HomeEntertainmentFilmပရိသတ်တွေ အကြိုက်တွေ့ကြဦးမယ့် နာမည်ကျော်တွေရဲ့ ရုပ်ရှင်အသစ် The Gray Man

ပရိသတ်တွေ အကြိုက်တွေ့ကြဦးမယ့် နာမည်ကျော်တွေရဲ့ ရုပ်ရှင်အသစ် The Gray Man

Netflix က ပြသသွားမယ့် The Gray Man ရုပ်ရှင်ရဲ့ ပထမဆုံး ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ စာရေးဆရာ Mark Greaney ရဲ့ဝတ္ထုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Chris Evans ၊ Ryan Gosling ၊ Regé-Jean Page နဲ့ Ana de Armas တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး Avengers: Endgame ကို ရိုက်ကူးခဲ့တဲ့ Russo Brothers ကပဲ ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးပေးထားပါတယ်။

photo via screenrant

ဇာတ်လမ်းအကျဉ်းက‌တော့ Ryan Gosling သရုပ်ဆောင်ထားတဲ့ Court Gentry ဟာ ကျွမ်းကျင်တဲ့ ကြေးစားတစ်ယောက် ဖြစ်ပြီး သူဟာ CIA ရဲ့ လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တွေကို သိရှိသွားပါတယ်။ အဲဒီနောက်မှာတော့ တစ်ကမ္ဘာလုံးက ကြေးစားတွေဟာ သူ့အနောက်ကို လိုက်လာကြပြီး Chris Evans သရုပ်ဆောင်ထားတဲ့ Lloyd Hansen ကလည်း သူ့ကိုလိုက်နေတဲ့ ကြေးစားတွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ Netflix ဟာ ဒီရုပ်ရှင်ရဲ့ ပထမဆုံးထွေလာကို ထွက်ရှိပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ Ryan Gosling နဲ့ Chris Evans တို့ရဲ့ Fight Scene အမိုက်စားတွေကို မြင်တွေ့ခဲ့ရပြီး Chris Evans ကလည်း Ryan Gosling ကို အမဲလိုက်သလို လိုက်နေတာကိုလည်း မြင်တွေ့ရမှာပါ။ ဒါ့အပြင် တဖြည်းဖြည်းနဲ့ ဟောလိဝုဒ်မှာ နာမည်ကြီးလာတဲ့ မင်းသမီး Ana de Armas ရဲ့ ဇာတ်ဝင်ခန်းအချို့ကိုလည်း ကြည့်ရှုရမှာပါ။

ဒီရုပ်ရှင်ကတော့ Netflix ရဲ့ Blockbuster ရုပ်ရှင်ကားပဲ ဖြစ်ပြီး ဇူလိုင်လ (၂၂)ရက်နေ့မှာ စတင်ပြသမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထူးခြားချက်ကတော့ Chris Evans ကို အမြဲတမ်း အမှန်တရားဘက်က ရပ်တည်တဲ့ Captain America အဖြစ်ကနေ ယခုလိုမျိူး ဆိုးသွမ်းတဲ့ ဗီလိန်တစ်ယောက်အနေနဲ့ မြင်တွေ့ရမယ့်အချက်ပဲ ဖြစ်ပါတယ်။ Chris Evans ကတော့ အခုလိုဗီလိန်ဇာတ်ရုပ်နဲ့လည်း ဘယ်လိုမျိူး လိုက်ဖက်အောင် သရုပ်ဆောင်သွားမလည်းဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular