွေအဖြစ် တာဝန်ယူသွားမယ့်သူတွေကတော့ Miguel Sapochnik နဲ့ Ryan Condal တို့ ဖြစ်ပါတယ်။

©HBO

ဒါဟာ HBO က စီစဉ်တဲ့ ဒုတိယမြောက် prequel စီးရီးဖြစ်ပြီး ၂၀၁၇ခုနှစ်တုန်းက အမည်မဖော်ပြရသေးတဲ့ prequel စီးရီးတစ်ခုကို ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပါသေးတယ်။ အဆိုပါစီးရီးမှာတော့ မင်းသမီး Naomi Watts ၊ Miranda Richardson တို့ကို သရုပ်ဆောင်အဖြစ် ရွေးချယ်ပြီးတော့မှ ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။ အကြောင်းကတော့ Game of Thrones အဖြစ်အပျက် မတိုင်ခင် နှစ်ပေါင်း ရှစ်ထောင်က ဖြစ်ရပ်တွေကို ရိုက်ကူးပြသရမှာဖြစ်လို့ လိုအပ်ချက်တွေ မြောက်များစွာ ရှိနေတဲ့အတွက် ပယ်ဖျက်လိုက်တာလို့ သိရပါတယ်။

Glasgow

Source: hollywoodlife, bbc

(Zawgyi Version)

Game of Thrones ရဲ႕ universe ဟာ တျဖည္းျဖည္းနဲ႔ က်ယ္ျပန႔္လာၿပီ ျဖစ္ပါတယ္။ ယခင္က ထြက္ရွိၿပီးခဲ့တဲ့ Game of Thrones ဇာတ္လမ္းတြဲဟာ အိမ္ေတာ္မ်ားစြာနဲ႔ ခုႏွစ္ျပည္ေထာင္ရဲ႕ အေရးကို ျပသခဲ့တာျဖစ္ၿပီး ယခုဆက္လက္ ထြက္ရွိလာမယ့္ spin-off စီးရီးမွာေတာ့ Targaryen အိမ္ေတာ္အေၾကာင္းကိုသာ အဓိက အသားေပးၿပီး ျပသသြားမွာ ျဖစ္ပါတယ္။

House of the Dragon လို႔ အမည္ရတဲ့ ဒီစီးရီးဟာ စာေရးဆရာႀကီး George R. R. Martin ရဲ႕ Fire & Blood စာအုပ္ကို အေျခခံကာ ႐ိုက္ကူးသြားမွာျဖစ္ၿပီး Westeros သမိုင္းမွာ ဩဇာတိကၠမ ႀကီးမားခဲ့တဲ့ Targaryen အိမ္ေတာ္ရဲ႕ သမိုင္းေၾကာင္းကို အဓိက မီးေမာင္းထိုးျပသြားမွာ ျဖစ္ပါတယ္။ ဒီစီးရီးရဲ႕ season 1 မွာ အပိုင္း(၁၀)ပိုင္း ပါဝင္မွာျဖစ္ၿပီး Game of Thrones လိုပဲ HBO ႐ုပ္သံလိုင္းကေန ျပသသြားမွာ ျဖစ္ပါတယ္။

Photo via IMDb
ဇာတ္လမ္းပိုင္း

Targaryen အိမ္ေတာ္ဟာ သမိုင္းေၾကာင္းမွာ ထင္ရွားခဲ့တဲ့ အိမ္ေတာ္တစ္ခု ျဖစ္တာေၾကာင့္ သူ႔ရဲ႕သမိုင္း၊ ဇာစ္ျမစ္ေတြကို တူးေဖာ္မယ္ဆိုရင္ေတာ့ ျပသစရာေတြ အမ်ားႀကီး ရွိေနမွာ အေသအခ်ာပါပဲ။ ၂၀၁၉ခုႏွစ္တုန္းကေတာ့ အသစ္ထြက္လာမယ့္ House of the Dragon စီးရီးရဲ႕ ဇာတ္လမ္းပိုင္းနဲ႔ ပတ္သက္ၿပီး ဆရာႀကီး George R. R. Martin က သူ႔ရဲ႕ တရားဝင္ ဘေလာ့ဂ္စာမ်က္ႏွာမွာ ေျပာျပထားတာ ရွိပါတယ္။

“က်ဳပ္အေနနဲ႔ နည္းနည္းေလးေတာင္ ေျပာျပလို႔ မျဖစ္ပါဘူး။ ဒါေပမယ့္ ေနာက္ထပ္လာမယ့္ ရႈိးက ဘာအေၾကာင္းလည္းဆိုတာ သိခ်င္တယ္ဆိုရင္ေတာ့ က်ဳပ္နဲ႔ Gardner Dozois အတူတူ ေရးထားတဲ့ ဝတၳဳတိုစာအုပ္ႏွစ္အုပ္ျဖစ္တဲ့ Dangerous Women နဲ႔ Rogues ႏွစ္အုပ္ကို ေျပးဝယ္ၿပီး ဖတ္ထားလိုက္ၾကေတာ့ဗ်ာ။ ၿပီးေတာ့ ေမစတာခ်ဳပ္ႀကီး Glydayn ရဲ႕ သမိုင္းေၾကာင္း ပါဝင္တဲ့ Fire & Blood ကို ဖတ္ထားလိုက္ပါ ….” လို႔ ေဖာ္ျပထားပါတယ္။

Photo via IMDb

အဆိုပါ Fire & Blood စာအုပ္ဟာ Aegon the Conqueror ေခတ္ကေန Aegon III လက္ထက္အထိ Targaryen အိမ္ေတာ္ရဲ႕ သမိုင္းေၾကာင္းကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။ လာမယ့္ House of the Dragon စီးရီးရဲ႕ season 1 မွာေတာ့  Viserys Targaryen ဘုရင္မင္းျမတ္အေၾကာင္းကို အဓိက အသားေပး ေဖာ္ျပမယ္လို႔ သိရပါတယ္။ သူ အုပ္စိုးစဥ္ကာလအတြင္းကို ျပသမွာျဖစ္လို႔ အခ်ိန္အားျဖင့္ ခရစ္ေတာ္မတိုင္ခင္ကာလ ၁၀၃ ေအစီ ကေန ၁၂၉ ေအစီ အတြင္း ျဖစ္မယ္လို႔ သိရပါတယ္။

Viserys Targaryen ဟာ သံပုလႅင္ေပၚမွာ ထိုင္ႏိုင္ခဲ့တဲ့ ငါးေယာက္ေျမာက္ ဘုရင္ျဖစ္ၿပီး Daenerys Targaryen ရဲ႕ ဘိုးေဘးတစ္ေယာက္လည္း ျဖစ္ပါတယ္။ Viserys ဟာ ေျမာက္ပိုင္းက သခင္ေတြရဲ႕ ေ႐ြးခ်ယ္မႈနဲ႔ ဘုရင္အိုႀကီးျဖစ္တဲ့ Jaehaerys Targaryen ဆီက နန္းလ်ာလႊဲေျပာင္း ရယူခဲ့တာ ျဖစ္ပါတယ္။ Viserys ဟာ ၾကင္နာသနားစိတ္ရွိၿပီး စာရိတၱေကာင္းမြန္သူျဖစ္ကာ သူ႔အဘိုးျဖစ္သူရဲ႕ အေမြအႏွစ္ကို ပုခုံးေျပာင္းဆက္ခံလိုတဲ့ ဆႏၵတစ္ခုသာ ရွိသူ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာလည္း နဂါးကို စီးနင္းႏိုင္သူ ျဖစ္ပါတယ္။

Photo via IMDb
Time Frame

ယခုအသစ္ ထပ္မံ႐ိုက္ကူးမယ့္ House of the Dragon စီးရီးဟာ Game of Thrones အျဖစ္အပ်က္ မတိုင္ခင္ ႏွစ္ေပါင္းသုံးရာက ျဖစ္ရပ္ေတြကို ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Game of Thrones ဇာတ္လမ္းတြဲထဲက ဇာတ္ေကာင္ေတြ ပါဝင္လာဖို႔ေတာ့ ဘယ္လိုမွ အလားအလာ မရွိဘူးဆိုတာ သိထားရမွာ ျဖစ္ပါတယ္။

Cast

ဒီစီးရီးမွာ ပါဝင္မယ့္ သ႐ုပ္ေဆာင္ေတြကေတာ့ ေ႐ြးခ်ယ္ေနဆဲ ျဖစ္ၿပီး အဓိကဇာတ္ေကာင္ျဖစ္တဲ့ Viserys Targaryen ေနရာမွာေတာ့ မင္းသားႀကီး Paddy Considine ကို ေ႐ြးခ်ယ္ၿပီးသြားၿပီ ျဖစ္ပါတယ္။

Photo: paddy_considine/ Instagram
ထုတ္လႊင့္ျပသမယ့္အခ်ိန္

House of the Dragon စီးရီးရဲ႕ ထုတ္လႊင့္ျပသမယ့္ ေန႔စြဲကိုေတာ့ HBO က တရားဝင္ ေၾကညာထုတ္ျပန္ျခင္း မရွိေသးပါဘူး။ သို႔ေပမယ့္ ၂၀၂၀ခုႏွစ္ ဇန္နဝါရီလတုန္းက HBO ရဲ႕ ပ႐ိုဂရမ္ ဥကၠဌ Casey Bloys ရဲ႕ ေျပာၾကားခ်က္အရဆိုရင္ေတာ့ ၂၀၂၂ခုႏွစ္ထဲမွာ ျပသႏိုင္ဖို႔ ခန႔္မွန္းထားတယ္လို႔ သိရပါတယ္။ သို႔ေပမယ့္ ဒါဟာ ကိုဗစ္ကပ္ေရာဂါ မပ်ံ႕ပြားခင္က ေျပာဆိုခဲ့တဲ့စကားမို႔ လက္ရွိအေျခအေနေတြနဲ႔ဆိုရင္ ေနာက္ဆုတ္သြားႏိုင္ပါေသးတယ္။

ဒီစီးရီးကို George R. R. Martin နဲ႔ Ryan Condal တို႔က တြဲဖက္ ဖန္တီးသူေတြအျဖစ္ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။ showrunner ေတြအျဖစ္ တာဝန္ယူသြားမယ့္သူေတြကေတာ့ Miguel Sapochnik နဲ႔ Ryan Condal တို႔ ျဖစ္ပါတယ္။

©HBO

ဒါဟာ HBO က စီစဥ္တဲ့ ဒုတိယေျမာက္ prequel စီးရီးျဖစ္ၿပီး ၂၀၁၇ခုႏွစ္တုန္းက အမည္မေဖာ္ျပရေသးတဲ့ prequel စီးရီးတစ္ခုကို ထုတ္လုပ္ဖို႔ စီစဥ္ခဲ့ပါေသးတယ္။ အဆိုပါစီးရီးမွာေတာ့ မင္းသမီး Naomi Watts ၊ Miranda Richardson တို႔ကို သ႐ုပ္ေဆာင္အျဖစ္ ေ႐ြးခ်ယ္ၿပီးေတာ့မွ ပယ္ဖ်က္လိုက္တာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Game of Thrones အျဖစ္အပ်က္ မတိုင္ခင္ ႏွစ္ေပါင္း ရွစ္ေထာင္က ျဖစ္ရပ္ေတြကို ႐ိုက္ကူးျပသရမွာျဖစ္လို႔ လိုအပ္ခ်က္ေတြ ေျမာက္မ်ားစြာ ရွိေနတဲ့အတြက္ ပယ္ဖ်က္လိုက္တာလို႔ သိရပါတယ္။

Glasgow

Source: hollywoodlife, bbc

 

RELATED ARTICLES

Most Popular