HomeEntertainmentFilmDCEU ထဲက Flash ဇာတ်ရုပ်မှာ Grant Gustin ကို အစားထိုးဖို့ ပရိသတ်တွေတောင်းဆို

DCEU ထဲက Flash ဇာတ်ရုပ်မှာ Grant Gustin ကို အစားထိုးဖို့ ပရိသတ်တွေတောင်းဆို

Warner Bros. စတူဒီယိုဟာ Ezra Miller ရဲ့ DCEU ထဲက Flash အနာဂတ်ကို စဉ်းစားနေတုန်းမှာပဲ ပရိသတ်တွေကတော့ ဒီဇာတ်ရုပ်ကို Grant Gustin နဲ့ အစားထိုးပေးဖို့ တောင်းဆိုနေကြပါတယ်။

Ezra Miller ရဲ့ လက်ရှိပြဿနာဟာ ပိုမိုရှုပ်ထွေးလာတာနဲ့အမျှ ပရိသတ်တွေကတော့ DCEU ထဲက Barry Allen နေရာမှာ ဇာတ်လမ်းတွဲသရုပ်ဆောင် Grant Gustin ကို အစားထိုးပေးဖို့ ပြောနေကြပါတယ်။ တကယ်တော့ Grant Gustin ဟာ Ezra Miller ထက် နှစ်နှစ်စောပြီး ဒီဇာတ်ရုပ်မှာ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ အဲဒါကတော့ Arrowverse ရဲ့ ဒုတိယမြောက် စီးရီးဖြစ်တဲ့ The Flash ဇာတ်လမ်းတွဲမှာ Barry Allen နေရာက သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး season (၈)ခု ပြီးဆုံးကာ season 9 ဟာလည်း မကြာခင် ပြန်လာဦးမှာ ဖြစ်ပါတယ်။

Ezra Miller ကတော့ DCEU ရုပ်ရှင်သုံးကားမှာ ပါဝင်ထားပြီး ယခုအချိန်မှာတော့ သူ့ရဲ့ပထမဆုံး ဆိုလိုရုပ်ရှင် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Ezra Miller ရဲ့ လက်ရှိပြဿနာတွေကြောင့်ပဲ ယခုအချိန်မှာတော့ DCEU ထဲက သူ့ရဲ့အနာဂတ်ဟာ မသေချာ မရေရာတော့ပါဘူး။

Ezra Miller နဲ့ ပတ်သက်တဲ့ သတင်းတွေ တက်လာတာနဲ့အမျှ ပရိသတ်တွေကလည်း DCEU ရဲ့ Flash နေရာမှာ Grant Gustin ကို အစားထိုးပြီး ရွေးစေချင်နေကြပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေဟာ Warner Bros. စတူဒီယိုက Grant ကို ရွေးချယ်ဖို့အတွက် တွစ်တာပေါ်မှာ တောင်းဆိုကြရင်း Trending တောင် ဝင်သွားပါသေးတယ်။

The Flash ရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ် ဇွန်လမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြသလိုပဲ Ezra Miller ရဲ့ အနာဂတ်ဟာ မရေရာတော့တာကြောင့် DCEU ရဲ့ Flash နေရာမှာ ဘယ်သူ့ကို မြင်တွေ့ရမလည်း ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ စာဖတ်သူတွေအနေနဲ့ရော Grant Gustin ကို DCEU ရဲ့ Flash အနေနဲ့ မြင်ချင်လား ဆိုတာလည်း Comment မှာ ပြောပြခဲ့နိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular