HomeCelebs Update NewsInternationalJustin Bieber ရဲ့မိန်းမလို့ပဲ လူတွေကသိကြရင်လည်း ကိစ္စမရှိပါဘူးဆိုတဲ့ Hailey Bieber

Justin Bieber ရဲ့မိန်းမလို့ပဲ လူတွေကသိကြရင်လည်း ကိစ္စမရှိပါဘူးဆိုတဲ့ Hailey Bieber

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Hailey Bieber ဟာ လူတွေအနေနဲ့ သူမရဲ့ ကိုယ်ပိုင်ဂုဏ်ပုဒ်ကို မသိကြဘဲ အဆိုတော် Justin Bieber ရဲ့ မိန်းမလို့ပဲ သိထားကြရင်လည်း သူမအတွက် ကိစ္စမရှိပါဘူးလို့ ပြောလာပါတယ်။

Hailey ဟာ pop sensation တစ်ခုလို့ တင်စားကြတဲ့ Justin Bieber ရဲ့ ဇနီးသည် ဖြစ်တာကြောင့် သူမအပေါ် ရိုက်ခတ်လာတဲ့ လူထုရဲ့ လွှမ်းမိုးမှုတွေနဲ့ ပတ်သက်ပြီး အခုလို ရင်ဖွင့်ပြောဆိုလာတာ ဖြစ်ပါတယ်။ ဒါကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၇)ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ နာမည်ကျော်အဆိုတော် Demi Lovato ရဲ့ podcast ရှိုး “4D with Demi Lovato” ကို အလည်လာရင်း ပြောသွားတာ ဖြစ်ပါတယ်။

Photo: haileybieber/ Instagram

Hailey အနေနဲ့ သူမရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကို လူတွေက မသိကြတော့ဘဲ Justin ရဲ့ မိန်းမလို့ပဲ လူတွေက ခေါ်ဝေါ်သတ်မှတ်ကြမယ်ဆိုရင်လည်း အဆင်ပြေကြောင်းနဲ့ သူမစိတ်ထဲမှာ ဘယ်လိုမှ မခံစားရတဲ့အပြင် ကျေတောင်ကျေနပ်ပါသေးတယ်လို့ ဆိုထားပါတယ်။

“တကယ့်နာမည်ကြီးတဲ့ လူတစ်ယောက်ကို လက်ထပ်လိုက်ရင် လူတွေက များသောအားဖြင့် ဪ … သူလား? ဟိုတစ်ယောက်ရဲ့ မိန်းမလေ ဆိုတာမျိုးပဲ သိထားတတ်ကြပါတယ်။ ဒါကိုတော့ လက်ခံပေးရမှာပါပဲ။ ကျွန်မအတွက်ကတော့ ဒီကိစ္စက စိတ်အနှောင့်အယှက်ဖြစ်စရာ မဟုတ်ပါဘူး …  ” လို့ အသက်(၂၄)နှစ်အရွယ် Hailey က ဆိုပါတယ်။

Photo: haileybieber/ Instagram

ဒါ့အပြင် Justin Bieber ရဲ့ အမျိုးသမီးဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ကြိုက်နှစ်သက်ကြောင်း ဆိုထားပါတယ်။ အကြောင်းကတော့ သူမဟာ Justin နဲ့ လက်ထပ်လိုက်မှ ကျော်ကြားလာသူ မဟုတ်ဘဲ ယခင်တည်းက သူမဘာသာ ခိုင်မာတဲ့ ရပ်တည်မှုနဲ့ အသက်မွေးဝမ်းကျောင်းကို ပိုင်ဆိုင်ထားပြီးသား ဖြစ်လို့ပါပဲ။

Hailey ဟာ ဟောလိဝုဒ်ရဲ့ နာမည်ကျော်မိသားစုတစ်ခု ဖြစ်တဲ့ Baldwin မိသားစုက ဆင်းသက်လာသူ ဖြစ်ပါတယ်။ သူမရဲ့ ဖခင်ဖြစ်သူ Stephen Baldwin ဟာ နာမည်ကျော် အမေရိကန်သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူတစ်ဦး ဖြစ်ပြီး သူမရဲ့ ဦးလေးဖြစ်သူ Alec Baldwin ဟာလည်း နာမည်ကျော် အမေရိကန်သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။

Photo: haileybieber/ Instagram

ယခင်က ဘဲလေးကချေသည်တစ်ဦး ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ မော်ဒယ်လ် ဖြစ်လာခဲ့တဲ့ Hailey ဟာ ကမ္ဘာ့နာမည်ကြီး ဖက်ရှင်ပြေးလမ်းတွေ ဖြစ်တဲ့ Paris Fashion Week ကနေ New York Fashion Week တွေအထိ လျှောက်လှမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါတင်မက နာမည်ကျော် ဖက်ရှင်မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးရှင်အဖြစ် အကြိမ်ရေများစွာ ဖော်ပြခံခဲ့ရဖူးသလို နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာတွေနဲ့ high-end fashion brand တွေရဲ့ မားကတ်တင်း ကမ်ပိန်းတွေအတွက် ကမ်းလှမ်းခံရလေ့ ရှိသူလည်း ဖြစ်ပါတယ်။ Hailey ဟာ Guess ၊ Ralph Lauren နဲ့ Tommy Hilfiger တို့လို brand တွေနဲ့လည်း ကြော်ငြာတွေ ရိုက်ကူးထားရသူ ဖြစ်ပါတယ်။

Photo: haileybieber/ Instagram

“ကျွန်မ စိတ်အနှောင့်အယှက်ဖြစ်တာက Justin ရဲ့ မိန်းမလို့ အခေါ်ခံရတာထက်  လူတွေက လိုတာထက်ပိုပြီး ကွန့်ညွှန့်ကြတာကိုပဲ။ နင်သာ သူ့ရဲ့မိန်းမ မဟုတ်ခဲ့ဘူးဆိုရင် နင့်ကို လူတွေက သိကြမှာတောင် မဟုတ်ဘူးလို့ ပြောတာမျိုးတွေပေါ့။ အဲလိုစကားတွေကိုတော့ ကျွန်မက ဆန့်ကျင်ရလိမ့်မယ်။ စိတ်တော့မကောင်းဘူး။ ဒါပေမယ့် ဆန့်ကျင်ရလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ကျွန်မမှာ ကျွန်မရဲ့ ကိုယ်ပိုင်အလုပ်တွေ ရှိတယ်။ ကိုယ်ပိုင် ရပ်တည်ချက်ရှိတယ်။ ကိုယ်ပိုင် ပိုက်ဆံလည်း ရှိတယ် … ” လို့ ဆိုကာ သူမကို ချိုးနှိမ်စွာ ပြောဆိုကြတာတွေကို Hailey က ချေပထားပါတယ်။

“သူနဲ့ ကျွန်မ ပြတ်သွားတဲ့အချိန်တုန်းကဆိုရင် အချိန်တွေအကြာကြီး စကားမပြောဘဲ နေခဲ့ကြတာ။ အဲဒီတုန်းကဆိုရင် Hailey ဆိုတာ ဘယ်သူလည်းဆိုတာကို ဖော်ပြနိုင်ဖို့ ကျွန်မ အသည်းအသန် အလုပ်ကြိုးစားခဲ့တာ။ ပြီးတော့ အခုထိလည်း ကျွန်မကိုယ်ကျွန်မ တည်ဆောက်ပြနိုင်ဖို့ ကြိုးစားနေတုန်းပါပဲ … ” လို့ ပြောထားပါတယ်။

Photo: haileybieber/ Instagram

Justin နဲ့ Hailey တို့ဟာ နာမည်ကျော်စုံတွဲတစ်တွဲ ဖြစ်တာနဲ့အညီ လူတွေရဲ့  ရိုက်ခတ်မှုကြောင့် သူတို့ရဲ့ အိမ်ထောင်ရေး မပြိုလဲသွားရအောင် အမြဲလိုလို ခုခံချေပနေခဲ့ကြတာ ဖြစ်ပါတယ်။ မကြာသေးခင်က ကျင်းပပြီးစီးသွားတဲ့ Met Gala ပွဲမှာလည်း သူတို့စုံတွဲ ပွဲတက်လာတုန်း ယခင်က Justin နဲ့ Selena Gomez အတွဲကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေက နာကျင်ခံခက် ဖြစ်ခဲ့ကြပြီး ပွဲအခမ်းအနားထဲမှာ အော်ဟစ်ဆူညံတာတွေ ဖြစ်ခဲ့ကြပါသေးတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

နာမည္ေက်ာ္ ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္တဲ့ Hailey Bieber ဟာ လူေတြအေနနဲ႔ သူမရဲ့ ကိုယ္ပိုင္ဂုဏ္ပုဒ္ကို မသိၾကဘဲ အဆိုေတာ္ Justin Bieber ရဲ့ မိန္းမလို႔ပဲ သိထားၾကရင္လည္း သူမအတြက္ ကိစၥမရွိပါဘူးလို႔ ေျပာလာပါတယ္။

Hailey ဟာ pop sensation တစ္ခုလို႔ တင္စားၾကတဲ့ Justin Bieber ရဲ့ ဇနီးသည္ ျဖစ္တာေၾကာင့္ သူမအေပၚ ရိုက္ခတ္လာတဲ့ လူထုရဲ့ လႊမ္းမိုးမွုေတြနဲ႔ ပတ္သက္ၿပီး အခုလို ရင္ဖြင့္ေျပာဆိုလာတာ ျဖစ္ပါတယ္။ ဒါကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ(၁၇)ရက္ေန႔က ထုတ္လႊင့္ခဲ့တဲ့ နာမည္ေက်ာ္အဆိုေတာ္ Demi Lovato ရဲ့ podcast ရွိုး “4D with Demi Lovato” ကို အလည္လာရင္း ေျပာသြားတာ ျဖစ္ပါတယ္။

Photo: haileybieber/ Instagram

Hailey အေနနဲ႔ သူမရဲ့ ကိုယ္ပိုင္ျဖစ္တည္မွုကို လူေတြက မသိၾကေတာ့ဘဲ Justin ရဲ့ မိန္းမလို႔ပဲ လူေတြက ေခၚေဝၚသတ္မွတ္ၾကမယ္ဆိုရင္လည္း အဆင္ေျပေၾကာင္းနဲ႔ သူမစိတ္ထဲမွာ ဘယ္လိုမွ မခံစားရတဲ့အျပင္ ေက်ေတာင္ေက်နပ္ပါေသးတယ္လို႔ ဆိုထားပါတယ္။

“တကယ့္နာမည္ႀကီးတဲ့ လူတစ္ေယာက္ကို လက္ထပ္လိုက္ရင္ လူေတြက မ်ားေသာအားျဖင့္ ဪ … သူလား? ဟိုတစ္ေယာက္ရဲ့ မိန္းမေလ ဆိုတာမ်ိဳးပဲ သိထားတတ္ၾကပါတယ္။ ဒါကိုေတာ့ လက္ခံေပးရမွာပါပဲ။ ကၽြန္မအတြက္ကေတာ့ ဒီကိစၥက စိတ္အေႏွာင့္အယွက္ျဖစ္စရာ မဟုတ္ပါဘူး …  ” လို႔ အသက္(၂၄)ႏွစ္အရြယ္ Hailey က ဆိုပါတယ္။

Photo: haileybieber/ Instagram

ဒါ့အျပင္ Justin Bieber ရဲ့ အမ်ိဳးသမီးဆိုတဲ့ ဂုဏ္ပုဒ္ကိုလည္း ႀကိဳက္ႏွစ္သက္ေၾကာင္း ဆိုထားပါတယ္။ အေၾကာင္းကေတာ့ သူမဟာ Justin နဲ႔ လက္ထပ္လိုက္မွ ေက်ာ္ၾကားလာသူ မဟုတ္ဘဲ ယခင္တည္းက သူမဘာသာ ခိုင္မာတဲ့ ရပ္တည္မွုနဲ႔ အသက္ေမြးဝမ္းေက်ာင္းကို ပိုင္ဆိုင္ထားၿပီးသား ျဖစ္လို႔ပါပဲ။

Hailey ဟာ ေဟာလိဝုဒ္ရဲ့ နာမည္ေက်ာ္မိသားစုတစ္ခု ျဖစ္တဲ့ Baldwin မိသားစုက ဆင္းသက္လာသူ ျဖစ္ပါတယ္။ သူမရဲ့ ဖခင္ျဖစ္သူ Stephen Baldwin ဟာ နာမည္ေက်ာ္ အေမရိကန္သ႐ုပ္ေဆာင္၊ ဒါရိုက္တာ၊ ထုတ္လုပ္သူတစ္ဦး ျဖစ္ၿပီး သူမရဲ့ ဦးေလးျဖစ္သူ Alec Baldwin ဟာလည္း နာမည္ေက်ာ္ အေမရိကန္သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ပါတယ္။

Photo: haileybieber/ Instagram

ယခင္က ဘဲေလးကေခ်သည္တစ္ဦး ျဖစ္ခဲ့ၿပီး ေနာက္ပိုင္းမွာ ေမာ္ဒယ္လ္ ျဖစ္လာခဲ့တဲ့ Hailey ဟာ ကမၻာ့နာမည္ႀကီး ဖက္ရွင္ေျပးလမ္းေတြ ျဖစ္တဲ့ Paris Fashion Week ကေန New York Fashion Week ေတြအထိ ေလၽွာက္လွမ္းနိုင္ခဲ့သူ ျဖစ္ပါတယ္။ ဒါတင္မက နာမည္ေက်ာ္ ဖက္ရွင္မဂၢဇင္းေတြရဲ့ မ်က္ႏွာဖုံးရွင္အျဖစ္ အႀကိမ္ေရမ်ားစြာ ေဖာ္ျပခံခဲ့ရဖူးသလို နာမည္ေက်ာ္ ဖက္ရွင္ဒီဇိုင္နာေတြနဲ႔ high-end fashion brand ေတြရဲ့ မားကတ္တင္း ကမ္ပိန္းေတြအတြက္ ကမ္းလွမ္းခံရေလ့ ရွိသူလည္း ျဖစ္ပါတယ္။ Hailey ဟာ Guess ၊ Ralph Lauren နဲ႔ Tommy Hilfiger တို႔လို brand ေတြနဲ႔လည္း ေၾကာ္ျငာေတြ ရိုက္ကူးထားရသူ ျဖစ္ပါတယ္။

Photo: haileybieber/ Instagram

“ကၽြန္မ စိတ္အေႏွာင့္အယွက္ျဖစ္တာက Justin ရဲ့ မိန္းမလို႔ အေခၚခံရတာထက္  လူေတြက လိုတာထက္ပိုၿပီး ကြန႔္ညႊန႔္ၾကတာကိုပဲ။ နင္သာ သူ႔ရဲ့မိန္းမ မဟုတ္ခဲ့ဘူးဆိုရင္ နင့္ကို လူေတြက သိၾကမွာေတာင္ မဟုတ္ဘူးလို႔ ေျပာတာမ်ိဳးေတြေပါ့။ အဲလိုစကားေတြကိုေတာ့ ကၽြန္မက ဆန႔္က်င္ရလိမ့္မယ္။ စိတ္ေတာ့မေကာင္းဘူး။ ဒါေပမယ့္ ဆန႔္က်င္ရလိမ့္မယ္။ ဘာလို႔လည္းဆိုေတာ့ ကၽြန္မမွာ ကၽြန္မရဲ့ ကိုယ္ပိုင္အလုပ္ေတြ ရွိတယ္။ ကိုယ္ပိုင္ ရပ္တည္ခ်က္ရွိတယ္။ ကိုယ္ပိုင္ ပိုက္ဆံလည္း ရွိတယ္ … ” လို႔ ဆိုကာ သူမကို ခ်ိဳးႏွိမ္စြာ ေျပာဆိုၾကတာေတြကို Hailey က ေခ်ပထားပါတယ္။

“သူနဲ႔ ကၽြန္မ ျပတ္သြားတဲ့အခ်ိန္တုန္းကဆိုရင္ အခ်ိန္ေတြအၾကာႀကီး စကားမေျပာဘဲ ေနခဲ့ၾကတာ။ အဲဒီတုန္းကဆိုရင္ Hailey ဆိုတာ ဘယ္သူလည္းဆိုတာကို ေဖာ္ျပနိုင္ဖို႔ ကၽြန္မ အသည္းအသန္ အလုပ္ႀကိဳးစားခဲ့တာ။ ၿပီးေတာ့ အခုထိလည္း ကၽြန္မကိုယ္ကၽြန္မ တည္ေဆာက္ျပနိုင္ဖို႔ ႀကိဳးစားေနတုန္းပါပဲ … ” လို႔ ေျပာထားပါတယ္။

Photo: haileybieber/ Instagram

Justin နဲ႔ Hailey တို႔ဟာ နာမည္ေက်ာ္စုံတြဲတစ္တြဲ ျဖစ္တာနဲ႔အညီ လူေတြရဲ့  ရိုက္ခတ္မွုေၾကာင့္ သူတို႔ရဲ့ အိမ္ေထာင္ေရး မၿပိဳလဲသြားရေအာင္ အျမဲလိုလို ခုခံေခ်ပေနခဲ့ၾကတာ ျဖစ္ပါတယ္။ မၾကာေသးခင္က က်င္းပၿပီးစီးသြားတဲ့ Met Gala ပြဲမွာလည္း သူတို႔စုံတြဲ ပြဲတက္လာတုန္း ယခင္က Justin နဲ႔ Selena Gomez အတြဲကို အားေပးခဲ့ၾကတဲ့ ပရိသတ္ေတြက နာက်င္ခံခက္ ျဖစ္ခဲ့ၾကၿပီး ပြဲအခမ္းအနားထဲမွာ ေအာ္ဟစ္ဆူညံတာေတြ ျဖစ္ခဲ့ၾကပါေသးတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular