HomeEntertainmentFilmDrax ရဲ့ နောက်ဆုံးရုပ်ရှင် ဖြစ်သွားနိုင်တဲ့ Guardians of the Galaxy Vol. 3

Drax ရဲ့ နောက်ဆုံးရုပ်ရှင် ဖြစ်သွားနိုင်တဲ့ Guardians of the Galaxy Vol. 3

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel ဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Drax နေရာမှာ သရုပ်ဆောင်ခဲ့သူ Dave Bautista ကတော့ Guardians of the Galaxy 3 ဟာ Drax ရဲ့ နောက်ဆုံးရုပ်ရှင် ဖြစ်သွားနိုင်တယ်လို့ ပြောလိုက်ပါတယ်။ Bautista ဟာ WWE နပမ်းသမားဘဝကနေ အနားယူပြီးနောက်မှာ ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ Guardians of the Galaxy ထဲမှာ Drax အဖြစ် ပါဝင်ပြီးနောက်မှာ ရုပ်ရှင်လောကမှာလည်း နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်လာပါတယ်။

photo via screenrant

Marvel ဟာ မကြာသေးခင်ကပဲ ၂၀၂၁ ၊ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ ထွက်ရှိလာမယ့် Phase 4 ရုပ်ရှင်တေွနဲ့ ဇာတ်လမ်းတွဲတွေကို ကြေညာခဲ့ပါတယ်။ Guardians of the Galaxy 3 ကတော့ တစ်ခြား Marvel ရုပ်ရှင်တွေထက် နောက်ကျပြီး ၂၀၂၃ ခုနှစ် မေလလောက်မှ ရုံတင်သွားမယ်လို့ ထင်ရပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်နဲ့ ပတ်သက်တဲ့ တစ်ခြားအသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ဖြစ်နိုင်တဲ့ ဇာတ်လမ်းပုံစံ နှစ်ခုကတော့ Gamora ကို လိုက်ရှာတာနဲ့ ဝမ်းနည်းဖို့ကောင်းတဲ့ Rocket ရဲ့ origin တို့ကို မြင်တွေ့ရမယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါရိုက်တာ James Gunn ကလည်း Guardians of the Galaxy 3 ဟာ GOTG franchise မှာ သူ တာဝန်ယူ ရိုက်ကူးသွားမယ့် နောက်ဆုံးရုပ်ရှင် ဖြစ်တယ်လို့ အတည်ပြု ပြောဆိုထားပါတယ်။ Digital Spy မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ Bautista ဟာ Drax ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောပြထားပါတယ်။ Bautista ဟာ အဲ့ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းအကြမ်းကိုပဲ ဖတ်ကြည့်ရသေးပေမယ့်လည်း ဒီရုပ်ရှင်ဟာ Drax အတွက် အဆုံးသတ် ဖြစ်သွားနိုင်တယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

photo via screenrant

” ရိုးရိုးသားသား ပြောရရင် GOTG 3 ရဲ့ ဇာတ်ညွှန်းကို ကျွန်တော် မသိသေးပါဘူး။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းကတော့ ပြောင်းလဲမှုတွေ အများကြီးရှိလာမယ့် ဇာတ်ညွှန်းအကြမ်းကို ဖတ်ကြည့်ခဲ့ရပါတယ်။ ဒီရုပ်ရှင်ဟာ Drax နဲ့ Mantis တို့ နှစ်ယောက်အကြောင်းကို အသားပေး ရိုက်ကူးသွားမယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်လာပါသေးတယ်။ တကယ်တော့ အဲ့ဒီစိတ်ကူးဟာ James Gunn ရဲ့ အကြံဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်လည်း ကြိုက်နှစ်သက်မိပါတယ်။ ဒါပေမယ့်လည်း Marvel စတူဒီယိုကတော့ ဒီစိတ်ကူးနဲ့ ပတ်သက်ပြီး သိပ်သဘောကျပုံ မရပါဘူး။ သူတို့တွေ စီစဉ်ထားတဲ့ ပုံစံနဲ့ ဒီဇာတ်လမ်းပုံစံဟာ သိပ်ပြီး မကိုက်ညီနေတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်ထင်တာကို ပြောရရင်တော့ ဒီရုပ်ရှင်ဟာ Drax ရဲ့ နောက်ဆုံးရုပ်ရှင် ဖြစ်သွားနိုင်ပါတယ် … ” လို့ Bautista က ပြောထားပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Marvel ဇာတ္ေကာင္တစ္ေယာက္ ျဖစ္တဲ့ Drax ေနရာမွာ သ႐ုပ္ေဆာင္ခဲ့သူ Dave Bautista ကေတာ့ Guardians of the Galaxy 3 ဟာ Drax ရဲ႕ ေနာက္ဆုံး႐ုပ္ရွင္ ျဖစ္သြားႏိုင္တယ္လို႔ ေျပာလိုက္ပါတယ္။ Bautista ဟာ WWE နပမ္းသမားဘဝကေန အနားယူၿပီးေနာက္မွာ ႐ုပ္ရွင္ေလာကထဲကို ဝင္ေရာက္လာခဲ့သူ ျဖစ္ပါတယ္။ သူဟာ Guardians of the Galaxy ထဲမွာ Drax အျဖစ္ ပါဝင္ၿပီးေနာက္မွာ ႐ုပ္ရွင္ေလာကမွာလည္း နာမည္ႀကီး သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္လာပါတယ္။

photo via screenrant

Marvel ဟာ မၾကာေသးခင္ကပဲ ၂၀၂၁ ၊ ၂၀၂၂ နဲ႔ ၂၀၂၃ ခုႏွစ္ေတြမွာ ထြက္ရွိလာမယ့္ Phase 4 ႐ုပ္ရွင္ေတြနဲ႔ ဇာတ္လမ္းတြဲေတြကို ေၾကညာခဲ့ပါတယ္။ Guardians of the Galaxy 3 ကေတာ့ တစ္ျခား Marvel ႐ုပ္ရွင္ေတြထက္ ေနာက္က်ၿပီး ၂၀၂၃ ခုႏွစ္ ေမလေလာက္မွ ႐ုံတင္သြားမယ္လို႔ ထင္ရပါတယ္။ ဒါ့အျပင္ ဒီ႐ုပ္ရွင္နဲ႔ ပတ္သက္တဲ့ တစ္ျခားအေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။ ျဖစ္ႏိုင္တဲ့ ဇာတ္လမ္းပုံစံ ႏွစ္ခုကေတာ့ Gamora ကို လိုက္ရွာတာနဲ႔ ဝမ္းနည္းဖို႔ေကာင္းတဲ့ Rocket ရဲ႕ origin တို႔ကို ျမင္ေတြ႕ရမယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

ဒါ႐ိုက္တာ James Gunn ကလည္း Guardians of the Galaxy 3 ဟာ GOTG franchise မွာ သူ တာဝန္ယူ ႐ိုက္ကူးသြားမယ့္ ေနာက္ဆုံး႐ုပ္ရွင္ ျဖစ္တယ္လို႔ အတည္ျပဳ ေျပာဆိုထားပါတယ္။ Digital Spy မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာေတာ့ Bautista ဟာ Drax ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး ေျပာျပထားပါတယ္။ Bautista ဟာ အဲ့ဒီ႐ုပ္ရွင္အတြက္ ဇာတ္ၫႊန္းအၾကမ္းကိုပဲ ဖတ္ၾကည့္ရေသးေပမယ့္လည္း ဒီ႐ုပ္ရွင္ဟာ Drax အတြက္ အဆုံးသတ္ ျဖစ္သြားႏိုင္တယ္လို႔ ေျပာထားတာ ျဖစ္ပါတယ္။

photo via screenrant

” ႐ိုး႐ိုးသားသား ေျပာရရင္ GOTG 3 ရဲ႕ ဇာတ္ၫႊန္းကို ကြၽန္ေတာ္ မသိေသးပါဘူး။ ဒါေပမယ့္လည္း လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္တုန္းကေတာ့ ေျပာင္းလဲမႈေတြ အမ်ားႀကီးရွိလာမယ့္ ဇာတ္ၫႊန္းအၾကမ္းကို ဖတ္ၾကည့္ခဲ့ရပါတယ္။ ဒီ႐ုပ္ရွင္ဟာ Drax နဲ႔ Mantis တို႔ ႏွစ္ေယာက္အေၾကာင္းကို အသားေပး ႐ိုက္ကူးသြားမယ္ဆိုတဲ့ ေကာလာဟလေတြလည္း ထြက္လာပါေသးတယ္။ တကယ္ေတာ့ အဲ့ဒီစိတ္ကူးဟာ James Gunn ရဲ႕ အႀကံျဖစ္ၿပီး ကြၽန္ေတာ္ကိုယ္တိုင္လည္း ႀကိဳက္ႏွစ္သက္မိပါတယ္။ ဒါေပမယ့္လည္း Marvel စတူဒီယိုကေတာ့ ဒီစိတ္ကူးနဲ႔ ပတ္သက္ၿပီး သိပ္သေဘာက်ပုံ မရပါဘူး။ သူတို႔ေတြ စီစဥ္ထားတဲ့ ပုံစံနဲ႔ ဒီဇာတ္လမ္းပုံစံဟာ သိပ္ၿပီး မကိုက္ညီေနတာလည္း ျဖစ္ႏိုင္ပါတယ္။ ကြၽန္ေတာ္ထင္တာကို ေျပာရရင္ေတာ့ ဒီ႐ုပ္ရွင္ဟာ Drax ရဲ႕ ေနာက္ဆုံး႐ုပ္ရွင္ ျဖစ္သြားႏိုင္ပါတယ္ … ” လို႔ Bautista က ေျပာထားပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular