HomeEntertainmentFilm၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှာ ရိုက်ကူးရေး စတင်သွားမယ့် Guardians of the Galaxy 3

၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှာ ရိုက်ကူးရေး စတင်သွားမယ့် Guardians of the Galaxy 3

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Guardians of the Galaxy 3 အတွက် ရိုက်ကူးရေးကိုတော့ ၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှာ စတင်သွားမယ်လို့ ဒါရိုက်တာ James Gunn က အတည်ပြုလိုက်ပါတယ်။

GOTG 2 ကို ရိုက်ကူးအပြီးမှာတော့ အကြောင်းအမျိူးမျိူးကြောင့် Marvel ဟာ James Gunn ကို ထုတ်ပစ်ခဲ့ပါတယ်။ ဒီလိုမျိူး အထုတ်ခံလိုက်ရတဲ့ အချိန်မှာတော့ James Gunn ဟာ Suicide Squad 2 နဲ့ Peacemaker ဇာတ်လမ်းတွဲတို့ကို ရိုက်ကူးဖို့အတွက် သဘောတူခဲ့ပါတယ်။

photo via screenrant

ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ Marvel ဟာ GOTG 3 အတွက် James Gunn ကို ပြန်လည်ငှားရမ်းခဲ့ပါတယ်။ အစတုန်းက စီစဉ်ထားတဲ့ အတိုင်းဆိုရင်တော့ GOTG 3 ရဲ့ ရိုက်ကူးရေးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပေါ်မှာ ဖော်ပြခဲ့တဲ့ အဖြစ်အပျက်တွေကြောင့်ပဲ GOTG 3 ရဲ့ ရိုက်ကူးရေးဟာ နောက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်ကတော့ James Gunn ဟာ သူ့ရဲ့ Instagram ပေါ်ကနေ ရုပ်ရှင်နဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ပရိသတ်တစ်ယောက်က GOTG 3 ရဲ့ ရိုက်ကူးရေး ဘယ်အချိန်မှာ စတင်မှာလည်း ဆိုပြီးတော့ မေးမြန်းခဲ့ပါတယ်။ ဒါရိုက်တာ James Gunn ကတော့ ထုံးစံအတိုင်း တိုတိုနဲ့ လိုရင်းရောက်အောင် ဒီနှစ်ကုန်ပိုင်းမှာ စတင်မယ်လို့ ပြန်လည်ဖြေခဲ့ပါတယ်။

photo via screenrant

စိတ်မကောင်းစရာတစ်ခုကတော့ GOTG 3 အတွက် ရိုက်ကူးရေးကတောင် ဒီနှစ်ကုန်ပိုင်းမှ စတင်သွားမယ်ဆိုရင် ဒီရုပ်ရှင်ကိုတော့ အနည်းဆုံး နောက်(၂)နှစ်လောက်နေမှ ကြည့်ရှုခွင့်ရတော့မှာ ဖြစ်ပါတယ်။ James Gunn ကတော့ GOTG 3 ထဲမှာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အက်ရှင်ခန်းတွေ၊ မှင်သက်သွားရလောက်မယ့် အထူးပြုလုပ်ချက်တွေကို ထည့်သွင်းသွားချင်ရုံသာမက GOTG Trilogy ကို ပြောင်မြောက်တဲ့ ဇာတ်သိမ်းနဲ့ နိဂုံးချုပ်သွားချင်တယ်လို့လည်း ပြောထားပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ Guardians of the Galaxy 3 အတြက္ ႐ိုက္ကူးေရးကိုေတာ့ ၂၀၂၁ ႏွစ္ကုန္ပိုင္းေလာက္မွာ စတင္သြားမယ္လို႔ ဒါ႐ိုက္တာ James Gunn က အတည္ျပဳလိုက္ပါတယ္။

GOTG 2 ကို ႐ိုက္ကူးအၿပီးမွာေတာ့ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ Marvel ဟာ James Gunn ကို ထုတ္ပစ္ခဲ့ပါတယ္။ ဒီလိုမ်ိဴး အထုတ္ခံလိုက္ရတဲ့ အခ်ိန္မွာေတာ့ James Gunn ဟာ Suicide Squad 2 နဲ႔ Peacemaker ဇာတ္လမ္းတြဲတို႔ကို ႐ိုက္ကူးဖို႔အတြက္ သေဘာတူခဲ့ပါတယ္။

photo via screenrant

ဒါေပမယ့္လည္း သိပ္မၾကာခင္မွာပဲ Marvel ဟာ GOTG 3 အတြက္ James Gunn ကို ျပန္လည္ငွားရမ္းခဲ့ပါတယ္။ အစတုန္းက စီစဥ္ထားတဲ့ အတိုင္းဆိုရင္ေတာ့ GOTG 3 ရဲ႕ ႐ိုက္ကူးေရးဟာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ စတင္သြားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အေပၚမွာ ေဖာ္ျပခဲ့တဲ့ အျဖစ္အပ်က္ေတြေၾကာင့္ပဲ GOTG 3 ရဲ႕ ႐ိုက္ကူးေရးဟာ ေနာက္က်သြားခဲ့တာ ျဖစ္ပါတယ္။

မၾကာေသးခင္ကေတာ့ James Gunn ဟာ သူ႔ရဲ႕ Instagram ေပၚကေန ႐ုပ္ရွင္နဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြရဲ႕ ေမးခြန္းေတြကို ေျဖၾကားေပးခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ ပရိသတ္တစ္ေယာက္က GOTG 3 ရဲ႕ ႐ိုက္ကူးေရး ဘယ္အခ်ိန္မွာ စတင္မွာလည္း ဆိုၿပီးေတာ့ ေမးျမန္းခဲ့ပါတယ္။ ဒါ႐ိုက္တာ James Gunn ကေတာ့ ထုံးစံအတိုင္း တိုတိုနဲ႔ လိုရင္းေရာက္ေအာင္ ဒီႏွစ္ကုန္ပိုင္းမွာ စတင္မယ္လို႔ ျပန္လည္ေျဖခဲ့ပါတယ္။

photo via screenrantစိတ္မေကာင္းစရာတစ္ခုကေတာ့ GOTG 3 အတြက္ ႐ိုက္ကူးေရးကေတာင္ ဒီႏွစ္ကုန္ပိုင္းမွ စတင္သြားမယ္ဆိုရင္ ဒီ႐ုပ္ရွင္ကိုေတာ့ အနည္းဆုံး ေနာက္(၂)ႏွစ္ေလာက္ေနမွ ၾကည့္ရႈခြင့္ရေတာ့မွာ ျဖစ္ပါတယ္။ James Gunn ကေတာ့ GOTG 3 ထဲမွာ စိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ အက္ရွင္ခန္းေတြ၊ မွင္သက္သြားရေလာက္မယ့္ အထူးျပဳလုပ္ခ်က္ေတြကို ထည့္သြင္းသြားခ်င္႐ုံသာမက GOTG Trilogy ကို ေျပာင္ေျမာက္တဲ့ ဇာတ္သိမ္းနဲ႔ နိဂုံးခ်ဳပ္သြားခ်င္တယ္လို႔လည္း ေျပာထားပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular