HomeEntertainmentFilmHawkeye ဇာတ်လမ်းတွဲထဲမှာ Kate Bishop အဖြစ် သရုပ်ဆောင်နိုင်ချေရှိတဲ့ Hailee Steinfeld

Hawkeye ဇာတ်လမ်းတွဲထဲမှာ Kate Bishop အဖြစ် သရုပ်ဆောင်နိုင်ချေရှိတဲ့ Hailee Steinfeld

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Hailee Steinfeld ရဲ့ အင်စတာဂရမ်က ပို့စ်တစ်ခုအရ သူမဟာ Hawkeye ဇာတ်လမ်းတွဲထဲမှာ Kate Bishop အဖြစ် ပါဝင်လာနိုင်တယ်လို့ အရိပ်အမြွက် ပြောထားပါတယ်။

အဲ့ဒီဇာတ်လမ်းတွဲထဲမှာတော့ Jeremy Renner ဟာ Hawkeye အဖြစ် ပြန်လည်ပါဝင်လာမှာ ဖြစ်သလို သူ့ရဲ့နေရာမှာ အစားထိုးဖို့အတွက် Kate Bishop လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရိုက်ကူးရေး စတင်နေပြီ ဖြစ်ပေမယ့် Kate Bishop နေရာမှာ ဘယ်သူက သရုပ်ဆောင်သွားမလည်း ဆိုတာကိုတော့ တရားဝင် ကြေညာထားခြင်း မရှိသေးပါဘူး။ ဒီဇာတ်လမ်းတွဲဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်တည်းက အတည်ပြုခဲ့တာ ဖြစ်ပေမယ့်လည်း သရုပ်ဆောင်တွေအနေနဲ့ဆိုရင်တော့ Jeremy Renner တစ်ယောက်ကိုပဲ သိရသေးပါတယ်။

photo via screenrant

သူမရဲ့ အင်စတာဂရမ်မှာ နောက်ဆုံးတင်ထားတဲ့ ပို့စ်ထဲမှာတော့ ကောမစ်ထဲက ဇာတ်ကောင်နဲ့ ဆင်တူတဲ့ပုံတစ်ခုကို တင်ထားတာ တွေ့ရပါတယ်။ ပုံကတော့ ဘာမှမထူးခြားသလို MCU နဲ့လည်း မသက်ဆိုင်ပေမယ့် အဲ့ဒီပို့စ်မှာရေးထားတဲ့ caption က လူစိတ်ဝင်စားခံနေရတာ ဖြစ်ပါတယ်။ Caption ကတော့ ” see u in 11 days, 24 ” ဆိုပြီးတော့ နောက်ဆုံးမှာ မြားပုံစံအီမိုဂျီလေး ထည့်ထားတာ ဖြစ်ပါတယ်။ အရှေ့က ဂဏန်းတွေကတော့ သူမရဲ့မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ (၁၁)ရက်နေ့ ဖြစ်ပြီးတော့ အဲ့ဒီနေ့ကျရင် အသက်(၂၄)နှစ် ပြည့်မယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးက မြားပုံစံအီမိုဂျီလေးကိုတော့ ပရိသတ်အများစုဟာ Kate Bishop အဖြစ် ပါဝင်လာဖို့အတွက် အရိပ်အမြွက်ဖော်ပြထားတယ်လို့ ယူဆနေကြပါတယ်။

photo via haileesteinfeld/instagram

ဒါပေမယ့်လည်း အဲ့ဒီမြားပုံစံလေးဟာ ပုံထဲမှာပြထားတဲ့အတိုင်း သူမရဲ့ zodiac sign ကို ကိုယ်စားပြုတာလည်း ဖြစ်နိုင်ပါတယ်။ ဒါအပြင် ဒီဇင်ဘာ (၁၀)ရက်နေ့မှာတော့ Hawkeye ရုပ်ရှင်အဖွဲ့သားတွေနဲ့ Disney တို့ကလည်း အစည်းအဝေးလုပ်ဖို့ ရှိတယ်လို့ သိရပါသေးတယ်။ အဲ့ဒါကြောင့် သူမရဲ့ caption ဟာ သူမရဲ့မွေးနေ့နဲ့ Hawkeye ဇာတ်လမ်းတွဲထဲမှာ Kate Bishop အဖြစ် ပါဝင်ဖို့အတွက်ကိုပါ ကိုယ်စားပြုတယ်လို့ ယူဆလို့ရပါတယ်။ အခုချိန်ထိတော့ တရားဝင် ကြေညာတာမျိူး မရှိသေးပေမယ့်လည်း သူမကတော့ Kate Bishop နေရာမှာ သရုပ်ဆောင်နိုင်ချေ အများဆုံး လူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Hailee Steinfeld ရဲ႕ အင္စတာဂရမ္က ပို႔စ္တစ္ခုအရ သူမဟာ Hawkeye ဇာတ္လမ္းတြဲထဲမွာ Kate Bishop အျဖစ္ ပါဝင္လာႏိုင္တယ္လို႔ အရိပ္အႁမြက္ ေျပာထားပါတယ္။

အဲ့ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Jeremy Renner ဟာ Hawkeye အျဖစ္ ျပန္လည္ပါဝင္လာမွာ ျဖစ္သလို သူ႔ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ Kate Bishop လည္း ပါဝင္လာမွာ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ႐ိုက္ကူးေရး စတင္ေနၿပီ ျဖစ္ေပမယ့္ Kate Bishop ေနရာမွာ ဘယ္သူက သ႐ုပ္ေဆာင္သြားမလည္း ဆိုတာကိုေတာ့ တရားဝင္ ေၾကညာထားျခင္း မရွိေသးပါဘူး။ ဒီဇာတ္လမ္းတြဲဟာ လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္တည္းက အတည္ျပဳခဲ့တာ ျဖစ္ေပမယ့္လည္း သ႐ုပ္ေဆာင္ေတြအေနနဲ႔ဆိုရင္ေတာ့ Jeremy Renner တစ္ေယာက္ကိုပဲ သိရေသးပါတယ္။

photo via screenrant

သူမရဲ႕ အင္စတာဂရမ္မွာ ေနာက္ဆုံးတင္ထားတဲ့ ပို႔စ္ထဲမွာေတာ့ ေကာမစ္ထဲက ဇာတ္ေကာင္နဲ႔ ဆင္တူတဲ့ပုံတစ္ခုကို တင္ထားတာ ေတြ႕ရပါတယ္။ ပုံကေတာ့ ဘာမွမထူးျခားသလို MCU နဲ႔လည္း မသက္ဆိုင္ေပမယ့္ အဲ့ဒီပို႔စ္မွာေရးထားတဲ့ caption က လူစိတ္ဝင္စားခံေနရတာ ျဖစ္ပါတယ္။ Caption ကေတာ့ ” see u in 11 days, 24 ” ဆိုၿပီးေတာ့ ေနာက္ဆုံးမွာ ျမားပုံစံအီမိုဂ်ီေလး ထည့္ထားတာ ျဖစ္ပါတယ္။ အေရွ႕က ဂဏန္းေတြကေတာ့ သူမရဲ႕ေမြးေန႔ျဖစ္တဲ့ ဒီဇင္ဘာ (၁၁)ရက္ေန႔ ျဖစ္ၿပီးေတာ့ အဲ့ဒီေန႔က်ရင္ အသက္(၂၄)ႏွစ္ ျပည့္မယ္လို႔ ဆိုလိုတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနာက္ဆုံးက ျမားပုံစံအီမိုဂ်ီေလးကိုေတာ့ ပရိသတ္အမ်ားစုဟာ Kate Bishop အျဖစ္ ပါဝင္လာဖို႔အတြက္ အရိပ္အႁမြက္ေဖာ္ျပထားတယ္လို႔ ယူဆေနၾကပါတယ္။

photo via haileesteinfeld/instagram

ဒါေပမယ့္လည္း အဲ့ဒီျမားပုံစံေလးဟာ ပုံထဲမွာျပထားတဲ့အတိုင္း သူမရဲ႕ zodiac sign ကို ကိုယ္စားျပဳတာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါအျပင္ ဒီဇင္ဘာ (၁၀)ရက္ေန႔မွာေတာ့ Hawkeye ႐ုပ္ရွင္အဖြဲ႕သားေတြနဲ႔ Disney တို႔ကလည္း အစည္းအေဝးလုပ္ဖို႔ ရွိတယ္လို႔ သိရပါေသးတယ္။ အဲ့ဒါေၾကာင့္ သူမရဲ႕ caption ဟာ သူမရဲ႕ေမြးေန႔နဲ႔ Hawkeye ဇာတ္လမ္းတြဲထဲမွာ Kate Bishop အျဖစ္ ပါဝင္ဖို႔အတြက္ကိုပါ ကိုယ္စားျပဳတယ္လို႔ ယူဆလို႔ရပါတယ္။ အခုခ်ိန္ထိေတာ့ တရားဝင္ ေၾကညာတာမ်ိဴး မရွိေသးေပမယ့္လည္း သူမကေတာ့ Kate Bishop ေနရာမွာ သ႐ုပ္ေဆာင္ႏိုင္ေခ် အမ်ားဆုံး လူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular