HomeCharacterHarley Quinn ဟာ Joker ကို ဘာကြောင့် Puddin လို့ ခေါ်တာလဲ?

Harley Quinn ဟာ Joker ကို ဘာကြောင့် Puddin လို့ ခေါ်တာလဲ?

ကောမစ်ဇာတ်ကောင်တွေထဲက လူကြိုက်အများဆုံး အတွဲတွေထဲမှာတော့ Joker နဲ့ Harley Quinn တို့လည်း ပါဝင်ကြပြီး သူတို့နှစ်ယောက်ဟာ လူငယ်တွေကြားမှာ အလွန်ခေတ်စားပါတယ်။ အချို့ပရိသတ်တွေဆိုရင် ရည်းစားနဲ့အတူတူ Joker နဲ့ Harley Quinn တက်တူးတွေတောင် ထိုးထားကြပါတယ်။ Harley Quinn ဟာ Joker ကို ချစ်စနိုးနဲ့ Puddin လို့ ခေါ်ဝေါ်လေ့ရှိတာ အားလုံးသိထားကြပြီး ဖြစ်မှာပါ။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Harley Quinn ဟာ Joker ကို ဘာကြောင့် Puddin လို့ ခေါ်တာလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

photo via screenrant

Puddin ဆိုတဲ့အမည် ဖြစ်ပေါ်လာတဲ့ အကြောင်းကိုတော့ Batman: White Knight Presents Harley Quinn ဆိုတဲ့ ကောမစ်ထဲမှာ ဖော်ပြသွားပါတယ်။ ဒီကောမစ်ကတော့ အခြား Universe မှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဒီကောမစ်ထဲမှာတော့ Jack Napier ဟာ Joker မဖြစ်ခင် အချိန်ကတည်းက Harley Quinn နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ Harley Quinn ကတော့ အဲဒီအချိန်မှာ ဆေးကျောင်းစရိတ်အတွက် ကလပ်တစ်ခုမှာ အဖော်အချွတ် ကချေသည်အဖြစ် အလုပ်လုပ်နေပါတယ်။

အဲဒီနောက်မှာတော့ Harley နဲ့ Jack တို့ဟာ ချစ်သူတွေ ဖြစ်သွားကြပြီး သူတို့နှစ်ယောက်အတူတူ ချိန်းတွေ့ခဲ့တဲ့ တစ်နေ့မှာတော့ Puddin ဆိုတဲ့အမည် စတင်ဖြစ်ပေါ်လာပါတယ်။ အဲဒီဒိတ်မှာတော့ Harley ဟာ စားစရာတွေများစွာ ရနိုင်ရဲ့သားနဲ့ ပူတင်းကို မှာစားခဲ့ပြီး ဒီအချက်ကြောင့်ပဲ Jack ဟာလည်း အံ့ဩခဲ့ပါတယ်။ ဒါကြောင့်ပဲ Harley ဟာ ပူတင်းတွေက Jack လိုပဲ ဘယ်လောက်အထိ ကောင်းမွန်တယ်ဆိုတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ အဲဒီအချိန်က စတင်ပြီး Harley ဟာ Jack ကို ချစ်စနိုးနဲ့ Puddin လို့ပဲ ခေါ်ဝေါ်ပါတော့တယ်။

photo via screenrant

Puddin ဆိုတဲ့အမည် ဖြစ်ပေါ်လာပုံကို ဖော်ပြခဲ့တာကတော့ ဒီကောမစ်တစ်ခုတည်းမှာ မဟုတ်ဘဲ HBO Max ရဲ့ Harley Quinn ဇာတ်လမ်းတွဲထဲမှာလည်း ဖော်ပြခဲ့ပါသေးတယ်။ အဲဒီဇာတ်လမ်းတွဲထဲမှာတော့ Harley Quinn ဟာ Joker ကို ပထမဆုံး တွေ့တဲ့အချိန်မှာ Joker ကတော့ သူမ ရောက်လာတာကို မသိဘဲ သူစားနေတဲ့ ပူတင်းအကြောင်းကို ပြောနေခဲ့ပါတယ်။ ဒီမှာတင်ပဲ Harley Quinn ဟာ Joker က သူမကို Puddin လို့ ခေါ်ဆိုလိုက်တယ်လို့ အထင်မှားသွားပါတယ်။ ဒါကြောင့်ပဲ နောက်ပိုင်းမှာတော့ Harley Quinn ဟာ Joker ကို Puddin လို့ ဆက်လက် ခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular