HomeCelebs Update NewsInternationalဘာတွေပဲဖြစ်ဖြစ် Justin Bieber အနားမှာပဲ နေသွားမယ်ဆိုတဲ့ Hailey Bieber 

ဘာတွေပဲဖြစ်ဖြစ် Justin Bieber အနားမှာပဲ နေသွားမယ်ဆိုတဲ့ Hailey Bieber 

နာမည်ကျော် ဇနီးမောင်နှံစုံတွဲဖြစ်တဲ့ Justin Bieber နဲ့ Hailey Bieber တို့ကတော့ အခက်အခဲတွေကြားထဲမှာ သူတို့ရဲ့ အိမ်ထောင်ရေးကို ခိုင်မြဲအောင် ရုန်းကန် ကြိုးစားနေတဲ့အကြောင်းတွေကို ဖွင့်ဟလာပါတယ်။

JB နဲ့ Hailey တို့ကတော့ လွန်ခဲ့တဲ့ သုံးနှစ် သူတို့လက်ထပ်ပြီးတည်းက ကြုံတွေ့လာတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားခဲ့ကြကြောင်း In Good Faith with Chelsea & Judah Smith ဆိုတဲ့ podcast မှာ ပြောပြထားကြတာ ဖြစ်ပါတယ်။

Photo: justinbieber/ Instagram

“ကျွန်မတို့ အမြဲလိုလိုပဲ စကားတွေ အများကြီး ပြောဖြစ်ကြတယ်။ ကျွန်မတို့ ရည်မှန်းချက်တွေက ဘာတွေလည်းဆိုတာတွေ၊ ဘယ်အသက်အရွယ်လောက်ကျရင် ဘာတွေ လုပ်ချင်တယ်ဆိုတာတွေပေါ့။ အမြဲတမ်း ပြောဖြစ်တာကတော့ လက်ထပ်ပြီးလည်း နုပျိုလတ်ဆတ်စွာ နေချင်ကြတာပဲ။ မိသားစုဘဝ တည်ထောင်မယ်ဆိုရင်လည်း အမြဲတမ်း အကောင်းမြင်စိတ်နဲ့ စိတ်အားထက်သန်နေရမယ်။ ပြီးတော့ ကျွန်မတို့ရဲ့ ကလေးတွေကိုလည်း အမြဲတမ်း ဖျတ်လတ် တက်ကြွပြီး အပူအပင်ကင်းနေစေချင်တယ် …  ” လို့ Hailey က ဆိုပါတယ်။

သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးဟာ ခိုင်မြဲနေကြဆဲ ဖြစ်ပေမယ့် အမြဲတမ်းတော့ လွယ်ကူမနေခဲ့ဘူးလို့ JB က ဆိုခဲ့ဖူးပါတယ်။ အထူးသဖြင့် သူတို့နှစ်ယောက် လက်ထပ်လိုက်တဲ့အချိန်ဟာ JB အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အာရုံစိုက်နေရချိန် ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။

Photo: justinbieber/ Instagram

“ကျွန်တော့်ဘဝမှာ အတွေ့အကြုံတွေ အများကြီး ရှိခဲ့ပြီးပါပြီ။ ကိုယ်ပိုင်မှတ်တိုင်တွေလည်း အများကြီး စိုက်ထူပြီးပြီ။ ကမ္ဘာ့နေရာအနှံ့ကို သွားပြီး တော်တော်များများကိုလည်း မြင်တွေ့ခဲ့ဖူးပြီးပြီ။ ပြီးတော့ ကျွန်တော်တစ်ယောက်တည်း သိပ်ကိုအထီးကျန်ဆန်ရတဲ့ အချိန်လည်း ရှိခဲ့ဖူးတယ်။ အဲဒီအချိန်ကို တစ်ယောက်တည်း မဖြတ်သန်းချင်တော့ဘူး … ”

“ပြီးတော့ ကျွန်တော့်မှာ တကယ့် လေးနက်တဲ့ ကုစားမှုတစ်ခု လိုအပ်နေတယ်ဆိုတာ သဘောပေါက်လိုက်တယ်။ အဲဒီနေရာလေးမှာ ကျွန်တော် တကယ် ပျော်ရွှင်ရပြီး လေးနက်တဲ့ relationship တစ်ခုကို ပိုင်ဆိုင်နိုင်မယ်ပေါ့။ ပြီးတော့ ကျွန်တော့်မှာက စိတ်ဒဏ်ရာတွေရော၊ စိတ်အမာရွတ်တွေရော အများကြီး ရှိခဲ့တာလေ။ အဲဒါကြောင့် ကျွန်တော် အဲဒီအရာတွေအားလုံးကို ကြိုးစားပြီး လုပ်ခဲ့ရာက တဖြည်းဖြည်း ကျွန်တော့်စိတ်ပါ ကျန်းမာလာခဲ့တာပဲ …  ” လို့ podcast ရှိုးမှာ JB က ပြောသွားပါတယ်။

Photo: justinbieber/ Instagram

JB ဟာ ၂၀၁၉ ခုနှစ် အစောပိုင်းမှာပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကုသမှုတွေ ခံယူခဲ့ရပါတယ်။ ဒါ့အပြင် စိတ်ကျရောဂါကို ခံစားနေရတဲ့အကြောင်းကိုလည်း လူသိရှင်ကြား ထုတ်ပြောခဲ့သူ ဖြစ်ပါတယ်။

Hailey နဲ့ JB တို့ရဲ့ ဆက်ဆံရေးကို ကြည့်မယ်ဆိုရင်တော့ ၂၀၁၆ ခုနှစ်မှာ သူတို့နှစ်ယောက် လမ်းခွဲခဲ့ကြပါသေးတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှာတော့ သူတို့ရဲ့ အချစ်ခရီးကို ပြန်လည် အသက်သွင်းနိုင်ခဲ့ပြီး အဲဒီနှစ် ဇူလိုင်လမှာပဲ စေ့စပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo: justinbieber/ Instagram

“ကံကောင်းစွာနဲ့ Hailey က ကျွန်တော့်ရဲ့ အဲဒီတုန်းက အရှိတရားပုံစံအတိုင်း လက်ခံပေးခဲ့တယ်။ ကျွန်တော်တို့ လက်ထပ်ပြီးနောက်ပိုင်းမှာတောင် ကျွန်တော့်ဘက်က ကြိုးစားပြီး ကုစားနေရဆဲ ဒဏ်ရာတွေ၊ နာကျင်မှုတွေ ရှိနေခဲ့သေးတယ်။ ဒါပေမယ့် သူက ကျွန်တော့်နှလုံးသားကို ထွင်းဖောက်ကြည့်နိုင်ခဲ့တယ်လေ … ” လို့ JB က ဆိုပါတယ်။

Hailey ကတော့ သူမအနေနဲ့ အကုန်ပုံအောထားခဲ့တာ ဖြစ်ပြီး သူတို့နှစ်ယောက်ကြားက အချစ်ခရီးလမ်းကို ကမ္ဘာကြီးက ဘယ်လိုပဲ ကွေ့ကောက်အောင် ပြုလုပ်စေခဲ့ကာမူ သူမဘက်က နည်းနည်းလေးမှ အားပျော့သွားခြင်း မရှိခဲ့ဘူးလို့ podcast ရှိုးမှာ ပြောထားပါတယ်။

Photo: justinbieber/ Instagram

“ကျွန်မကတော့ လုံးဝ နှစ်မြုပ်ထားလိုက်တာ။ ပြီးတော့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ ကျွန်မ သေချာသိတဲ့ အချက်တစ်ခုကတော့ ကျွန်မဟာ ဒီလူကို အချိန်အကြာကြီး ချစ်လာခဲ့တာ ဖြစ်တယ်။ ဒါကြောင့် အခုအချိန်ဟာ သူ့ကို လက်လွှတ်ရမယ့်အချိန် မဟုတ်ဘူးလို့ သိခဲ့တယ်။ သူ့အပေါ် အဲဒီလို မလုပ်နိုင်ခဲ့တာပါ … ”

“တွေးကြည့်လေ။ လူတစ်ယောက်ကို သူ့ဘဝရဲ့ အဆိုးဝါးဆုံးအချိန်မှာမှ တစ်ယောက်တည်း ထားခဲ့ဖို့ဆိုတာ။ ကျွန်မက အဲဒီလိုလူမျိုး မဟုတ်ဘူး။ အဲဒါကြောင့် ဘာတွေဖြစ်လာ ဖြစ်လာ သူ့ဘေးနားမှာပဲ နေလိုက်ဖို့ ဆုံးဖြတ်လိုက်တာ … ” လို့ Hailey က ပြောထားပါတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular