HomeCharacterGhost Rider ရဲ့ Penance Glare က လွတ်မြောက်နိုင်တဲ့ Daredevil

Ghost Rider ရဲ့ Penance Glare က လွတ်မြောက်နိုင်တဲ့ Daredevil

Penance Glare ကတော့ Ghost Rider ရဲ့ စွမ်းအားအကြီးဆုံး စွမ်းရည်တစ်ခုဖြစ်ပြီး အဲ့ဒီစွမ်းရည်ကတော့ Daredevil အပေါ်မှာ သက်ရောက်မှု မရှိပါဘူး။

Ghost Rider ရဲ့ Penance Glare ကတော့ လူတစ်ယောက်ရဲ့ မျက်လုံးထဲကို စိုက်ကြည့်လိုက်တဲ့အချိန်မှာ အဲ့ဒီလူက တခြားသူတွေအပေါ်  ပြုလုပ်ခဲ့တဲ့ နာကျင်မှုတွေ အားလုံးအတွက် အပြစ်ရှိသလို ခံစားနေရသေးရင် အဲ့ဒီနာကျင်မှုတွေအားလုံးကို ပြန်လည်ခံစားစေတာပဲ ဖြစ်ပါတယ်။

photo via screenrant

ကောမစ်ထဲမှာတော့ Ghost Rider ဖြစ်ခဲ့ဖူးသူတွေ အများအပြားရှိပြီး သူတို့အားလုံးကလည်း Penance Glare ကို ပိုင်ဆိုင်ခဲ့ကြပါတယ်။ ဒီစွမ်းရည်ကို အသုံးပြုဖို့အတွက် လိုအပ်ချက်ကတော့ ရိုးရိုးရှင်းရှင်းပဲ ဖြစ်ပြီး Ghost Rider ဟာ သူ့ရဲ့သားကောင်ကို စိုက်ကြည့်ကာ နှစ်ယောက်လုံး အကြည့်ချင်းဆုံသွားဖို့ပဲ လိုအပ်တာ ဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ Punisher နဲ့ Deadpool တို့လို လူတွေကတော့ သူတို့ပြုလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်း မရှိတာကြောင့် အဲ့ဒီစွမ်းရည်ဟာ သူတို့အပေါ်မှာ သက်ရောက်မှု မရှိပါဘူး။

Daredevil #295 ကောမစ်ထဲမှာတော့ Ghost Rider နဲ့ Daredevil တို့ ဆုံတွေ့ခဲ့ကြပြီး Ghost Rider ကတော့ Penance Glare ကို အသုံးပြုဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီစွမ်းရည်ဟာ Daredevil အပေါ်မှာ သက်ရောက်မှု မရှိတာကို သိခဲ့ရပါတယ်။ အကြောင်းကတော့ Daredevil ဟာ အမြင်အာရုံ ချို့ယွင်းနေတာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီစွမ်းရည်ဟာ Daredevil အပေါ်မှာ သက်ရောက်မှု မရှိပေမယ့်လည်း Ghost Rider ရဲ့ တည်ရှိနေမှု တစ်ခုတည်းကတင် Daredevil ကို ထိတ်လန့်သွားစေပါတယ်။

photo via screenrant

Daredevil ကတော့ သူ့ရဲ့ချစ်သူတွေ ဖြစ်ခဲ့တဲ့ Karen Page နဲ့ Elektra တို့ရဲ့ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး သူ့ကိုယ်သူ အမြဲတမ်း အပြစ်တင်နေသူတစ်ယောက် ဖြစ်တာကြောင့် သူသာ အမြင်အာရုံ အကောင်းတိုင်း ရှိနေမယ်ဆိုရင်တော့ penance glare ကြောင့် ချက်ချင်းပဲ သေဆုံးသွားနိုင်ပါတယ်။

Ghost Rider ဟာ Daredevil ဆီမှာ သူ့ရဲ့ Penance Glare ကို အသုံးမပြုနိုင်ပေမယ့်လည်း သူ့ရဲ့ အသံတစ်ခုတည်းကို အသုံးပြုပြီး Daredevil ရဲ့ အပြစ်ရှိတဲ့စိတ်အကြောင်း ပြောဆိုခြင်းသက်သက်နဲ့တောင် Daredevil ကို စိတ်ပိုင်းဆိုင်ရာ ပျက်စီးသွားအောင် ပြုလုပ်လို့ ရပါတယ်။ ကောမစ်ထဲမှာတော့ Ghost Rider နဲ့ ဒီလိုရင်ဆိုင်မိတဲ့ Daredevil ဟာ သတိလစ် မေ့မျောတဲ့အထိ ဖြစ်သွားခဲ့ဖူးပါတယ်။

ကောမစ်ထဲမှာတော့ တခါတရံမှာ Daredevil ဟာ သူ့ရဲ့ အမြင်အာရုံကို ပြန်လည် ရရှိခဲ့တာမျိူးတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။ Daredevil #106 ကောမစ်ထဲမှာတော့ Moondragon ဟာ Daredevil ရဲ့ အမြင်အာရုံကို ခဏတာ ပြန်လည်ရရှိစေခဲ့ပါတယ်။ ဒီလိုအချိန်မှာသာ Daredevil ဟာ Ghost Rider နဲ့ ဆုံတွေ့ခဲ့ရင်တော့ သေချာပေါက်ကို ရှုံးနိမ့်သွားမှာ ဖြစ်ပြီး အသက်သေဆုံးသွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular