HomeEntertainmentFilmသုံးရက်တောင် ရိုက်ကူးခဲ့ရတဲ့ The Suicide Squad ထဲက Harley Quinn ရဲ့ Fighting Scene

သုံးရက်တောင် ရိုက်ကူးခဲ့ရတဲ့ The Suicide Squad ထဲက Harley Quinn ရဲ့ Fighting Scene

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လွန်ခဲ့တဲ့လပိုင်းအတွင်းက ထွက်ရှိခဲ့တဲ့ The Suicide Squad ရုပ်ရှင်ထဲက Harley Quinn ရဲ့ Solo Fighting Scene ဟာ သုံးရက်တောင် အချိန်ပေးရိုက်ကူးခဲ့ရပါတယ်လို့ ဒါရိုက်တာ James Gunn က ပြောပြခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Suicide Squad ရုပ်ရှင်ကတော့ ဆိုးရွားတဲ့ ဝေဖန်မှုတွေကို ရရှိခဲ့ပြီး အသစ်ထွက်လာတဲ့ The Suicide Squad ကတော့ ပရိသတ်အများအပြားရဲ့ ကောင်းမွန်တဲ့ ဝေဖန်မှုတွေကို ရရှိခဲ့ပါတယ်။

The Suicide Squad ထဲမှာတော့ ဇာတ်ကောင်တွေ အများစုက Live Action ထဲမှာ မပါဝင်ခဲ့ဖူးတဲ့ ဇာတ်ကောင်တွေ ဖြစ်ကြပေမယ့်လည်း Harley Quinn နဲ့ Rick Flag တို့လို ဇာတ်ကောင်ဟောင်းတွေ အနည်းငယ်တော့ ပြန်လည်ပါဝင်ခဲ့ပါတယ်။ Corto Maltese စစ်တပ်ရဲ့ ဖမ်းဆီးထားတဲ့ Harley Quinn ဟာ သူမတစ်ယောက်တည်း အဲ့ဒီစစ်တပ်က လွတ်မြောက်လာတဲ့ Fighting Scene ကတော့ ဒီရုပ်ရှင်ရဲ့ အကောင်းဆုံးဇာတ်ဝင်ခန်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။

photo via screenrant

မကြာသေးခင်ကတော့ ဒါရိုက်တာ James Gunn ဟာ Suicide Squad အတွက် Watch Party ပြုလုပ်ခဲ့ပြီး ဒီရုပ်ရှင်နဲ့ ပတ်သက်တဲ့ အချက်အနည်းငယ်ကို ပြောပြခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းထဲက ပထမဆုံး သေနတ်ပစ်တဲ့အချိန်က စတွက်ရင်တော့ သုံးရက်တောင် အချိန်ပေး ရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။ ဒီလိုမဟုတ်ဘဲ Harley က အစောင့်ကို ခြေထောက်နဲ့ လည်ပင်းညှစ်ထားတဲ့ အခန်းက စတွက်ရင်တော့ လေးရက် အချိန်ပေးရတယ်လို့ ပြောပြခဲ့ပါတယ်။

Harley Quinn နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Margot Robbie ကလည်း ဒီ Fighting Scene တွေအပါအဝင် သော့ကို‌ ခြေထောက်နဲ့ ဖွင့်သွားတဲ့ ဇာတ်ဝင်ခန်းတွေမှာ လုံးဝလူစားမထိုးဘဲ သူမကိုယ်တိုင် စတန့်တွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းဟာ ရုပ်ရှင်ထဲမှာတော့ သုံးမိနစ်ကျော်လောက်သာ ကြာမြင့်ပေမယ့်လည်း ရိုက်ကွင်းမှာ ရိုက်ကူးချိန်ကတော့ သုံးရက် သို့မဟုတ် လေးရက်တောင် ကြာမြင့်တယ် ဆိုကတည်းက ရုပ်ရှင်အဖွဲ့သားတွေ ဘယ်လောက်တောင် အားစိုက်ထားရလည်း ဆိုတာ သိသာစေပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

လြန္ခဲ့တဲ့လပိုင္းအတြင္းက ထြက္ရွိခဲ့တဲ့ The Suicide Squad ႐ုပ္ရွင္ထဲက Harley Quinn ရဲ႕ Solo Fighting Scene ဟာ သုံးရက္ေတာင္ အခ်ိန္ေပး႐ိုက္ကူးခဲ့ရပါတယ္လို႔ ဒါ႐ိုက္တာ James Gunn က ေျပာျပခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္တုန္းက ထြက္ခဲ့တဲ့ Suicide Squad ႐ုပ္ရွင္ကေတာ့ ဆိုး႐ြားတဲ့ ေဝဖန္မႈေတြကို ရရွိခဲ့ၿပီး အသစ္ထြက္လာတဲ့ The Suicide Squad ကေတာ့ ပရိသတ္အမ်ားအျပားရဲ႕ ေကာင္းမြန္တဲ့ ေဝဖန္မႈေတြကို ရရွိခဲ့ပါတယ္။

The Suicide Squad ထဲမွာေတာ့ ဇာတ္ေကာင္ေတြ အမ်ားစုက Live Action ထဲမွာ မပါဝင္ခဲ့ဖူးတဲ့ ဇာတ္ေကာင္ေတြ ျဖစ္ၾကေပမယ့္လည္း Harley Quinn နဲ႔ Rick Flag တို႔လို ဇာတ္ေကာင္ေဟာင္းေတြ အနည္းငယ္ေတာ့ ျပန္လည္ပါဝင္ခဲ့ပါတယ္။ Corto Maltese စစ္တပ္ရဲ႕ ဖမ္းဆီးထားတဲ့ Harley Quinn ဟာ သူမတစ္ေယာက္တည္း အဲ့ဒီစစ္တပ္က လြတ္ေျမာက္လာတဲ့ Fighting Scene ကေတာ့ ဒီ႐ုပ္ရွင္ရဲ႕ အေကာင္းဆုံးဇာတ္ဝင္ခန္းေတြထဲက တစ္ခုပဲ ျဖစ္ပါတယ္။

photo via screenrant

မၾကာေသးခင္ကေတာ့ ဒါ႐ိုက္တာ James Gunn ဟာ Suicide Squad အတြက္ Watch Party ျပဳလုပ္ခဲ့ၿပီး ဒီ႐ုပ္ရွင္နဲ႔ ပတ္သက္တဲ့ အခ်က္အနည္းငယ္ကို ေျပာျပခဲ့ပါတယ္။ ဒီဇာတ္ဝင္ခန္းထဲက ပထမဆုံး ေသနတ္ပစ္တဲ့အခ်ိန္က စတြက္ရင္ေတာ့ သုံးရက္ေတာင္ အခ်ိန္ေပး ႐ိုက္ကူးခဲ့ရတယ္လို႔ သိရပါတယ္။ ဒီလိုမဟုတ္ဘဲ Harley က အေစာင့္ကို ေျခေထာက္နဲ႔ လည္ပင္းညႇစ္ထားတဲ့ အခန္းက စတြက္ရင္ေတာ့ ေလးရက္ အခ်ိန္ေပးရတယ္လို႔ ေျပာျပခဲ့ပါတယ္။

Harley Quinn ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Margot Robbie ကလည္း ဒီ Fighting Scene ေတြအပါအဝင္ ေသာ့ကို‌ ေျခေထာက္နဲ႔ ဖြင့္သြားတဲ့ ဇာတ္ဝင္ခန္းေတြမွာ လုံးဝလူစားမထိုးဘဲ သူမကိုယ္တိုင္ စတန႔္ေတြကို ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီဇာတ္ဝင္ခန္းဟာ ႐ုပ္ရွင္ထဲမွာေတာ့ သုံးမိနစ္ေက်ာ္ေလာက္သာ ၾကာျမင့္ေပမယ့္လည္း ႐ိုက္ကြင္းမွာ ႐ိုက္ကူးခ်ိန္ကေတာ့ သုံးရက္ သို႔မဟုတ္ ေလးရက္ေတာင္ ၾကာျမင့္တယ္ ဆိုကတည္းက ႐ုပ္ရွင္အဖြဲ႕သားေတြ ဘယ္ေလာက္ေတာင္ အားစိုက္ထားရလည္း ဆိုတာ သိသာေစပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular