HomeEntertainmentFilmHarry Potter ထဲက ဖီးနစ်ငှက်မွေးနဲ့ ပြုလုပ်ထားတဲ့ မှော်နှင်တံများအကြောင်း 

Harry Potter ထဲက ဖီးနစ်ငှက်မွေးနဲ့ ပြုလုပ်ထားတဲ့ မှော်နှင်တံများအကြောင်း 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Harry Potter ရဲ့ မှော်လောကထဲမှာ wand လို့ခေါ်တဲ့ မှော်နှင်တံဟာလည်း မှော်ဆရာတစ်ယောက်အတွက် အရေးပါပါတယ်။ မှော်ဆရာတစ်ယောက် ဖြစ်ဖို့အတွက် မိမိနဲ့သင့်တော် ကိုက်ညီတဲ့ မှော်နှင်တံတစ်ခုကို ပိုင်ဆိုင်ထားဖို့လည်း လိုအပ်ပါတယ်။ အများအားဖြင့် မှော်နှင်တံတွေဟာ အူတိုင်အတွင်းထဲမှာ မှော်ဆန်တဲ့ သတ္တဝါတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုကို ထည့်သွင်းပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီထဲကမှ ဖီးနစ်ငှက်မွေးကို ထည့်သွင်းပြီး ပြုလုပ်ထားတဲ့ မှော်နှင်တံတွေကတော့ ရှားပါးပြီး အစွမ်းလည်း ထက်လှပါတယ်။

Hogwarts ကျောင်းအုပ်ကြီး Dumbledore ရဲ့ မိတ်ဆွေဖြစ်တဲ့ ဖီးနစ်ငှက် Fawkes ဟာ မှော်နှင်တံတွေ ပြုလုပ်ဖန်တီးတဲ့ Ollivander ကို သူ့ရဲ့ ငှက်မွေးနှစ်ချောင်း လက်ဆောင်ပေးလိုက်ပါတယ်။ Ollivander ဟာလည်း အဲဒီငှက်မွေးနှစ်ချောင်းနဲ့ မှော်နှင်တံ နှစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဆိုပါ မှော်နှင်တံ နှစ်ချောင်းဟာ ဇာတ်လိုက်ကျော် Harry Potter နဲ့ တစ်ချိန်မှာ Voldemort ဖြစ်လာမယ့် Tom Riddle တို့ကို ရွေးချယ်ခဲ့ပါတယ်။ ဖီးနစ်ငှက်မွေးနဲ့ ပြုလုပ်ထားတဲ့ မှော်နှင်တံတွေအကြောင်း လူအများစု သိပ်မသိသေးတဲ့ အချက်တွေကတော့ အောက်ပါအတိုင်းပါပဲ။

ဖီးနစ်ငှက်မွေးဟာ အစွမ်းထက်ဆုံး အူတိုင်အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

မှော်နှင်တံပညာရှင် Ollivander ကတော့ စွမ်းအားမြင့် မှော်နှင်တံတွေ ဖြစ်လာဖို့ အစွမ်းထက်ဆုံး အူတိုင်အမျိုးအစား သုံးခု ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒါကတော့ အကွာအဝေး၊ ပါဝါနဲ့ တသမတ်တည်းရှိမှုဆိုတဲ့ အမြင့်မားဆုံး မှော်စွမ်းအားကို ထောက်ပံ့ပေးစွမ်းနိုင်မယ့် မှော်နှင်တံသုံး အူတိုင်သုံးမျိုး ဖြစ်ပါတယ်။ အဆိုပါ အူတိုင်သုံးမျိုးကတော့ ဖီးနစ်ငှက်မွေး၊ နဂါးအသည်းညှာနဲ့ ယူနီကွန်းဆံမွေးတို့ ဖြစ်ပါတယ်။ မှော်နှင်တံ ပြုလုပ်သူ ပညာရှင်အများစုဟာ ဒီအူတိုင်သုံးမျိုးကိုပဲ အဓိက အခြေခံပြီး အများအားဖြင့် ပြုလုပ်လေ့ ရှိကြပါတယ်။

ဖီးနစ်ငှက်မွေးဟာ အလွန်ရှားပါးပါတယ်။

အခြားသော မှော်နှင်တံ အူတိုင်နှစ်မျိုးဟာ ပေါများပေမယ့် ဖီးနစ်ငှက်မွေးကတော့ ဒီစကြဝဠာကြီးထဲမှာ အလွန်ရှားပါးတယ်လို့ ဖော်ပြကြပါတယ်။ ယေဘူယျ တွေးကြည့်ရင်တော့ ဒီအဆိုဟာ ဖြစ်နိုင်ချေ ရှိပါတယ်။ အကြောင်းကတော့ ဖီးနစ်ငှက်တွေဟာ ရှားပါးတဲ့သတ္တဝါတွေ ဖြစ်သလို တချို့သော လူတွေကိုသာ နက်နက်ရှိုင်းရှိုင်း တွယ်ငြိတတ်ကြလို့ ဖြစ်ပါတယ်။

သို့သော်လည်း Harry Potter ဇာတ်လမ်းတွေထဲမှာတော့ ဒီအဆိုနဲ့ သိပ်မကိုက်ညီတာကို တွေ့ရပါတယ်။ အဲဒါကတော့ Dumbledore ရဲ့ မိတ်ဆွေကြီး Fawkes ဟာ မကြာခဏဆိုသလို သူ့ရဲ့အတောင်တွေကို ခြွေချလေ့ ရှိတာကို တွေ့ရလို့ပါပဲ။ ဒါ့အပြင် ဖီးနစ်ငှက်ဟာ လောင်ကျွမ်းသေဆုံးပြီး ပြန်လည်နိုးထမလာခင်မှာ အတောင်ပံတွေ ကြွေကျလေ့ ရှိပါသေးတယ်။ ဒါကြောင့် ဖီးနစ်ငှက်မွေးဟာ ရှားပါးတယ်ဆိုပေမယ့် အခြားသော မှော်နှင်တံသုံး အူတိုင်တွေလိုပဲ ရရှိနိုင်မယ်ဆိုတာ ဖြစ်နိုင်ပါတယ်။

ဖီးနစ်ငှက်မွေးအူတိုင်နဲ့ မှော်နှင်တံတွေဟာ အလွန်လူရွေးပါတယ်။

Harry Potter ပရိသတ်တိုင်း သိထားကြသလိုပဲ မှော်နှင်တံတွေဟာ သူတို့နှစ်သက်တဲ့ မှော်ဆရာကို ရွေးချယ်လေ့ ရှိပါတယ်။ ဒါဟာ အဆိုပါ မှော်နှင်တံထဲမှာ ထည့်သွင်း အသုံးပြုထားတဲ့ အူတိုင်ကြောင့်လည်း ဘယ်သူဘယ်ဝါဆိုပြီး ရွေးချယ်တာ ဖြစ်နိုင်ပါတယ်။

စာရေးဆရာမကြီး J. K. Rowling ထူထောင်ထားတဲ့ Wizarding World ဝက်ဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ ဖီးနစ်ငှက်တွေဟာ သိမ်းသွင်းရခက်ခဲပြီး ကမ္ဘာပေါ်မှာ သီးသန့်အဆန်ဆုံး နေထိုင်တတ်တဲ့ မှော်သတ္တဝါတစ်မျိုး ဖြစ်တာကြောင့် သူ့ရဲ့ငှက်မွေးကို အူတိုင်အဖြစ် သုံးစွဲထားတဲ့ မှော်နှင်တံတွေဟာ ပိုင်ရှင်အရွေးဆုံးပဲလို့ သိရပါတယ်။

ဒါကြောင့်လည်း ဖီးနစ်ငှက်မွေးအူတိုင်နဲ့ မှော်နှင်တံတွေဟာ ရှားပါးရတာ ဖြစ်နိုင်ပါတယ်။ ဖီးနစ်ငှက်မွေးက ရှားပါးလို့တင် မဟုတ်ဘဲ ဒီမှော်နှင်တံတွေကိုယ်တိုင်က တော်ရုံ မှော်ဆရာ၊ မှော်ဆရာမတွေကို မရွေးချယ်တတ်လို့ ဖြစ်ပါတယ်။

ဒီမှော်နှင်တံတွေဟာ သူ့ဘာသာ အလိုလျောက် စွမ်းဆောင်တတ်ပါတယ်။

မှော်နှင်တံတွေဟာ သစ္စာရှိမှုနဲ့ သူတို့ကို အသုံးပြုမယ့် မှော်ဆရာကို ရွေးချယ်ရာမှာ ကိုယ်ပိုင်အသိဉာဏ်တစ်မျိုး ရှိတယ်လို့ ပြောနိုင်ပါတယ်။ သို့သော်လည်း ဖီးနစ်ငှက်မွေးအူတိုင်နဲ့ မှော်နှင်တံတွေကတော့ အဲဒီထက်ပိုပြီး သူ့ဘာသာ အလိုလျောက် စွမ်းဆောင်တတ်ကြပါသေးတယ်။

ဒါမျိုးကို ဇာတ်လမ်းထဲမှာတော့ မြင်တွေ့ခဲ့ကြရပါတယ်။ Harry ရဲ့ မှော်နှင်တံဟာ တခါတရံမှာ အန္တရာယ် အကြီးအကျယ် ကျရောက်နေချိန်ဆိုရင် သူကိုယ်တိုင်တောင် မစဉ်းစားရသေးဘဲ spell တွေ ထုတ်လွှတ်တတ်ပါတယ်။ ဒီအချက်ဟာ တခါတရံမှာတော့ Harry ရဲ့ မှော်နှင်တံနဲ့ Voldemort ရဲ့ မှော်နှင်တံတို့ ဆက်စပ်နေမှုကြောင့်လည်း ဖြစ်ပေါ်တတ်သလို ယေဘူယျအားဖြင့်တော့ ဖီးနစ်ငှက်မွေးအူတိုင်နဲ့ မှော်နှင်တံတွေကိုကလည်း အလိုလျောက် စွမ်းဆောင်တတ်ကြတာ ဖြစ်ပါတယ်။

ဒီမှော်နှင်တံတွေဟာ အကွာအဝေးအများဆုံး ဖြစ်ပါတယ်။

ယူနီကွန်းဆံမွေးအူတိုင်နဲ့ မှော်နှင်တံတွေဟာ တသမတ်တည်း အရှိဆုံးဖြစ်ပြီး နဂါးအသည်းညှာအူတိုင်နဲ့ မှော်နှင်တံတွေကတော့ စွမ်းအားအပြင်းဆုံး ဖြစ်ပါတယ်။ ဖီးနစ်ငှက်မွေးအူတိုင်နဲ့ မှော်နှင်တံတွေကတော့ အကွာအဝေးအများဆုံး ဖြစ်ပါတယ်။

ဒါ့အပြင် ဒီမှော်နှင်တံတွေဟာ ဖီးနစ်ငှက်တွေလိုပဲ အလွန်သစ္စာရှိကြပါတယ်။ ပရော်ဖက်ဆာ Dumbledore ရဲ့ မိတ်ဆွေ Fawkes လို ယဉ်ပါးပြီးသား ဖီးနစ်ငှက်တွေဆိုရင် သူ့ရဲ့ ပိုင်ရှင်အပေါ်မှာ အလွန်တရာ သစ္စာရှိကြပြီး သံယောဇဉ်လည်း ကြီးတတ်ကြပါတယ်။

တကယ်လို့ သူ့ရဲ့ပိုင်ရှင် သေဆုံးသွားခဲ့ရင်လည်း အခြားသော လူတစ်ဦးတစ်ယောက်ကို ပြောင်းပြီး တွယ်ငြိဖို့ ခဲယဉ်းလှပါတယ်။ ငှက်တွေလိုပဲ သူ့ရဲ့အတောင်နဲ့ ပြုလုပ်ထားတဲ့ မှော်နှင်တံတွေဟာလည်း ပိုင်ရှင်အပေါ်မှာ အလွန်သစ္စာရှိကြပြီး အခြားမှော်ဆရာတစ်ယောက်က အလွယ်တကူနဲ့ ရယူသုံးစွဲနိုင်ခြင်း မရှိပါဘူး။

ဒါကတော့ Harry Potter ဇာတ်လမ်းထဲက ဖီးနစ်ငှက်မွေးနဲ့ ပြုလုပ်ထားတဲ့ မှော်နှင်တံတွေအကြောင်းပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ သိထားတဲ့ အခြားအကြောင်းအရာတွေ ရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် ဆံရစ်ဝိုင်းပေ့ချ်ကိုလည်း Like & Follow လုပ်ထားပေးပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Harry Potter ရဲ႕ ေမွာ္ေလာကထဲမွာ wand လို႔ေခၚတဲ့ ေမွာ္ႏွင္တံဟာလည္း ေမွာ္ဆရာတစ္ေယာက္အတြက္ အေရးပါပါတယ္။ ေမွာ္ဆရာတစ္ေယာက္ ျဖစ္ဖို႔အတြက္ မိမိနဲ႔သင့္ေတာ္ ကိုက္ညီတဲ့ ေမွာ္ႏွင္တံတစ္ခုကို ပိုင္ဆိုင္ထားဖို႔လည္း လိုအပ္ပါတယ္။ အမ်ားအားျဖင့္ ေမွာ္ႏွင္တံေတြဟာ အူတိုင္အတြင္းထဲမွာ ေမွာ္ဆန္တဲ့ သတၱဝါေတြရဲ႕ ခႏၶာကိုယ္ အစိတ္အပိုင္းတစ္ခုခုကို ထည့္သြင္းၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒီထဲကမွ ဖီးနစ္ငွက္ေမြးကို ထည့္သြင္းၿပီး ျပဳလုပ္ထားတဲ့ ေမွာ္ႏွင္တံေတြကေတာ့ ရွားပါးၿပီး အစြမ္းလည္း ထက္လွပါတယ္။

Hogwarts ေက်ာင္းအုပ္ႀကီး Dumbledore ရဲ႕ မိတ္ေဆြျဖစ္တဲ့ ဖီးနစ္ငွက္ Fawkes ဟာ ေမွာ္ႏွင္တံေတြ ျပဳလုပ္ဖန္တီးတဲ့ Ollivander ကို သူ႔ရဲ႕ ငွက္ေမြးႏွစ္ေခ်ာင္း လက္ေဆာင္ေပးလိုက္ပါတယ္။ Ollivander ဟာလည္း အဲဒီငွက္ေမြးႏွစ္ေခ်ာင္းနဲ႔ ေမွာ္ႏွင္တံ ႏွစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ အဆိုပါ ေမွာ္ႏွင္တံ ႏွစ္ေခ်ာင္းဟာ ဇာတ္လိုက္ေက်ာ္ Harry Potter နဲ႔ တစ္ခ်ိန္မွာ Voldemort ျဖစ္လာမယ့္ Tom Riddle တို႔ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ ဖီးနစ္ငွက္ေမြးနဲ႔ ျပဳလုပ္ထားတဲ့ ေမွာ္ႏွင္တံေတြအေၾကာင္း လူအမ်ားစု သိပ္မသိေသးတဲ့ အခ်က္ေတြကေတာ့ ေအာက္ပါအတိုင္းပါပဲ။

ဖီးနစ္ငွက္ေမြးဟာ အစြမ္းထက္ဆုံး အူတိုင္အမ်ိဳးအစားတစ္ခု ျဖစ္ပါတယ္။

ေမွာ္ႏွင္တံပညာရွင္ Ollivander ကေတာ့ စြမ္းအားျမင့္ ေမွာ္ႏွင္တံေတြ ျဖစ္လာဖို႔ အစြမ္းထက္ဆုံး အူတိုင္အမ်ိဳးအစား သုံးခု ရွိတယ္လို႔ သတ္မွတ္ထားပါတယ္။ အဲဒါကေတာ့ အကြာအေဝး၊ ပါဝါနဲ႔ တသမတ္တည္းရွိမႈဆိုတဲ့ အျမင့္မားဆုံး ေမွာ္စြမ္းအားကို ေထာက္ပံ့ေပးစြမ္းႏိုင္မယ့္ ေမွာ္ႏွင္တံသုံး အူတိုင္သုံးမ်ိဳး ျဖစ္ပါတယ္။ အဆိုပါ အူတိုင္သုံးမ်ိဳးကေတာ့ ဖီးနစ္ငွက္ေမြး၊ နဂါးအသည္းညႇာနဲ႔ ယူနီကြန္းဆံေမြးတို႔ ျဖစ္ပါတယ္။ ေမွာ္ႏွင္တံ ျပဳလုပ္သူ ပညာရွင္အမ်ားစုဟာ ဒီအူတိုင္သုံးမ်ိဳးကိုပဲ အဓိက အေျခခံၿပီး အမ်ားအားျဖင့္ ျပဳလုပ္ေလ့ ရွိၾကပါတယ္။

ဖီးနစ္ငွက္ေမြးဟာ အလြန္ရွားပါးပါတယ္။

အျခားေသာ ေမွာ္ႏွင္တံ အူတိုင္ႏွစ္မ်ိဳးဟာ ေပါမ်ားေပမယ့္ ဖီးနစ္ငွက္ေမြးကေတာ့ ဒီစၾကဝဠာႀကီးထဲမွာ အလြန္ရွားပါးတယ္လို႔ ေဖာ္ျပၾကပါတယ္။ ေယဘူယ် ေတြးၾကည့္ရင္ေတာ့ ဒီအဆိုဟာ ျဖစ္ႏိုင္ေခ် ရွိပါတယ္။ အေၾကာင္းကေတာ့ ဖီးနစ္ငွက္ေတြဟာ ရွားပါးတဲ့သတၱဝါေတြ ျဖစ္သလို တခ်ိဳ႕ေသာ လူေတြကိုသာ နက္နက္ရႈိင္းရႈိင္း တြယ္ၿငိတတ္ၾကလို႔ ျဖစ္ပါတယ္။

သို႔ေသာ္လည္း Harry Potter ဇာတ္လမ္းေတြထဲမွာေတာ့ ဒီအဆိုနဲ႔ သိပ္မကိုက္ညီတာကို ေတြ႕ရပါတယ္။ အဲဒါကေတာ့ Dumbledore ရဲ႕ မိတ္ေဆြႀကီး Fawkes ဟာ မၾကာခဏဆိုသလို သူ႔ရဲ႕အေတာင္ေတြကို ေႁခြခ်ေလ့ ရွိတာကို ေတြ႕ရလို႔ပါပဲ။ ဒါ့အျပင္ ဖီးနစ္ငွက္ဟာ ေလာင္ကြၽမ္းေသဆုံးၿပီး ျပန္လည္ႏိုးထမလာခင္မွာ အေတာင္ပံေတြ ေႂကြက်ေလ့ ရွိပါေသးတယ္။ ဒါေၾကာင့္ ဖီးနစ္ငွက္ေမြးဟာ ရွားပါးတယ္ဆိုေပမယ့္ အျခားေသာ ေမွာ္ႏွင္တံသုံး အူတိုင္ေတြလိုပဲ ရရွိႏိုင္မယ္ဆိုတာ ျဖစ္ႏိုင္ပါတယ္။

ဖီးနစ္ငွက္ေမြးအူတိုင္နဲ႔ ေမွာ္ႏွင္တံေတြဟာ အလြန္လူေ႐ြးပါတယ္။

Harry Potter ပရိသတ္တိုင္း သိထားၾကသလိုပဲ ေမွာ္ႏွင္တံေတြဟာ သူတို႔ႏွစ္သက္တဲ့ ေမွာ္ဆရာကို ေ႐ြးခ်ယ္ေလ့ ရွိပါတယ္။ ဒါဟာ အဆိုပါ ေမွာ္ႏွင္တံထဲမွာ ထည့္သြင္း အသုံးျပဳထားတဲ့ အူတိုင္ေၾကာင့္လည္း ဘယ္သူဘယ္ဝါဆိုၿပီး ေ႐ြးခ်ယ္တာ ျဖစ္ႏိုင္ပါတယ္။

စာေရးဆရာမႀကီး J. K. Rowling ထူေထာင္ထားတဲ့ Wizarding World ဝက္ဘ္ဆိုဒ္ရဲ႕ ေဖာ္ျပခ်က္အရ ဖီးနစ္ငွက္ေတြဟာ သိမ္းသြင္းရခက္ခဲၿပီး ကမာၻေပၚမွာ သီးသန႔္အဆန္ဆုံး ေနထိုင္တတ္တဲ့ ေမွာ္သတၱဝါတစ္မ်ိဳး ျဖစ္တာေၾကာင့္ သူ႔ရဲ႕ငွက္ေမြးကို အူတိုင္အျဖစ္ သုံးစြဲထားတဲ့ ေမွာ္ႏွင္တံေတြဟာ ပိုင္ရွင္အေ႐ြးဆုံးပဲလို႔ သိရပါတယ္။

ဒါေၾကာင့္လည္း ဖီးနစ္ငွက္ေမြးအူတိုင္နဲ႔ ေမွာ္ႏွင္တံေတြဟာ ရွားပါးရတာ ျဖစ္ႏိုင္ပါတယ္။ ဖီးနစ္ငွက္ေမြးက ရွားပါးလို႔တင္ မဟုတ္ဘဲ ဒီေမွာ္ႏွင္တံေတြကိုယ္တိုင္က ေတာ္႐ုံ ေမွာ္ဆရာ၊ ေမွာ္ဆရာမေတြကို မေ႐ြးခ်ယ္တတ္လို႔ ျဖစ္ပါတယ္။

ဒီေမွာ္ႏွင္တံေတြဟာ သူ႔ဘာသာ အလိုေလ်ာက္ စြမ္းေဆာင္တတ္ပါတယ္။

ေမွာ္ႏွင္တံေတြဟာ သစၥာရွိမႈနဲ႔ သူတို႔ကို အသုံးျပဳမယ့္ ေမွာ္ဆရာကို ေ႐ြးခ်ယ္ရာမွာ ကိုယ္ပိုင္အသိဉာဏ္တစ္မ်ိဳး ရွိတယ္လို႔ ေျပာႏိုင္ပါတယ္။ သို႔ေသာ္လည္း ဖီးနစ္ငွက္ေမြးအူတိုင္နဲ႔ ေမွာ္ႏွင္တံေတြကေတာ့ အဲဒီထက္ပိုၿပီး သူ႔ဘာသာ အလိုေလ်ာက္ စြမ္းေဆာင္တတ္ၾကပါေသးတယ္။

ဒါမ်ိဳးကို ဇာတ္လမ္းထဲမွာေတာ့ ျမင္ေတြ႕ခဲ့ၾကရပါတယ္။ Harry ရဲ႕ ေမွာ္ႏွင္တံဟာ တခါတရံမွာ အႏၲရာယ္ အႀကီးအက်ယ္ က်ေရာက္ေနခ်ိန္ဆိုရင္ သူကိုယ္တိုင္ေတာင္ မစဥ္းစားရေသးဘဲ spell ေတြ ထုတ္လႊတ္တတ္ပါတယ္။ ဒီအခ်က္ဟာ တခါတရံမွာေတာ့ Harry ရဲ႕ ေမွာ္ႏွင္တံနဲ႔ Voldemort ရဲ႕ ေမွာ္ႏွင္တံတို႔ ဆက္စပ္ေနမႈေၾကာင့္လည္း ျဖစ္ေပၚတတ္သလို ေယဘူယ်အားျဖင့္ေတာ့ ဖီးနစ္ငွက္ေမြးအူတိုင္နဲ႔ ေမွာ္ႏွင္တံေတြကိုကလည္း အလိုေလ်ာက္ စြမ္းေဆာင္တတ္ၾကတာ ျဖစ္ပါတယ္။

ဒီေမွာ္ႏွင္တံေတြဟာ အကြာအေဝးအမ်ားဆုံး ျဖစ္ပါတယ္။

ယူနီကြန္းဆံေမြးအူတိုင္နဲ႔ ေမွာ္ႏွင္တံေတြဟာ တသမတ္တည္း အရွိဆုံးျဖစ္ၿပီး နဂါးအသည္းညႇာအူတိုင္နဲ႔ ေမွာ္ႏွင္တံေတြကေတာ့ စြမ္းအားအျပင္းဆုံး ျဖစ္ပါတယ္။ ဖီးနစ္ငွက္ေမြးအူတိုင္နဲ႔ ေမွာ္ႏွင္တံေတြကေတာ့ အကြာအေဝးအမ်ားဆုံး ျဖစ္ပါတယ္။

ဒါ့အျပင္ ဒီေမွာ္ႏွင္တံေတြဟာ ဖီးနစ္ငွက္ေတြလိုပဲ အလြန္သစၥာရွိၾကပါတယ္။ ပေရာ္ဖက္ဆာ Dumbledore ရဲ႕ မိတ္ေဆြ Fawkes လို ယဥ္ပါးၿပီးသား ဖီးနစ္ငွက္ေတြဆိုရင္ သူ႔ရဲ႕ ပိုင္ရွင္အေပၚမွာ အလြန္တရာ သစၥာရွိၾကၿပီး သံေယာဇဥ္လည္း ႀကီးတတ္ၾကပါတယ္။

တကယ္လို႔ သူ႔ရဲ႕ပိုင္ရွင္ ေသဆုံးသြားခဲ့ရင္လည္း အျခားေသာ လူတစ္ဦးတစ္ေယာက္ကို ေျပာင္းၿပီး တြယ္ၿငိဖို႔ ခဲယဥ္းလွပါတယ္။ ငွက္ေတြလိုပဲ သူ႔ရဲ႕အေတာင္နဲ႔ ျပဳလုပ္ထားတဲ့ ေမွာ္ႏွင္တံေတြဟာလည္း ပိုင္ရွင္အေပၚမွာ အလြန္သစၥာရွိၾကၿပီး အျခားေမွာ္ဆရာတစ္ေယာက္က အလြယ္တကူနဲ႔ ရယူသုံးစြဲႏိုင္ျခင္း မရွိပါဘူး။

ဒါကေတာ့ Harry Potter ဇာတ္လမ္းထဲက ဖီးနစ္ငွက္ေမြးနဲ႔ ျပဳလုပ္ထားတဲ့ ေမွာ္ႏွင္တံေတြအေၾကာင္းပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ သိထားတဲ့ အျခားအေၾကာင္းအရာေတြ ရွိရင္လည္း ျပန္လည္မွ်ေဝခဲ့ပါဦး။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ ဆံရစ္ဝိုင္းေပ့ခ်္ကိုလည္း Like & Follow လုပ္ထားေပးပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular