HomeEntertainmentFilmHogwarts ကျောင်းမှာ သင်ကြားရတဲ့ အန္တရာယ်အများဆုံး ဘာသာရပ်များ

Hogwarts ကျောင်းမှာ သင်ကြားရတဲ့ အန္တရာယ်အများဆုံး ဘာသာရပ်များ

Harry Potter Franchise ကတော့ ၂၀၀၁ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ဇာတ်သိမ်းသွားပေမယ့်လည်း ယခုအချိန်အထိ ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေဆဲပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Harry Potter တို့ဟာ Hogwarts ကျောင်းတော်ကြီးမှာ မှော်ပညာကို လေ့လာသင်ယူကြပြီး Potterhead တိုင်းကလည်း သူတို့လိုပဲ ဒီကျောင်းကြီးမှာ သင်ယူချင်ကြမှာပါပဲ။ ဒါပေမယ့်လည်း ဒီကျောင်းကြီးမှာ သင်ကြားနေတဲ့ ဘာသာရပ်တွေထဲမှာတော့ လုံခြုံမှုမရှိဘဲ အန္တရာယ်များတဲ့ ဘာသာရပ်တွေလည်း ပါဝင်နေပါတယ်။

(5) Transfiguration

photo via screenrant

ပရော်ဖက်ဆာ McGonagall ရဲ့ ပြောစကားအရ ဆိုရင်တော့ Transfiguration ဟာ အရှုပ်ထွေးဆုံးနဲ့ အန္တရာယ်အရှိဆုံး အတန်းတစ်ခုလို့ ဖြစ်ပါတယ်။ ဒီဘာသာရပ်မှာတော့ ကျောင်းသားတွေဟာ အရာဝတ္ထုတစ်ခုကနေ နောက်တစ်ခုကို ပြောင်းလဲနိုင်ဖို့ သင်ယူရတာ ဖြစ်ပြီး လူသားတွေကိုတောင် ပြောင်းလဲပစ်နိုင်တဲ့အထိ စွမ်းအားကြီးပါတယ်။ ဒါကြောင့်ပဲ ပြောင်းလဲနေစဉ်အချိန်မှာ တစ်ခုခုမှားယွင်းသွားရင်တော့ ဆိုးရွားတဲ့ပုံစံတွေ ဖြစ်သွားနိုင်သလို အခန့်မသင့်ရင် အချိန်အတော်ကြာ အဲဒီပုံစံအတိုင်း ဖြစ်နေနိုင်ပါတယ်။

(4) Herbology

photo via screenrant

ဒီဘာသာရပ်မှာတော့ ကျောင်းသားတွေဟာ သာမန်အပင်တွေနဲ့ မှော်ဝင်အပင်တွေကို လေ့လာရတာ ဖြစ်ပါတယ်။ ဒီဘာသာရပ်အတွက် ကျောင်းသားတွေ လိုအပ်တာကတော့ သီအိုရီအရ သိထားတဲ့ အသိပညာနဲ့ လက်တွေ့အသိပညာတို့ကို ပေါင်းစပ်ပြီး အသုံးချနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မှော်ဝင်အပင်တွေကိုပါ လေ့လာရတာ ဖြစ်တာကြောင့် သာမန်အပင်တွေကို လေ့လာရတာထက်တော့ အများကြီး ပိုရှုပ်ထွေးပါတယ်။ ဒါ့အပြင် Devil’s Snare နဲ့ Whomping Willow တို့လို အပင်တွေကတော့ သေချာပေါက် အန္တရာယ်ရှိတဲ့ အပင်တွေ ဖြစ်ပြီး Harry တို့ သုံးယောက်ကိုတောင် သေမလိုဖြစ်စေခဲ့ပါသေးတယ်။

(3) Care of Magical Creatures

photo via screenrant

ဒီဇာတ်လမ်းထဲက အပင်အချို့ဟာ အန္တရာယ်များသလိုပဲ မှော်သတ္တဝါတိုင်းကလည်း အန္တရာယ်များပါတယ်။ မှော်သတ္တဝါတွေကို ကိုင်တွယ်ထိန်းချုပ်နိုင်အောင် သင်ကြားရတဲ့ ဒီဘာသာရပ်ကလည်း အလွန်အန္တရာယ်များပြီး ကျောင်းသားကိုင်ဆောင်ရတဲ့ ဖတ်စာအုပ်ကတောင် လူကိုအန္တရာယ်ပေးနိုင်ပါတယ်။ မှော်သတ္တဝါတွေနဲ့ ဘယ်လို ဆက်ဆံရမလည်းဆိုတာကို အဓိကသင်ယူရတာကြောင့် သင်ယူတဲ့ ကျောင်းသား၊ မှော်သတ္တဝါနဲ့ သင်ပေးတဲ့ ဆရာတို့အပေါ်မှာ မူတည်ပြီး ဘယ်လောက်အထိ အန္တရာယ်များတယ်ဆိုတာ ကွာခြားသွားပါတယ်။

(2) Potions

photo via screenrant

မှော်ဆေးရည် ဖော်စပ်တဲ့ ဘာသာရပ်ကတော့ ကျောင်းသားအားလုံးရဲ့ ပထမဆုံး ငါးနှစ်မှာ မဖြစ်မနေ သင်ကြားရတဲ့ ဘာသာရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဘာသာရပ်ဟာ အန္တရာယ်မရှိဘူးလို့ ထင်ရပေမယ့်လည်း ဖော်စပ်ထားတဲ့ ဆေးရည်တွေဟာ အချိန်မရွေး မှားယွင်းသွားနိုင်ပါတယ်။

အဲဒီလိုမှားယွင်းသွားရင်တော့ ပေါက်ကွဲတတ်တာကြောင့် အန္တရာယ်ရှိတယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် ဖော်စပ်နည်း မှားယွင်းပြီး ပေါက်ကွဲသွားတဲ့ဆေးရည်ရဲ့ အကျိူးဆက်ကလည်း ဘယ်လောက်အထိ အန္တရာယ် ဖြစ်စေနိုင်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါကြောင့်ပဲ ဒီဘာသာရပ်ဟာ အနည်းငယ် မှားယွင်းသွားတာနဲ့ ဆိုးရွားတဲ့ အရာတွေများစွာကို ဖြစ်လာနိုင်စေပါတယ်။

(1) Defense Against Dark Arts

photo via screenrant

Hogwarts ကျောင်းရဲ့ အန္တရာယ်အများဆုံး ဘာသာရပ်ကတော့ ဆရာဘယ်တော့မှ မမြဲတဲ့ Defense Against Dark Arts ဖြစ်နေတာ သိပ်တော့မထူးဆန်းပါဘူး။ ဒီဘာသာရပ်ကိုတော့ အတိုကောက် DADA လို့ ခေါ်ပြီး Dark Arts တွေကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ သင်ယူရပါတယ်။ ဒီဘာသာရပ်မှာတော့ ကျောင်းသားတွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုတိုက်ခိုက်ရမယ်၊ ဘယ်လိုကာကွယ်ရမယ် ဆိုတာကိုလည်း သင်ယူရပါတယ်။ ဒါကြောင့်ပဲ ကျောင်းသားတွေဟာ အန္တရာယ်ရှိတဲ့ Spell တွေကို သင်ယူရပြီး ဒီ Spell တွေကို လေ့ကျင့်ရင်း ဒဏ်ရာရသွားနိုင်သလို သေဆုံးတဲ့အထိလည်း ဖြစ်သွားနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular