HomeEntertainmentFilmပထမဆုံးထွေလာ ထွက်ရှိလာတဲ့ Gotham Knights ဇာတ်လမ်းတွဲ

ပထမဆုံးထွေလာ ထွက်ရှိလာတဲ့ Gotham Knights ဇာတ်လမ်းတွဲ

CW ရုပ်သံလိုင်းကတော့ မကြာခင်ကပဲ ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ Gotham Knights အတွက် ပထမဆုံးထွေလာကို ထုတ်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Batman သေဆုံးသွားပြီးတဲ့နောက်မှာ မျိူးဆက်သစ်တွေ ထွက်ပေါ်လာတာကို မြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းတွဲကလည်း CW ရဲ့ Arrowverse ထဲမှာ ပါဝင်လာမှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Bruce Wayne သေဆုံးသွားပြီးတဲ့နောက်မှာ မွေးစားသားဖြစ်သူ Turner Hayes ဟာ Bruce ကို သတ်လိုက်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ဒီလိုစွပ်စွဲခံရတာကတော့ သူတစ်ယောက်တည်း မဟုတ်ဘဲ Batman ရန်သူတွေရဲ့ သားသမီးတချို့လည်း ပါဝင်နေပါတယ်။ ဒါကြောင့်ပဲ သူတို့တွေဟာ အတူတကွပူးပေါင်းပြီး တကယ့်တရားခံက ဘယ်သူလည်းဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားရင်း Gotham မြို့ရဲ့ မျိူးဆက်သစ် ကာကွယ်သူတွေ ဖြစ်လာပါတော့တယ်။

ဒီဇာတ်လမ်းတွဲရဲ့ ထွေလာထဲမှာတော့ Harvey Dent နေရာမှာ သရုပ်ဆောင်ထားတဲ့ Supernatural ထဲက Misha Collins ကိုလည်း မြင်တွေ့လိုက်ရပါတယ်။ Harvey Dent ကလည်း ဒီဇာတ်လမ်းတွဲထဲမှာ Two-Face ဖြစ်လာမှာ ဖြစ်ပြီး Misha Collins ကတော့ ဒီလိုဗီလိန်ဇာတ်ရုပ်ကို ဘယ်လို သရုပ်ဆောင်သွားမလည်းဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

ပါဝင်လာမယ့် သရုပ်ဆောင်တွေကတော့ Oscar Morgan ၊ Navia Robinson ၊ Anna Lore ၊ Tyler DiChiara ၊ Fallon Smythe တို့ ပါဝင်ထားပြီး အပေါ်မှာ ဖော်ပြထားသလို Misha Collins လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာမှာ ဖြစ်ပြီး လောလောဆယ်မှာတော့ ထွက်ရှိလာမယ့် ရက်အတိအကျကို မသိရသေးပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular