HomeEntertainmentFilmHarry Potter ရုပ်ရှင်ထဲမှာ Dumbledore ရဲ့ ဈာပနကို ဘာကြောင့် မပြသခဲ့တာလဲ?

Harry Potter ရုပ်ရှင်ထဲမှာ Dumbledore ရဲ့ ဈာပနကို ဘာကြောင့် မပြသခဲ့တာလဲ?

စာရေးဆရာမ J.K. Rowling ရဲ့ Harry Potter and the Half-Blood Prince စာအုပ်ထဲမှာတော့ Hogwarts ကျောင်းအုပ်ကြီး Dumbledore ရဲ့ ဈာပနဟာ အလွန်ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးတဲ့ အချိန်မှာတော့ အဲ့ဒီဇာတ်ဝင်ခန်းကို မထည့်သွင်းခဲ့ပါဘူး။ ဒါကြောင့်ပဲ ဒီဇာတ်ဝင်ခန်းကို ဘာကြောင့် အခုလို ဖြတ်ထုတ်ခဲ့ရတာလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

photo via screenrant

စာအုပ်ထဲမှာတော့ Dumbledore ရဲ့ ဈာပနကို လူပေါင်းစုံက တက်ရောက်ခဲ့ပါတယ်။ Olympe Maxime ၊ Rufus Scrimgeour ၊ Cornelius Fudge ၊ Ernie Prang (Knight Bus ကားမောင်းသူ) ၊ Tom (Leaky Cauldron ရဲ့ ပိုင်ရှင်)၊ Aberforth Dumbledore ၊ Order of the Phoenix အဖွဲ့ဝင်များ၊ Weasley မိသားစု၊ Grawp ၊ လူတစ်ပိုင်း မြင်းတစ်ပိုင်း သတ္တဝါများ၊ ရေအောက်မှာ နေထိုင်တဲ့ မှော်သတ္တဝါများ၊ Rita Skeeter နဲ့ Dolores Umbridge တို့တောင် အဲ့ဒီဈာပနပွဲကို တက်ရောက်ခဲ့ပါတယ်။

ရေအောက်မှာ နေထိုင်ကြတဲ့ မှော်သတ္တဝါတွေကလည်း Dumbledore ကို ဂုဏ်ပြုတဲ့အနေနဲ့ သီချင်းတွေ သီဆိုခဲ့ကြပါတယ်။ အဖြူရောင် မီးတောက်တွေက Dumbledore ရဲ့ ခန္ဓာကိုယ်ကို ဝါးမြိုသွားတဲ့အချိန်မှာတော့ လူတစ်ပိုင်းမြင်းတစ်ပိုင်း သတ္တဝါတွေကလည်း မြားမိုးတွေ ရွာသွန်းခဲ့ပါတယ်။ စာအုပ်ထဲမှာတော့ ဒီဇာတ်ဝင်ခန်းတွေ ပါဝင်ပေမယ့်လည်း ရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်တွေ အားလုံးဟာ Dumbledore ရဲ့ အနားမှာ စုဝေးကြပြီး မည်းနက်နေတဲ့ ကောင်းကင်ကြီးကို ကြည်လင်သွားအောင် သူတို့ရဲ့ Wand တွေကို ပြိုင်တူ အသုံးပြုခဲ့တာကိုပဲ ပြသခဲ့ပါတယ်။

photo via screenrant

ဒီလိုမျိူး ဝမ်းနည်းဖို့ကောင်းတဲ့ ဇာတ်ဝင်ခန်းကို အသုံးမပြုခဲ့တဲ့ အကြောင်းရင်းကတော့ ဒီဇာတ်ဝင်ခန်းကို ဖန်တီးဖို့ဆိုရင် အကုန်အကျများမှာကြောင့်လို့ သိရပါတယ်။ Luna Lovegood နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Evanna Lynch ကတော့ အဲ့ဒီဇာတ်ဝင်ခန်းကို ဖန်တီးရဖို့ဆိုရင် သူမရဲ့ သရုပ်ဆောင်ခကို ကုန်ကျစရိတ်အနေနဲ့ အသုံးပြုနိုင်ပါတယ်လို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ထုတ်လုပ်သူ David Heyman ကတော့ ငြင်းဆိုခဲ့ပါတယ်။

Evanna Lynch ဟာ Greatest Wizard of All Time ဖြစ်တဲ့ Dumbledore ရဲ့ ဈာပနကို သေချာလေး ဖန်တီးစေချင်ပြီး ဒီဇာတ်ကောင်ကို သေသေချာချာ ဂုဏ်ပြုသင့်တယ်လို့ ယူဆခဲ့ပါတယ်။ ဒီလိုယူဆတာကတော့ သူမ တစ်ယောက်တည်း မဟုတ်ဘဲ ပရိသတ်တချို့ကလည်း စာအုပ်ထဲကအတိုင်း ဖန်တီးစေချင်ကြပါတယ်။ David Heyman ကတော့ ဒီဇာတ်ဝင်ခန်းကို ဖန်တီးဖို့အတွက် ဘတ်ဂျက် မလုံလောက်တဲ့ တစ်ချက်တည်းတင် မဟုတ်ဘဲ နောက်ထပ် အကြောင်းရင်းတစ်ခု ရှိနေသေးတယ်လို့ ပြောပါတယ်။

photo via screenrant

David ကတော့ ဒီဇာတ်ဝင်ခန်းဟာ Dumbledore ရဲ့ သေဆုံးမှုထက် ဈာပနကို ပိုပြီးဦးစားပေးသလို ဖြစ်နေပြီး သိပ်ပြီးသက်ဆိုင်မှု မရှိဘူးလို့ ယူဆတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ဝင်ခန်းဟာ စာအုပ်ထဲမှာတော့ အလွန်လှပပြီး ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်ဝင်ခန်း ဖြစ်ပေမယ့်လည်း ရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးတဲ့ အချိန်မှာတော့ ဘယ်လိုမှ အဆင်မပြေတာကြောင့် အခုလို ချန်ထားခဲ့တာလို့ သိရပါတယ်။ Harry Potter ရုပ်ရှင်တွေကတော့ စာအုပ်တွေကို အခြေခံပြီး ဖန်တီးခဲ့တယ် ဆိုပေမယ့်လည်း အခုလို ပြောင်းလဲထားတဲ့ အချက်တွေများစွာ ပါဝင်နေပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular