HomeCelebs Update NewsInternationalGrammy ဆုအတွက် စံကာတင်စာရင်း ဝင်ထားတဲ့ Agatha All Along သီချင်း

Grammy ဆုအတွက် စံကာတင်စာရင်း ဝင်ထားတဲ့ Agatha All Along သီချင်း

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

WandaVision ဇာတ်လမ်းတွဲထဲက Kathryn Hahn ရဲ့ “Agatha All Along” သီချင်းဟာ ၂၀၂၂ ခုနှစ် Grammy ဆုပေးပွဲအတွက် Best Song Written for Visual Media category မှာ စံကာတင်စာရင်း ဝင်ထားပါတယ်။

WandaVision ထဲမှာတော့ အမေရိကန် sitcom တွေရဲ့ ခေတ်အဆက်ဆက်က ပုံစံတွေကို မြင်တွေ့ခဲ့ရပြီး အဲ့ဒီအချိန်ကာလနဲ့ ကိုက်ညီတဲ့ သီချင်းတွေလည်း ပါဝင်ထားပါတယ်။ “Agatha All Along” သီချင်းကိုတော့ Robert Lopez နဲ့ Kristen Anderson-Lopez တို့က ရေးသားခဲ့ပြီး Kathryn Hahn က သီဆိုထားတာ ဖြစ်ပါတယ်။

photo via screenrant

အပေါ်မှာဖော်ပြထားသလိုပဲ ဒီသီချင်းဟာ ၂၀၂၂ ခုနှစ် Grammy ဆုပေးပွဲရဲ့ Best Song Written for Visual Media category အတွက် စံကာတင်စာရင်း ဝင်ထားပြီး ယခုနှစ်မှာတော့ အဲ့ဒီဆုအတွက် စံကာတင်စာရင်း ဝင်ထားတဲ့ ဇာတ်လမ်းတွဲဟာ WandaVision တစ်ခုတည်းပဲ ရှိပါတယ်။

ဒီဆုအတွက် တခြားစံကာတင်စာရင်း ဝင်ထားတာကတော့ Bo Burnham ရဲ့ “All Eye On Me” ၊ Pink ရဲ့ “All I Know So Far” ၊ Judas and the Black Messiah ရုပ်ရှင်ထဲက “Fight For You” ၊ Respect ရုပ်ရှင်ထဲက “Here I Am” နဲ့ One Night in Miami ရုပ်ရှင်ထဲက “Speak Now” တို့ပဲ ဖြစ်ပါတယ်။

photo via screenrant

အခုဆိုရင်တော့ WandaVision ဟာ ရှစ်နှစ်အတွင်းမှာ ဒီဆုအတွက် စံကာတင်စာရင်း ဝင်ထားတဲ့ ပထမဆုံး ဇာတ်လမ်းတွဲ ဖြစ်လာပါတယ်။ ဒါကြောင့်ပဲ WandaVision ရဲ့ အောင်မြင်မှုကို ထပ်ဆင့် အောင်မြင်စေပြီး Disney+ ရဲ့ MCU ဇာတ်လမ်းတွဲတွေကိုလည်း ပိုမိုအောင်မြင်လာစေနိုင်ပါတယ်။

ဒါတင်မက Emmy ဆုပေးပွဲမှာလည်း WandaVision ဟာ Emmy ဆု (၂၃)ခုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပြီး  Marvel အတွက် ပထမဦးဆုံး Emmy ဆု(၃)ခုကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ အခုလည်း Grammy ဆုအတွက် စံကာတင်စာရင်း ဝင်ထားတာကြောင့် ဒီဆုကို ဆွတ်ခူးသွားနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

WandaVision ဇာတ္လမ္းတြဲထဲက Kathryn Hahn ရဲ့ “Agatha All Along” သီခ်င္းဟာ ၂၀၂၂ ခုႏွစ္ Grammy ဆုေပးပြဲအတြက္ Best Song Written for Visual Media category မွာ စံကာတင္စာရင္း ဝင္ထားပါတယ္။

WandaVision ထဲမွာေတာ့ အေမရိကန္ sitcom ေတြရဲ့ ေခတ္အဆက္ဆက္က ပုံစံေတြကို ျမင္ေတြ႕ခဲ့ရၿပီး အဲ့ဒီအခ်ိန္ကာလနဲ႔ ကိုက္ညီတဲ့ သီခ်င္းေတြလည္း ပါဝင္ထားပါတယ္။ “Agatha All Along” သီခ်င္းကိုေတာ့ Robert Lopez နဲ႔ Kristen Anderson-Lopez တို႔က ေရးသားခဲ့ၿပီး Kathryn Hahn က သီဆိုထားတာ ျဖစ္ပါတယ္။

photo via screenrant

အေပၚမွာေဖာ္ျပထားသလိုပဲ ဒီသီခ်င္းဟာ ၂၀၂၂ ခုႏွစ္ Grammy ဆုေပးပြဲရဲ့ Best Song Written for Visual Media category အတြက္ စံကာတင္စာရင္း ဝင္ထားၿပီး ယခုႏွစ္မွာေတာ့ အဲ့ဒီဆုအတြက္ စံကာတင္စာရင္း ဝင္ထားတဲ့ ဇာတ္လမ္းတြဲဟာ WandaVision တစ္ခုတည္းပဲ ရွိပါတယ္။

ဒီဆုအတြက္ တျခားစံကာတင္စာရင္း ဝင္ထားတာကေတာ့ Bo Burnham ရဲ့ “All Eye On Me” ၊ Pink ရဲ့ “All I Know So Far” ၊ Judas and the Black Messiah ႐ုပ္ရွင္ထဲက “Fight For You” ၊ Respect ႐ုပ္ရွင္ထဲက “Here I Am” နဲ႔ One Night in Miami ႐ုပ္ရွင္ထဲက “Speak Now” တို႔ပဲ ျဖစ္ပါတယ္။

photo via screenrant

အခုဆိုရင္ေတာ့ WandaVision ဟာ ရွစ္ႏွစ္အတြင္းမွာ ဒီဆုအတြက္ စံကာတင္စာရင္း ဝင္ထားတဲ့ ပထမဆုံး ဇာတ္လမ္းတြဲ ျဖစ္လာပါတယ္။ ဒါေၾကာင့္ပဲ WandaVision ရဲ့ ေအာင္ျမင္မွုကို ထပ္ဆင့္ ေအာင္ျမင္ေစၿပီး Disney+ ရဲ့ MCU ဇာတ္လမ္းတြဲေတြကိုလည္း ပိုမိုေအာင္ျမင္လာေစနိုင္ပါတယ္။

ဒါတင္မက Emmy ဆုေပးပြဲမွာလည္း WandaVision ဟာ Emmy ဆု (၂၃)ခုအတြက္ စံကာတင္စာရင္း ဝင္ခဲ့ၿပီး  Marvel အတြက္ ပထမဦးဆုံး Emmy ဆု(၃)ခုကို ဆြတ္ခူးေပးနိုင္ခဲ့ပါတယ္။ အခုလည္း Grammy ဆုအတြက္ စံကာတင္စာရင္း ဝင္ထားတာေၾကာင့္ ဒီဆုကို ဆြတ္ခူးသြားနိုင္မလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular