HomeCelebs Update NewsInternationalေမြးေန႔ပါတီမွာ ျပန္ဆုံခဲ့ၾကတဲ့ Game of Thrones စတားသုံးေယာက္

ေမြးေန႔ပါတီမွာ ျပန္ဆုံခဲ့ၾကတဲ့ Game of Thrones စတားသုံးေယာက္

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

HBO ရဲ့ နာမည်ကျော်စီးရီး Game of Thrones ထဲက စတားတွေဖြစ်တဲ့ Emilia Clarke ၊ Jason Momoa နဲ့ Kit Harington တို့သုံးယောက်ဟာ အောက်တိုဘာလ(၂၆)ရက်နေ့မှာ ကျရောက်တဲ့ Emilia Clarke ရဲ့ မွေးနေ့ပွဲမှာ ပြန်လည်ဆုံစည်းခဲ့ကြတာ ဖြစ်ပါတယ်။

ပူပူနွေးနွေး အသက်(၃၃)နှစ်ပြည့်သွားတဲ့ မင်းသမီးချော Emilia Clarke ဟာ စီးရီးထဲက အချစ်နှစ်ယောက်နဲ့ အပြင်မှာ ပြန်တွေ့ရတော့ အတိတ်ကို သတိရသွားဟန် တူပါတယ်။ ပျော်စရာပုံရိပ်လေးတွေကို သူမရဲ့ IG မှာ ပြန်လည်မျှဝေထားတာကို တွေ့ရပါတယ်။ Khalessi ၊ Khal Drogo နဲ့ King in the North, Jon Snow တို့ ပြန်လည်ဆုံတွေ့ခဲ့တဲ့ ဒီပုံရိပ်လေးဟာ GoT ပရိသတ်တွေအတွက်လည်း အလွမ်းပြေဖြစ်စေတာတော့ အမှန်ပါ။ ဓာတ်ပုံထဲမှာတော့ Emilia နဲ့ Kit Harington ကို Jason Momoa က ဖက်ထားတာပါ။

Photo: emilia_clarke/ Instagram

Jason Momoa ၊ Kit Harington တို့နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေအပြင် အခြားခင်မင်ရတဲ့ သူငယ်ချင်းတွေနဲ့ ရိုက်ကူးထားတဲ့ အမှတ်တရဓာတ်ပုံတွေကိုလည်း ဝေမျှထားပါသေးတယ်။ အနက်ရောင်ဂါဝန် ဝတ်ထားတဲ့ Emilia ကို Camila Cabello က ဒူးထောက်ပြီး အရိုအသေပေးနေတဲ့ ပုံလေးလည်း ပါဝင်ပါတယ်။ ဒါကတော့ ဘုရင်မ Khalessi ကို အရိုအသေပေးတဲ့ပုံစံ ပို့စ်ပေးထားတာဖြစ်ပြီး ကမ္ဘာအနှံ့က ဆယ်လီတွေသာမက ပရိသတ်မြောက်များစွာကလည်း Emilia ရဲ့ Khalessi ကာရိုက်တာကို ချစ်ခင်နှစ်သက်ကြခြင်းရဲ့ သာဓကပါပဲ။

Photo: emilia_clarke/ Instagram

Emilia ကိုယ်တိုင်ကလည်း Khalessi ကာရိုက်တာဟာ သူမဘဝကို အကြီးအကျယ် သက်ရောက်မှုရှိပြီး စကားလုံးတွေနဲ့ ဖော်ပြလို့မတတ်နိုင်လောက်အောင် သူမအတွက် အဓိပ္ပာယ်ရှိပါတယ်လို့ ပြောခဲ့ဖူးပါတယ်။

ဒီပုံရိပ်လေးတွေကို ပြန်ကြည့်ရင်း ပြီးဆုံးသွားတဲ့ Game of Thrones ဇာတ်လမ်းတွဲကြီးကို လွမ်းနေသူ ပရိသတ်များလည်း အလွမ်းပြေမယ်လို့ မျှော်လင့်ပါတယ်။

LaNina

Ref: hollywoodlife

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

HBO ရဲ႕ နာမည္ေက်ာ္စီးရီး Game of Thrones ထဲက စတားေတြျဖစ္တဲ့ Emilia Clarke ၊ Jason Momoa နဲ႔ Kit Harington တို႔သုံးေယာက္ဟာ ေအာက္တိုဘာလ(၂၆)ရက္ေန႔မွာ က်ေရာက္တဲ့ Emilia Clarke ရဲ႕ ေမြးေန႔ပြဲမွာ ျပန္လည္ဆုံစည္းခဲ့ၾကတာ ျဖစ္ပါတယ္။

ပူပူေႏြးေႏြး အသက္(၃၃)ႏွစ္ျပည့္သြားတဲ့ မင္းသမီးေခ်ာ Emilia Clarke ဟာ စီးရီးထဲက အခ်စ္ႏွစ္ေယာက္နဲ႔ အျပင္မွာ ျပန္ေတြ႕ရေတာ့ အတိတ္ကို သတိရသြားဟန္ တူပါတယ္။ ေပ်ာ္စရာပုံရိပ္ေလးေတြကို သူမရဲ႕ IG မွာ ျပန္လည္မွ်ေ၀ထားတာကို ေတြ႕ရပါတယ္။ Khalessi ၊ Khal Drogo နဲ႔ King in the North, Jon Snow တို႔ ျပန္လည္ဆုံေတြ႕ခဲ့တဲ့ ဒီပုံရိပ္ေလးဟာ GoT ပရိသတ္ေတြအတြက္လည္း အလြမ္းေျပျဖစ္ေစတာေတာ့ အမွန္ပါ။ ဓာတ္ပုံထဲမွာေတာ့ Emilia နဲ႔ Kit Harington ကို Jason Momoa က ဖက္ထားတာပါ။

Photo: emilia_clarke/ Instagram

Jason Momoa ၊ Kit Harington တို႔နဲ႔ ရိုက္ထားတဲ့ ဓာတ္ပုံေတြအျပင္ အျခားခင္မင္ရတဲ့ သူငယ္ခ်င္းေတြနဲ႔ ရိုက္ကူးထားတဲ့ အမွတ္တရဓာတ္ပုံေတြကိုလည္း ေ၀မွ်ထားပါေသးတယ္။ အနက္ေရာင္ဂါ၀န္ ၀တ္ထားတဲ့ Emilia ကို Camila Cabello က ဒူးေထာက္ၿပီး အရိုအေသေပးေနတဲ့ ပုံေလးလည္း ပါ၀င္ပါတယ္။ ဒါကေတာ့ ဘုရင္မ Khalessi ကို အရိုအေသေပးတဲ့ပုံစံ ပို႔စ္ေပးထားတာျဖစ္ၿပီး ကမာၻအႏွံ႔က ဆယ္လီေတြသာမက ပရိသတ္ေျမာက္မ်ားစြာကလည္း Emilia ရဲ႕ Khalessi ကာရိုက္တာကို ခ်စ္ခင္ႏွစ္သက္ၾကျခင္းရဲ႕ သာဓကပါပဲ။

Photo: emilia_clarke/ Instagram

Emilia ကုိယ္တိုင္ကလည္း Khalessi ကာရိုက္တာဟာ သူမဘ၀ကို အႀကီးအက်ယ္ သက္ေရာက္မႈရိွၿပီး စကားလုံးေတြနဲ႔ ေဖာ္ျပလို႔မတတ္ႏိုင္ေလာက္ေအာင္ သူမအတြက္ အဓိပၸာယ္ရိွပါတယ္လို႔ ေျပာခဲ့ဖူးပါတယ္။

ဒီပုံရိပ္ေလးေတြကို ျပန္ၾကည့္ရင္း ၿပီးဆုံးသြားတဲ့ Game of Thrones ဇာတ္လမ္းတြဲႀကီးကို လြမ္းေနသူ ပရိသတ္မ်ားလည္း အလြမ္းေျပမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

LaNina

Ref: hollywoodlife

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

 

RELATED ARTICLES

Most Popular