HomeEntertainmentFilmSpider-Man 3 မှာ Green Goblin ဟာ အဓိကဗီလိန်ဖြစ်လာမယ်လို့ သတင်းထွက်နေ

Spider-Man 3 မှာ Green Goblin ဟာ အဓိကဗီလိန်ဖြစ်လာမယ်လို့ သတင်းထွက်နေ

ေအာက္တြင္ ‌ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Willem Dafoe သရုပ်ဆောင်သွားမယ့် Green Goblin ဟာ Spider-Man: No Way Home ထဲမှာ အဓိကဗီလိန်အနေနဲ့ ပါဝင်လာမယ်လို့ သတင်းထွက်နေပါတယ်။

Tom Holland သရုပ်ဆောင်ထားတဲ့ Spider-Man: Far From Home ရဲ့ ဇာတ်သိမ်းမှာတော့ Mysterio ဟာ Spider-Man က Peter Parker ဆိုတာကို တစ်ကမ္ဘာလုံးသိအောင် ပြောပြခဲ့ပါတယ်။ ဒါကြောင့်ပဲ အသစ်ထွက်ရှိလာမယ့် Spider-Man: No Way Home ထဲမှာတော့ အရင်ကနဲ့မတူတဲ့ ပုံစံမျိူးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

photo via screenrant

ဒါ့အပြင် ပရိသတ်တွေအားလုံး စောင့်မျှော်နေတဲ့ Multiverse ကိုလည်း ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရနိုင်ပါတယ်။ အကြောင်းကတော့ ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ့် ဇာတ်ကောင်တွေကြောင့်ပဲ ဖြစ်ပါတယ်။ Marvel က အတည်ပြုထားချက်အရ Doctor Strange ဟာ Doctor Strange in the Multiverse of Madness ထဲမှာ မပါဝင်ခင် Spider-Man 3 ထဲမှာ အရင်ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Tobey Maguire နဲ့ Andrew Garfield တို့လည်း ပါဝင်လာမယ်လို့ သတင်းထွက်နေတာ ရှိပါသေးတယ်။ ဒါတွေကတော့ အတည်ပြုထားတာ မဟုတ်ပေမယ့်လည်း တကယ်သာ ပါဝင်လာမယ်ဆိုရင် Spiderverse ကိုပါ မြင်တွေ့ရမှာပါ။

Tobey Maguire ရဲ့ Spider-Man Trilogy ထဲမှာ Green Goblin အဖြစ် သရုပ်ဆောင်ထားတဲ့ Willem Dafoe ကလည်း Spider-Man: No Way Home ထဲမှာ Green Goblin အဖြစ် ပြန်လည်ပါဝင်လာဦးမှာပါ။ Collider သတင်းဌာနရဲ့ ဖော်ပြချက်အရ Green Goblin ဟာ Spider-Man 3 ထဲမှာ အဓိကဗီလိန် ဖြစ်လာမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီသတင်းဟာ အတော်လေး သေချာတယ်လို့လည်း သိရပါတယ်။

photo via screenrant

Green Goblin ဟာ ဗီလိန်ခြောက်ယောက်ထဲက တစ်ယောက် ဖြစ်ပြီး Spider-Man 3 ရဲ့ ဇာတ်ကားနာမည်ဟာလည်း တခြားဒိုင်မေးရှင်းက အိမ်ပြန်လမ်းမရှိတဲ့ ဗီလိန်တွေကို ရည်ညွှန်းတာလို့ သိရပါတယ်။ ဒီသတင်းသာ တကယ်မှန်ခဲ့မယ် ဆိုရင်တော့ ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ဒီသတင်းအရဆိုရင် Sinister Six ကို မြင်ရမှာ ဖြစ်ပြီး Spider-Man သုံးယောက်ကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာသိရဖို့အတွက် ဆိုရင်တော့ Spider-Man: No Way Home ထွက်လာမယ့် ရက်ကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Willem Dafoe သ႐ုပ္ေဆာင္သြားမယ့္ Green Goblin ဟာ Spider-Man: No Way Home ထဲမွာ အဓိကဗီလိန္အေနနဲ႔ ပါဝင္လာမယ္လို႔ သတင္းထြက္ေနပါတယ္။

Tom Holland သ႐ုပ္ေဆာင္ထားတဲ့ Spider-Man: Far From Home ရဲ႕ ဇာတ္သိမ္းမွာေတာ့ Mysterio ဟာ Spider-Man က Peter Parker ဆိုတာကို တစ္ကမာၻလုံးသိေအာင္ ေျပာျပခဲ့ပါတယ္။ ဒါေၾကာင့္ပဲ အသစ္ထြက္ရွိလာမယ့္ Spider-Man: No Way Home ထဲမွာေတာ့ အရင္ကနဲ႔မတူတဲ့ ပုံစံမ်ိဴးကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

photo via screenrant

ဒါ့အျပင္ ပရိသတ္ေတြအားလုံး ေစာင့္ေမွ်ာ္ေနတဲ့ Multiverse ကိုလည္း ဒီ႐ုပ္ရွင္ထဲမွာ ျမင္ေတြ႕ရႏိုင္ပါတယ္။ အေၾကာင္းကေတာ့ ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္လာမယ့္ ဇာတ္ေကာင္ေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ Marvel က အတည္ျပဳထားခ်က္အရ Doctor Strange ဟာ Doctor Strange in the Multiverse of Madness ထဲမွာ မပါဝင္ခင္ Spider-Man 3 ထဲမွာ အရင္ပါဝင္သြားမွာ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ Tobey Maguire နဲ႔ Andrew Garfield တို႔လည္း ပါဝင္လာမယ္လို႔ သတင္းထြက္ေနတာ ရွိပါေသးတယ္။ ဒါေတြကေတာ့ အတည္ျပဳထားတာ မဟုတ္ေပမယ့္လည္း တကယ္သာ ပါဝင္လာမယ္ဆိုရင္ Spiderverse ကိုပါ ျမင္ေတြ႕ရမွာပါ။

Tobey Maguire ရဲ႕ Spider-Man Trilogy ထဲမွာ Green Goblin အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Willem Dafoe ကလည္း Spider-Man: No Way Home ထဲမွာ Green Goblin အျဖစ္ ျပန္လည္ပါဝင္လာဦးမွာပါ။ Collider သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Green Goblin ဟာ Spider-Man 3 ထဲမွာ အဓိကဗီလိန္ ျဖစ္လာမယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ဒီသတင္းဟာ အေတာ္ေလး ေသခ်ာတယ္လို႔လည္း သိရပါတယ္။

photo via screenrant

Green Goblin ဟာ ဗီလိန္ေျခာက္ေယာက္ထဲက တစ္ေယာက္ ျဖစ္ၿပီး Spider-Man 3 ရဲ႕ ဇာတ္ကားနာမည္ဟာလည္း တျခားဒိုင္ေမးရွင္းက အိမ္ျပန္လမ္းမရွိတဲ့ ဗီလိန္ေတြကို ရည္ၫႊန္းတာလို႔ သိရပါတယ္။ ဒီသတင္းသာ တကယ္မွန္ခဲ့မယ္ ဆိုရင္ေတာ့ ပရိသတ္ေတြအတြက္ သတင္းေကာင္းတစ္ခုပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ဒီသတင္းအရဆိုရင္ Sinister Six ကို ျမင္ရမွာ ျဖစ္ၿပီး Spider-Man သုံးေယာက္ကိုလည္း ျမင္ေတြ႕ရႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ေသခ်ာသိရဖို႔အတြက္ ဆိုရင္ေတာ့ Spider-Man: No Way Home ထြက္လာမယ့္ ရက္ကို ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular