HomeEntertainmentFilmHarry Potter ထဲမှာ Dumbledore ဇာတ်ကောင်ကို သရုပ်ဆောင်ပြောင်းခဲ့ရတဲ့ အကြောင်းရင်း

Harry Potter ထဲမှာ Dumbledore ဇာတ်ကောင်ကို သရုပ်ဆောင်ပြောင်းခဲ့ရတဲ့ အကြောင်းရင်း

Harry Potter Franchise ကတော့ လူကြိုက်အများဆုံး Franchise တစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ အောင်မြင်ခဲ့တဲ့ Franchise တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ Franchise ထဲမှာတော့ Dumbledore ဟာ အဓိကကျတဲ့ နေရာမှာ ပါဝင်ခဲ့ပြီး ပထမဆုံး ရုပ်ရှင်နှစ်ကား အပြီးမှာတော့ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင် ပြောင်းလဲသွားခဲ့ပါတယ်။ သာမန်ရုပ်ရှင်ကြည့် ပရိသတ်တွေကတော့ ဒီဇာတ်ကောင်ကို ဘာကြောင့် သရုပ်ဆောင် ပြောင်းလဲခဲ့ရလည်းဆိုတာ သတိမထားမိခဲ့ကြပါဘူး။

photo via screenrant

Harry Potter Franchise ရဲ့ ပထမဆုံး ရုပ်ရှင်နှစ်ကားထဲမှာတော့ Dumbledore ဇာတ်ကောင်နေရာမှာ သရုပ်ဆောင် Richard Harris က ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သို့သော်လည်း ဒုတိယမြောက် ဇာတ်ကားဖြစ်တဲ့ Harry Potter and the Chamber of Secrets အပြီးမှာတော့ သရုပ်ဆောင် ပြောင်းလဲသွားတာ တွေ့ရပါတယ်။ အကြောင်းကတော့ Richard Harris ဟာ Dumbledore အနေနဲ့ ဆက်လက် သရုပ်ဆောင်ချင်သေးပေမယ့်လည်း ဝမ်းနည်းစရာ ကောင်းစွာနဲ့ပဲ အသက်(၇၂)နှစ်အရွယ်မှာ ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားခဲ့လို့ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ရုပ်ရှင်ဖန်တီးသူတွေဟာ မဖြစ်မနေ Dumbledore နေရာမှာ လူစားထိုးဖို့ လိုအပ်လာခဲ့ပါတယ်။ သရုပ်ဆောင်ရွေးချယ်တဲ့ အဖွဲ့ဟာ ဒီဇာတ်ကောင်နဲ့ လိုက်ဖက်မယ့် သရုပ်ဆောင်တွေကို ရှာဖွေရင်း လနဲ့ချီ ကြာမြင့်ခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာတော့ ဒီဇာတ်ကောင်နေရာမှာ ပါဝင်ဖို့အတွက် နီးစပ်ခဲ့တဲ့ သရုပ်ဆောင်တွေလည်း ရှိပါတယ်။

photo via screenrant

Dumbledore နေရာမှာ သရုပ်ဆောင်ဖို့ ပထမဆုံး ရွေးချယ်ခံခဲ့ရသူကတော့ Christopher Lee ဖြစ်ပြီး သူကတော့ အဲဒီအချိန်မှာ မအားလပ်တာကြောင့် ပါဝင်ဖို့ ငြင်းဆိုခဲ့ရပါတယ်။ ဒါ့အပြင် Ian McKellen ကိုလည်း ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်စေချင်ခဲ့ပေမယ့် မင်းသားကြီး Ian McKellen ဟာ ယခင်သရုပ်ဆောင်ဟောင်း Richard Harris နဲ့ အဆင်မပြေခဲ့တာကြောင့် ဒီဇာတ်ကောင်နေရာမှာ သရုပ်မဆောင်ချင်ခဲ့ပါဘူး။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ သရုပ်ဆောင် Michael Gambon ကို ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ကျန်တဲ့ Harry Potter ခြောက်ကားလုံးမှာ မင်းသားကြီးကပဲ Dumbledore အနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular