HomeCharacterDC ကောမစ်ပရိသတ်တွေပဲ သိလောက်မယ့် Green Arrow ရဲ့ စိတ်ဝင်စားစရာအချက်များ

DC ကောမစ်ပရိသတ်တွေပဲ သိလောက်မယ့် Green Arrow ရဲ့ စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Oliver Queen တစ်ဖြစ်လည်း Green Arrow ဟာ CW က ထုတ်လွှင့်ခဲ့တဲ့ Arrowverse တစ်ခုလုံးကို စတင်ခဲ့သူ ဖြစ်ပါတယ်။ Oliver ကိုတော့ ၁၉၄၁ခုနှစ် နိုဝင်ဘာလမှာ ထွက်ရှိခဲ့တဲ့ More Fun Comics ရဲ့ အတွဲနံပါတ် (၇၃)မှာ စတင်ပွဲထွက်ခဲ့ပါတယ်။ အခုဆိုရင် Oliver ဟာ Green Arrow အနေနဲ့ ကောမစ်တွေထဲမှာ ပါဝင်ခဲ့တာ နှစ်ပေါင်း(၈၀) ကျော်သွားပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Oliver ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Golden Age
photo via screenrant

Green Arrow ကိုတော့ စူပါဟီးရိုးဇာတ်ကောင်တွေကို စတင်ဖန်တီးခါစ အချိန်ဖြစ်တဲ့ ၁၉၄၀ ကျော်လောက်မှာ ဇာတ်လမ်းရေးသားသူ Mort Weisinger နဲ့ ကောမစ်ရေးဆွဲသူ George Papp တို့က ပူးတွဲဖန်တီးခဲ့တာ ဖြစ်ပါတယ်။ DC ကောမစ်ရဲ့ အအောင်မြင်ဆုံး ဟီးရိုးတစ်ယောက် ဖြစ်တဲ့ Superman ကိုတော့ ၁၉၃၈ခုနှစ်မှာ ဖန်တီးခဲ့ပြီး အဲ့ဒီနောက်မှာတော့ Green Arrow အပါအဝင် တခြား Golden Age ဟီးရိုးတွေကို ဆက်လက်ဖန်တီးခဲ့ပါတယ်။

Green Arrow ရဲ့ ပထမဆုံး origin ထဲမှာတော့ Oliver ဟာ ရှေးဟောင်းသုသေတန ပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဓားပြတိုက်မှုတစ်ခုကြောင့် သူ့ရဲ့ပြတိုက်ဟာ မီးလောင်သွားပါတယ်။ ဒါကြောင့်ပဲ Oliver ဟာ ဆက်လက် အသက်ရှင်သန်ဖို့ အကြောင်းပြချက် ရှာတဲ့အနေနဲ့ လူသူမနီးတဲ့ နေရာတစ်ခုကို ထွက်လာခဲ့ပါတယ်။ အဲ့ဒီနေရာမှာတော့ Roy Harper ဆိုသူကလည်း လေယာဉ် ပျက်ကျကာ သောင်တင်နေပြီး အသက်ရှင်နေထိုင်ဖို့အတွက် အမဲလိုက်တာကို သင်ယူနေရပါတယ်။

ကောလာဟလဖြစ်နေတဲ့ ရတနာတွေကြောင့် Oliver ရဲ့ နောက်ကိုလည်း ရာဇဝတ်သားတွေက လိုက်လာကြပါတယ်။ အဲ့ဒီရာဇဝတ်သားတွေကြောင့်ပဲ Oliver နဲ့ Roy Harper တို့နှစ်ယောက် တွေ့ဆုံခဲ့ကြပြီး ရာဇဝတ်သားတွေ ခိုင်းတာကို အတူတူလုပ်ခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ လေးနဲ့မြားကို အသုံးပြုကာ အဲ့ဒီရာဇဝတ်သားတွေကို အနိုင်ယူနိုင်ခဲ့ပြီး Green Arrow နဲ့ Speedy ဖြစ်လာပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ Oliver ဟာ Arrowcar နဲ့ Arrow-plane တို့ကို စီးနင်းခဲ့ပါတယ်။ ဒါ့အပြင် Golden Age ဟီးရိုးတွေရဲ့ ထုံးစံအတိုင်း Speedy ဟာ Oliver ရဲ့ sidekick တစ်ယောက် ဖြစ်လာပါတယ်။

(2) Silver Age
photo via screenrant

အခုခေတ်မှာ ကောမစ်ဇာတ်ကောင်တွေအတွက် reboot ပြန်လုပ်တာဟာ သိပ်မဆန်းတော့ပေမယ့်လည်း Golden Age နဲ့ Silver Age တို့မှာတော့ reboot တွေအများကြီး ပြုလုပ်လေ့ မရှိပါဘူး။ The Atom လိုမျိူး ဇာတ်ကောင်တွေ ဆိုရင် ကောမစ်ထဲမှာ မကြာခဏ ပြောင်းလဲသွားခဲ့သလို Green Arrow ရဲ့ origin ကလည်း Silver Age ရောက်တဲ့အချိန်မှာတော့ ကျွန်တော်တို့ အခုသိထားတဲ့ origin အဖြစ်ကို ပြောင်းလဲသွားပါတယ်။

ဒါ့အပြင် ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားတဲ့ အချိန်မှာတော့ စူပါဟီးရိုးကောမစ်တွေဟာ သိပ်ပြီး လူကြိုက်မများတော့ဘဲ တခြားဇာတ်လမ်း အမျိူးအစား ကောမစ်တွေက ပိုပြီးနာမည်ကြီးလာပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်မှာတောင်မှ ဆက်လက်လူကြိုက်များခဲ့တဲ့ စူပါဟီးရိုးဇာတ်ကောင် အနည်းငယ်ထဲမှာ Green Arrow ပါဝင်ခဲ့ပါတယ်။

(3) Green Arrow နဲ့ Green Lantern
photo via screenrant

၁၉၆၉ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Brave and the Bold ကောမစ်ရဲ့ အတွဲ(85)ထဲမှာတော့ ကောမစ်ရေးဆွဲသူ Neal Adams ဟာ Green Arrow ရဲ့ ပုံစံကို အနည်းငယ် ပြောင်းလဲပေးခဲ့ပါတယ်။ ဒါတင် မကသေးဘဲ Green Arrow ကို နောက်ထပ် DC ဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Green Lantern နဲ့ ပူးတွဲပြီး ကောမစ်တွေ ဖန်တီးခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းတွေဟာ အတော်လေးကို အောင်မြင်ခဲ့ပေမယ့်လည်း လူမျိူးရေးနဲ့ ဆင်းရဲမွဲတေမှုစတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ခံခဲ့ရပါတယ်။

(4) Speedy
photo via screenrant

Green Lantern ကောမစ် အတွဲ(85)ထဲမှာတော့ Green Arrow ရဲ့ sidekick ဖြစ်သူ Speedy တစ်ယောက် မူးယစ်ဆေး စွဲနေတာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ ဒီလိုဇာတ်လမ်းမျိူးဟာ Comic Code Authority က ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အလွန်အောင်မြင်ခဲ့တဲ့ Green Arrow နဲ့ Green Lantern တို့အတွဲဟာ နောက်ထပ် အတွဲအနည်းငယ် ထွက်ပြီးနောက်မှာတော့ အဆုံးသတ်ခဲ့ရပါတယ်။

(5) Oliver ရဲ့ သေဆုံးမှု
photo via screenrant

ကောမစ်ဇာတ်ကောင်တွေဟာ ဇာတ်လမ်းတစ်ခုမဟုတ် တစ်ခုမှာတော့ သေဆုံးဖူးလေ့ ရှိပါတယ်။ Oliver ကတော့ ၁၉၉၀ကျော်လောက်မှာ ထွက်ရှိခဲ့တဲ့ Green Arrow ကောမစ် အတွဲ(100)ထဲမှာ အကြမ်းဖက်သမားအုပ်စုတွေရဲ့ အန္တရာယ်ကနေ Metropolis မြို့ကို ကာကွယ်ရင်း သေဆုံးသွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူ့ရဲ့သားဖြစ်သူ Connor Hawke ဟာ Green Arrow အနေနဲ့ ရာဇဝတ်မှုတွေကို ဆက်ပြီး တိုက်ဖျက်သွားပါတယ်။ ဒါပေမယ့်လည်း ၂၀၀၀ခုနှစ်ကျော်လောက်မှာတော့ Green Lantern ဖြစ်သူ Hal Jordan ဟာ Oliver ကို ပြန်လည်အသက်သွင်းခဲ့ပါတယ်။ Oliver ဟာ ပြန်လည်ရှင်သန်လာပေမယ့်လည်း သူ့ရဲ့အတိတ်က အကြောင်းတွေကိုတော့ သိပ်မမှတ်မိတော့ပါဘူး။

(6) Black Canary နဲ့လည်း မင်္ဂလာဆောင်ခဲ့ပါသေးတယ်။
photo via screenrant

Green Arrow နဲ့ Black Canary တို့ဟာ ကောမစ်ထဲမှာ မကြာခဏ တွဲလိုက်၊ ပြတ်လိုက် ဖြစ်နေတဲ့ အတွဲတစ်တွဲ ဖြစ်ပါတယ်။ နောက်ဆုံး ၂၀၀၇ခုနှစ် အရောက်မှာတော့ သူတို့နှစ်ယောက်ဟာ လက်ထပ်သွားခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲဟာ ပြီးပြည့်စုံတဲ့ လက်ထပ်ပွဲတစ်ခု ဖြစ်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ကြီးမားတဲ့ ရန်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

ဒီလက်ထပ်ပွဲရဲ့ အဆုံးသတ်မှာတော့ Oliver ဟာ ထိန်းမရအောင် ဆိုးသွမ်းနေတာကြောင့် Black Canary ဟာ သူ့ကို သတ်ပစ်ခဲ့ရပါတယ်။ နောက်ပိုင်းကျမှ သိလိုက်ရတဲ့ အမှန်တရားကတော့ Green Arrow အစစ်ကို Athena ဆိုတဲ့ ဗီလိန်က ဖမ်းချုပ်ထားပြီး ကျန်တဲ့သူတွေကို လှည့်စားခဲ့တာ ဖြစ်ပါတယ်။

(7) New 52 ဗားရှင်း
photo via screenrant

Green Arrow နဲ့ Black Canary တို့နှစ်ယောက်လုံးရဲ့  အမှားကြောင့် မဟုတ်ပေမယ့်လည်း စိတ်မကောင်းစရာတစ်ခုကတော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ ကြာကြာမခံခဲ့ပါဘူး။ အကြောင်းကတော့ ၂၀၁၁ခုနှစ်အရောက်မှာပဲ DC ကောမစ်ဟာ သူ့ရဲ့ universe တစ်ခုလုံးကို အစကနေ ပြန်လည်စတင်ဖို့ စီစဉ်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုမျိူး reboot လုပ်လိုက်တာကိုတော့ New 52 လို့ ခေါ်ပြီး Oliver ရဲ့ အိမ်ထောင်ရေး အပါအဝင် အရင်က ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေ အားလုံးဟာ အစကို ပြန်လည်ရောက်ရှိသွားပါတော့တယ်။

(8) Multiverse
photo via screenrant

Infinite Frontier လို့ ခေါ်တဲ့ ကောမစ်ထဲမှာတော့ DC ဟာ multiverse တွေကို ချပြခဲ့ပြီး Green Arrow ရဲ့ ဗားရှင်းအမျိူးမျိူးကိုလည်း တွေ့ခဲ့ရပါတယ်။ အပေါ်မှာ ပထမဆုံး ဖော်ပြခဲ့တဲ့ Golden Age ရဲ့ Green Arrow ကတော့ Earth-2 က ဖြစ်နေတာကို သိခဲ့ရပါတယ်။ The Dark Knight Strikes Again ကောမစ်ထဲမှာ ဇာတ်အိမ်တည်ထားတဲ့ timeline မှာဆိုရင် Green Arrow ဟာ လက်တစ်ဘက် ပြတ်သွားပါတယ်။ The Nail ကောမစ်ရဲ့ timeline မှာ တည်ရှိတဲ့ Green Arrow ဟာဆိုရင်တော့ လက်တစ်ဘက်တင်မကဘဲ မျက်လုံးတစ်လုံးပါ ဆုံးရှုံးသွားခဲ့ပါတယ်။

ဒါကတော့ Green Arrow နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာအချို့ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် ဆံရစ်ဝိုင်းပေ့ချ်ကို Like & See First လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Oliver Queen တစ္ျဖစ္လည္း Green Arrow ဟာ CW က ထုတ္လႊင့္ခဲ့တဲ့ Arrowverse တစ္ခုလုံးကို စတင္ခဲ့သူ ျဖစ္ပါတယ္။ Oliver ကိုေတာ့ ၁၉၄၁ခုႏွစ္ ႏိုဝင္ဘာလမွာ ထြက္ရွိခဲ့တဲ့ More Fun Comics ရဲ႕ အတြဲနံပါတ္ (၇၃)မွာ စတင္ပြဲထြက္ခဲ့ပါတယ္။ အခုဆိုရင္ Oliver ဟာ Green Arrow အေနနဲ႔ ေကာမစ္ေတြထဲမွာ ပါဝင္ခဲ့တာ ႏွစ္ေပါင္း(၈၀) ေက်ာ္သြားၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Oliver ရဲ႕ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Golden Age
photo via screenrant

Green Arrow ကိုေတာ့ စူပါဟီး႐ိုးဇာတ္ေကာင္ေတြကို စတင္ဖန္တီးခါစ အခ်ိန္ျဖစ္တဲ့ ၁၉၄၀ ေက်ာ္ေလာက္မွာ ဇာတ္လမ္းေရးသားသူ Mort Weisinger နဲ႔ ေကာမစ္ေရးဆြဲသူ George Papp တို႔က ပူးတြဲဖန္တီးခဲ့တာ ျဖစ္ပါတယ္။ DC ေကာမစ္ရဲ႕ အေအာင္ျမင္ဆုံး ဟီး႐ိုးတစ္ေယာက္ ျဖစ္တဲ့ Superman ကိုေတာ့ ၁၉၃၈ခုႏွစ္မွာ ဖန္တီးခဲ့ၿပီး အဲ့ဒီေနာက္မွာေတာ့ Green Arrow အပါအဝင္ တျခား Golden Age ဟီး႐ိုးေတြကို ဆက္လက္ဖန္တီးခဲ့ပါတယ္။

Green Arrow ရဲ႕ ပထမဆုံး origin ထဲမွာေတာ့ Oliver ဟာ ေရွးေဟာင္းသုေသတန ပညာရွင္တစ္ေယာက္ ျဖစ္ပါတယ္။ တစ္ရက္မွာေတာ့ ဓားျပတိုက္မႈတစ္ခုေၾကာင့္ သူ႔ရဲ႕ျပတိုက္ဟာ မီးေလာင္သြားပါတယ္။ ဒါေၾကာင့္ပဲ Oliver ဟာ ဆက္လက္ အသက္ရွင္သန္ဖို႔ အေၾကာင္းျပခ်က္ ရွာတဲ့အေနနဲ႔ လူသူမနီးတဲ့ ေနရာတစ္ခုကို ထြက္လာခဲ့ပါတယ္။ အဲ့ဒီေနရာမွာေတာ့ Roy Harper ဆိုသူကလည္း ေလယာဥ္ ပ်က္က်ကာ ေသာင္တင္ေနၿပီး အသက္ရွင္ေနထိုင္ဖို႔အတြက္ အမဲလိုက္တာကို သင္ယူေနရပါတယ္။

ေကာလာဟလျဖစ္ေနတဲ့ ရတနာေတြေၾကာင့္ Oliver ရဲ႕ ေနာက္ကိုလည္း ရာဇဝတ္သားေတြက လိုက္လာၾကပါတယ္။ အဲ့ဒီရာဇဝတ္သားေတြေၾကာင့္ပဲ Oliver နဲ႔ Roy Harper တို႔ႏွစ္ေယာက္ ေတြ႕ဆုံခဲ့ၾကၿပီး ရာဇဝတ္သားေတြ ခိုင္းတာကို အတူတူလုပ္ခဲ့ရပါတယ္။

ေနာက္ဆုံးမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ေလးနဲ႔ျမားကို အသုံးျပဳကာ အဲ့ဒီရာဇဝတ္သားေတြကို အႏိုင္ယူႏိုင္ခဲ့ၿပီး Green Arrow နဲ႔ Speedy ျဖစ္လာပါတယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ Oliver ဟာ Arrowcar နဲ႔ Arrow-plane တို႔ကို စီးနင္းခဲ့ပါတယ္။ ဒါ့အျပင္ Golden Age ဟီး႐ိုးေတြရဲ႕ ထုံးစံအတိုင္း Speedy ဟာ Oliver ရဲ႕ sidekick တစ္ေယာက္ ျဖစ္လာပါတယ္။

(2) Silver Age
photo via screenrant

အခုေခတ္မွာ ေကာမစ္ဇာတ္ေကာင္ေတြအတြက္ reboot ျပန္လုပ္တာဟာ သိပ္မဆန္းေတာ့ေပမယ့္လည္း Golden Age နဲ႔ Silver Age တို႔မွာေတာ့ reboot ေတြအမ်ားႀကီး ျပဳလုပ္ေလ့ မရွိပါဘူး။ The Atom လိုမ်ိဴး ဇာတ္ေကာင္ေတြ ဆိုရင္ ေကာမစ္ထဲမွာ မၾကာခဏ ေျပာင္းလဲသြားခဲ့သလို Green Arrow ရဲ႕ origin ကလည္း Silver Age ေရာက္တဲ့အခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔ အခုသိထားတဲ့ origin အျဖစ္ကို ေျပာင္းလဲသြားပါတယ္။

ဒါ့အျပင္ ဒုတိယကမာၻစစ္ ၿပီးဆုံးသြားတဲ့ အခ်ိန္မွာေတာ့ စူပါဟီး႐ိုးေကာမစ္ေတြဟာ သိပ္ၿပီး လူႀကိဳက္မမ်ားေတာ့ဘဲ တျခားဇာတ္လမ္း အမ်ိဴးအစား ေကာမစ္ေတြက ပိုၿပီးနာမည္ႀကီးလာပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအခ်ိန္မွာေတာင္မွ ဆက္လက္လူႀကိဳက္မ်ားခဲ့တဲ့ စူပါဟီး႐ိုးဇာတ္ေကာင္ အနည္းငယ္ထဲမွာ Green Arrow ပါဝင္ခဲ့ပါတယ္။

(3) Green Arrow နဲ႔ Green Lantern
photo via screenrant

၁၉၆၉ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Brave and the Bold ေကာမစ္ရဲ႕ အတြဲ(85)ထဲမွာေတာ့ ေကာမစ္ေရးဆြဲသူ Neal Adams ဟာ Green Arrow ရဲ႕ ပုံစံကို အနည္းငယ္ ေျပာင္းလဲေပးခဲ့ပါတယ္။ ဒါတင္ မကေသးဘဲ Green Arrow ကို ေနာက္ထပ္ DC ဇာတ္ေကာင္တစ္ေယာက္ ျဖစ္တဲ့ Green Lantern နဲ႔ ပူးတြဲၿပီး ေကာမစ္ေတြ ဖန္တီးခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းေတြဟာ အေတာ္ေလးကို ေအာင္ျမင္ခဲ့ေပမယ့္လည္း လူမ်ိဴးေရးနဲ႔ ဆင္းရဲမြဲေတမႈစတဲ့ အခ်က္ေတြနဲ႔ ပတ္သက္ၿပီး ေဝဖန္ခံခဲ့ရပါတယ္။

(4) Speedy
photo via screenrant

Green Lantern ေကာမစ္ အတြဲ(85)ထဲမွာေတာ့ Green Arrow ရဲ႕ sidekick ျဖစ္သူ Speedy တစ္ေယာက္ မူးယစ္ေဆး စြဲေနတာကို ပရိသတ္ေတြ ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ ဒီလိုဇာတ္လမ္းမ်ိဴးဟာ Comic Code Authority က ပိတ္ပင္ထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ အလြန္ေအာင္ျမင္ခဲ့တဲ့ Green Arrow နဲ႔ Green Lantern တို႔အတြဲဟာ ေနာက္ထပ္ အတြဲအနည္းငယ္ ထြက္ၿပီးေနာက္မွာေတာ့ အဆုံးသတ္ခဲ့ရပါတယ္။

(5) Oliver ရဲ႕ ေသဆုံးမႈ
photo via screenrant

ေကာမစ္ဇာတ္ေကာင္ေတြဟာ ဇာတ္လမ္းတစ္ခုမဟုတ္ တစ္ခုမွာေတာ့ ေသဆုံးဖူးေလ့ ရွိပါတယ္။ Oliver ကေတာ့ ၁၉၉၀ေက်ာ္ေလာက္မွာ ထြက္ရွိခဲ့တဲ့ Green Arrow ေကာမစ္ အတြဲ(100)ထဲမွာ အၾကမ္းဖက္သမားအုပ္စုေတြရဲ႕ အႏၲရာယ္ကေန Metropolis ၿမိဳ႕ကို ကာကြယ္ရင္း ေသဆုံးသြားခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူ႔ရဲ႕သားျဖစ္သူ Connor Hawke ဟာ Green Arrow အေနနဲ႔ ရာဇဝတ္မႈေတြကို ဆက္ၿပီး တိုက္ဖ်က္သြားပါတယ္။ ဒါေပမယ့္လည္း ၂၀၀၀ခုႏွစ္ေက်ာ္ေလာက္မွာေတာ့ Green Lantern ျဖစ္သူ Hal Jordan ဟာ Oliver ကို ျပန္လည္အသက္သြင္းခဲ့ပါတယ္။ Oliver ဟာ ျပန္လည္ရွင္သန္လာေပမယ့္လည္း သူ႔ရဲ႕အတိတ္က အေၾကာင္းေတြကိုေတာ့ သိပ္မမွတ္မိေတာ့ပါဘူး။

(6) Black Canary နဲ႔လည္း မဂၤလာေဆာင္ခဲ့ပါေသးတယ္။
photo via screenrant

Green Arrow နဲ႔ Black Canary တို႔ဟာ ေကာမစ္ထဲမွာ မၾကာခဏ တြဲလိုက္၊ ျပတ္လိုက္ ျဖစ္ေနတဲ့ အတြဲတစ္တြဲ ျဖစ္ပါတယ္။ ေနာက္ဆုံး ၂၀၀၇ခုႏွစ္ အေရာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ လက္ထပ္သြားခဲ့ၾကပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ လက္ထပ္ပြဲဟာ ၿပီးျပည့္စုံတဲ့ လက္ထပ္ပြဲတစ္ခု ျဖစ္ခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ ႀကီးမားတဲ့ ရန္ပြဲတစ္ခုအျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။

ဒီလက္ထပ္ပြဲရဲ႕ အဆုံးသတ္မွာေတာ့ Oliver ဟာ ထိန္းမရေအာင္ ဆိုးသြမ္းေနတာေၾကာင့္ Black Canary ဟာ သူ႔ကို သတ္ပစ္ခဲ့ရပါတယ္။ ေနာက္ပိုင္းက်မွ သိလိုက္ရတဲ့ အမွန္တရားကေတာ့ Green Arrow အစစ္ကို Athena ဆိုတဲ့ ဗီလိန္က ဖမ္းခ်ဳပ္ထားၿပီး က်န္တဲ့သူေတြကို လွည့္စားခဲ့တာ ျဖစ္ပါတယ္။

(7) New 52 ဗားရွင္း
photo via screenrant

Green Arrow နဲ႔ Black Canary တို႔ႏွစ္ေယာက္လုံးရဲ႕  အမွားေၾကာင့္ မဟုတ္ေပမယ့္လည္း စိတ္မေကာင္းစရာတစ္ခုကေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ အိမ္ေထာင္ေရးဟာ ၾကာၾကာမခံခဲ့ပါဘူး။ အေၾကာင္းကေတာ့ ၂၀၁၁ခုႏွစ္အေရာက္မွာပဲ DC ေကာမစ္ဟာ သူ႔ရဲ႕ universe တစ္ခုလုံးကို အစကေန ျပန္လည္စတင္ဖို႔ စီစဥ္ခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒီလိုမ်ိဴး reboot လုပ္လိုက္တာကိုေတာ့ New 52 လို႔ ေခၚၿပီး Oliver ရဲ႕ အိမ္ေထာင္ေရး အပါအဝင္ အရင္က ျဖစ္ပ်က္ခဲ့သမွ် အျဖစ္အပ်က္ေတြ အားလုံးဟာ အစကို ျပန္လည္ေရာက္ရွိသြားပါေတာ့တယ္။

(8) Multiverse
photo via screenrant

Infinite Frontier လို႔ ေခၚတဲ့ ေကာမစ္ထဲမွာေတာ့ DC ဟာ multiverse ေတြကို ခ်ျပခဲ့ၿပီး Green Arrow ရဲ႕ ဗားရွင္းအမ်ိဴးမ်ိဴးကိုလည္း ေတြ႕ခဲ့ရပါတယ္။ အေပၚမွာ ပထမဆုံး ေဖာ္ျပခဲ့တဲ့ Golden Age ရဲ႕ Green Arrow ကေတာ့ Earth-2 က ျဖစ္ေနတာကို သိခဲ့ရပါတယ္။ The Dark Knight Strikes Again ေကာမစ္ထဲမွာ ဇာတ္အိမ္တည္ထားတဲ့ timeline မွာဆိုရင္ Green Arrow ဟာ လက္တစ္ဘက္ ျပတ္သြားပါတယ္။ The Nail ေကာမစ္ရဲ႕ timeline မွာ တည္ရွိတဲ့ Green Arrow ဟာဆိုရင္ေတာ့ လက္တစ္ဘက္တင္မကဘဲ မ်က္လုံးတစ္လုံးပါ ဆုံးရႈံးသြားခဲ့ပါတယ္။

ဒါကေတာ့ Green Arrow နဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာ အေၾကာင္းအရာအခ်ိဳ႕ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & See First လုပ္ထားေပးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular