HomeEntertainmentFilmဇာတ်ကောင်အသစ် ပါဝင်လာဦးမယ့် Guardians of the Galaxy Holiday Special

ဇာတ်ကောင်အသစ် ပါဝင်လာဦးမယ့် Guardians of the Galaxy Holiday Special

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အသစ်ထွက်လာမယ့် Guardians of the Galaxy Holiday Special ထဲမှာ ဇာတ်ကောင်အသစ် တစ်‌ယောက်ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးသွားမယ်လို့ ဒါရိုက်တာ James Gunn က ပြောခဲ့ပါတယ်။ လောလောဆယ်မှာတော့ James Gunn ဟာ Guardians of the Galaxy Vol. 3 နဲ့ Guardians of the Galaxy Holiday Special တို့ကို ရိုက်ကူးဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ James Gunn ရဲ့ DC ရုပ်ရှင်တွေဖြစ်တဲ့ The Suicide Squad ကတော့  ပရိသတ်တွေအကြိုက်တွေ့ခဲ့ပြီး Peacemaker ဇာတ်လမ်းတွဲကလည်း မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

photo via screenrant

အစတုန်းက Disney ဟာ James Gunn ကို GOTG 3 မရိုက်ခင်မှာ ထုတ်ပစ်ခဲ့တာကြောင့် သူဟာ The Suicide Squad နဲ့ Peacemaker တို့ကို ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှသာ Disney က James Gunn ကို ပြန်လည်ငှားယမ်းခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ သူဟာ GOTG 3 ကို ရိုက်ကူးဖို့ ပြင်ဆင်နေပါပြီလို့ သိရပါတယ်။ GOTG 3 ကတော့ ၂၀၂၃ ခုနှစ်ထဲမှာ ထွက်ရှိလာမှာ ဖြစ်ပြီး GOTG Holiday Special ကတော့ လာမယ့် ဒီဇင်ဘာလမှာ Disney+ ကနေ ပြသသွားမှာ ဖြစ်ပါတယ်။

တွစ်တာစာမျက်နှာပေါ်မှာတော့ ပရိသတ်တစ်ယောက်ဟာ GOTG Holiday Special ထဲမှာ ဇာတ်ကောင်အသစ် ပါဝင်လာမှာလား ဆိုပြီး မေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ James Gunn က ” MCU ရဲ့ အကောင်းဆုံး ဇာတ်ကောင်တွေထဲက တစ်ယောက်ကို ထည့်သွင်းသွားပါမယ်” ဆိုပြီး ပြန်လည်ဖြေကြားခဲ့ပါတယ်။

photo via screenrant

GOTG Holiday Special ရဲ့ ဇာတ်လမ်းအကြောင်းကို မသိရသေးပါဘူး။ ဒါပေမယ့်လည်း James Gunn က ဒီရုပ်ရှင်ဟာ GOTG 3 နဲ့ တိုက်ရိုက်ချိတ်ဆက်နေပါမယ်လို့ ပြောခဲ့တာကြောင့် ဒီရုပ်ရှင်ဟာ Canon အဖြစ်ပဲ ပါဝင်လာမယ်ဆိုတာ သိရပါတယ်။ GOTG 3 ကလည်း အလားတူပဲ ဇာတ်လမ်းအကြောင်းကို မသိရသေးပါဘူး။ James Gunn ကတော့ ဒီရုပ်ရှင်ထဲမှာ Rocket ရဲ့ Origin အနည်းငယ်ကို ပြသသွားမယ်လို့ ပြောခဲ့ပြီး Drax နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Dave Bautista ကလည်း ဒီရုပ်ရှင်ဟာ GOTG Franchise အတွက် ဝမ်းသာစရာနဲ့ လွမ်းမောဖွယ် ရောစပ်နေတဲ့ ဇာတ်သိမ်းတစ်ခုလို့ ပြောခဲ့ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

အသစ္ထြက္လာမယ့္ Guardians of the Galaxy Holiday Special ထဲမွာ ဇာတ္ေကာင္အသစ္ တစ္‌ေယာက္ကို ပရိသတ္ေတြနဲ႔ မိတ္ဆက္ေပးသြားမယ္လို႔ ဒါ႐ိုက္တာ James Gunn က ေျပာခဲ့ပါတယ္။ ေလာေလာဆယ္မွာေတာ့ James Gunn ဟာ Guardians of the Galaxy Vol. 3 နဲ႔ Guardians of the Galaxy Holiday Special တို႔ကို ႐ိုက္ကူးဖို႔ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ James Gunn ရဲ႕ DC ႐ုပ္ရွင္ေတြျဖစ္တဲ့ The Suicide Squad ကေတာ့  ပရိသတ္ေတြအႀကိဳက္ေတြ႕ခဲ့ၿပီး Peacemaker ဇာတ္လမ္းတြဲကလည္း မၾကာခင္မွာ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။

photo via screenrant

အစတုန္းက Disney ဟာ James Gunn ကို GOTG 3 မ႐ိုက္ခင္မွာ ထုတ္ပစ္ခဲ့တာေၾကာင့္ သူဟာ The Suicide Squad နဲ႔ Peacemaker တို႔ကို ႐ိုက္ကူးခဲ့တာပဲ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွသာ Disney က James Gunn ကို ျပန္လည္ငွားယမ္းခဲ့တာျဖစ္ၿပီး အခုခ်ိန္မွာေတာ့ သူဟာ GOTG 3 ကို ႐ိုက္ကူးဖို႔ ျပင္ဆင္ေနပါၿပီလို႔ သိရပါတယ္။ GOTG 3 ကေတာ့ ၂၀၂၃ ခုႏွစ္ထဲမွာ ထြက္ရွိလာမွာ ျဖစ္ၿပီး GOTG Holiday Special ကေတာ့ လာမယ့္ ဒီဇင္ဘာလမွာ Disney+ ကေန ျပသသြားမွာ ျဖစ္ပါတယ္။

တြစ္တာစာမ်က္ႏွာေပၚမွာေတာ့ ပရိသတ္တစ္ေယာက္ဟာ GOTG Holiday Special ထဲမွာ ဇာတ္ေကာင္အသစ္ ပါဝင္လာမွာလား ဆိုၿပီး ေမးခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ James Gunn က ” MCU ရဲ႕ အေကာင္းဆုံး ဇာတ္ေကာင္ေတြထဲက တစ္ေယာက္ကို ထည့္သြင္းသြားပါမယ္” ဆိုၿပီး ျပန္လည္ေျဖၾကားခဲ့ပါတယ္။

photo via screenrant

GOTG Holiday Special ရဲ႕ ဇာတ္လမ္းအေၾကာင္းကို မသိရေသးပါဘူး။ ဒါေပမယ့္လည္း James Gunn က ဒီ႐ုပ္ရွင္ဟာ GOTG 3 နဲ႔ တိုက္႐ိုက္ခ်ိတ္ဆက္ေနပါမယ္လို႔ ေျပာခဲ့တာေၾကာင့္ ဒီ႐ုပ္ရွင္ဟာ Canon အျဖစ္ပဲ ပါဝင္လာမယ္ဆိုတာ သိရပါတယ္။ GOTG 3 ကလည္း အလားတူပဲ ဇာတ္လမ္းအေၾကာင္းကို မသိရေသးပါဘူး။ James Gunn ကေတာ့ ဒီ႐ုပ္ရွင္ထဲမွာ Rocket ရဲ႕ Origin အနည္းငယ္ကို ျပသသြားမယ္လို႔ ေျပာခဲ့ၿပီး Drax ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Dave Bautista ကလည္း ဒီ႐ုပ္ရွင္ဟာ GOTG Franchise အတြက္ ဝမ္းသာစရာနဲ႔ လြမ္းေမာဖြယ္ ေရာစပ္ေနတဲ့ ဇာတ္သိမ္းတစ္ခုလို႔ ေျပာခဲ့ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular