HomeCelebs Update NewsInternationalsocial media မှာ သူမကို မနှောင့်ယှက်ဖို့ ပြောလာတဲ့ Hailey Bieber

social media မှာ သူမကို မနှောင့်ယှက်ဖို့ ပြောလာတဲ့ Hailey Bieber

Hailey Bieber ကတော့ ဆိုရှယ်မီဒီယာပေါ်က လူအချို့ကို သူမကို လိုက်မနှောင့်ယှက်ကြဘဲ အေးအေးဆေးဆေး နေကြဖို့ တောင်းဆိုလာပါတယ်။ ဒီအကြောင်းကိုတော့ Hailey ဟာ ဧပြီလ(၁၂)ရက်နေ့က သူမရဲ့ TikTok ဗွီဒီယိုတစ်ခုမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“အခုအချိန်မျိုးမှာ ကျွန်မကို လိုက်မနှောင့်ယှက်ကြပါနဲ့တော့။ ကျွန်မဘာသာ ကျွန်မ နေပါရစေ။ ကျွန်မ ကိုယ့်ကိစ္စပဲ ကိုယ်အာရုံစိုက်ပါတယ်။ ကျွန်မ ဘာမှလည်း မလုပ်ပါဘူး။ ဘာမှလည်း မပြောပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို အာရုံလာမစားကြပါနဲ့တော့။ ကျွန်မကို လိုက်မဝေဖန်၊ မနှောင့်ယှက်ကြတော့ဘဲ ဒီတိုင်းလေး ပေးနေဖို့ အချိန်တွေလည်း လုံလောက်နေပါပြီ။ တောင်းပန်ပါတယ်။ တကယ်ပြောတာပါ။ ကျွန်မ ဒါလေးပဲ တောင်းဆိုချင်တာပါ။ ကျေးဇူးပြုပြီး … လောင်ချင်ရင် တခြား တစ်နေရာရာမှာ သွားပြီး လောင်ကြပါ… ” လို့ Hailey က အဆိုပါဗွီဒီယိုမှာ ပြောထားပါတယ်။

 

View this post on Instagram

 

A post shared by Ria & Fran (@chicksintheoffice)

Hailey ဟာ ဘယ်သူတွေကို ရည်ညွှန်းတယ်လို့ အမည်တပ်ပြီး မပြောသွားပေမယ့် ဒါဟာ သူမရဲ့ခင်ပွန်း Justin Bieber ရဲ့ ချစ်သူဟောင်းဖြစ်တဲ့ Selena Gomez ရဲ့ ပရိသတ်တွေကို ရည်ရွယ်ကြောင်း သိသာစေပါတယ်။ ဒါ့အပြင် သူမရဲ့ ဗွီဒီယို ကပ်ပရှင်မှာတော့ “ကျွန်မ ပို့စ်တစ်ခု တင်လိုက်တိုင်း ကောမန့်ကို ရောက်ရောက်လာကြတဲ့သူတွေအတွက်ပါ … ” လို့ ပြောထားပါသေးတယ်။

တကယ်တော့ Selena ရဲ့ ပရိသတ်တွေကို Hailey ဘက်က ပြောလာတာ ဒါက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းကလည်း Selena ရဲ့ “Lose You To Love Me” သီချင်း ထွက်လာချိန်မှာပဲ Hailey ဟာ သူမရဲ့ အင်စတာဂရမ် စတိုရီမှာ Summer Walker ရဲ့သီချင်း “I’ll Kill You” ကို တင်ထားတဲ့အတွက် Selena ကို ထရိုးလ်တယ်ဆိုပြီး ပရိသတ်တွေက ပြောဆိုခဲ့ကြပါသေးတယ်။

Photo: haileybieber/ Instagram

အဲဒီတုန်းကတော့ “ဒီလို အဓိပ္ပာယ်မရှိတာတွေကို ရပ်တန်းက ရပ်ကြပါတော့။ ကျွန်မ ဘာမှပြန်မပြောချင်ပါဘူး။ ဒါကတော့ လုံးဝကို သောက်အဓိပ္ပယ်မဲ့တာကြီးပါပဲ … ” လို့ Hailey က ပြောခဲ့ပါသေးတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular