HomeEntertainmentFilmမကြာခင် ကြည့်ရှုရတော့မယ့် Harry Potter Reunion ရဲ့ ထွေလာ ထွက်ရှိလာ

မကြာခင် ကြည့်ရှုရတော့မယ့် Harry Potter Reunion ရဲ့ ထွေလာ ထွက်ရှိလာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

HBO Max ဟာ မကြာသေးခင်အချိန်ကပဲ Harry Potter နှစ်(၂၀)ပြည့် အထိမ်းအမှတ်အနေနဲ့ ထုတ်လွှင့်ပြသမယ့် Harry Potter 20th Anniversary: Return to Hogwarts အစီအစဉ်ရဲ့ ထွေလာကို ထွက်ရှိပေးလိုက်ပါတယ်။

အဆိုပါထွေလာထဲမှာတော့ Harry Potter ဇာတ်ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ မူလသရုပ်ဆောင်များစွာ ပြန်လည် ပါဝင်လာမယ့်အကြောင်းကို အရိပ်အမြွက် ပြသသွားပါတယ်။ Harry Potter franchise ဟာ မှော်ပညာတွေ၊ မှော်နှင်တံတွေ၊ အံ့အားသင့်စရာ မှော်သတ္တဝါတွေနဲ့ Hogwarts မှော်ကျောင်းတော်ကြီးကို ကမ္ဘာအနှံ့က သန်းနဲ့ချီတဲ့ ပရိသတ်တွေအတွက် မိတ်ဆက်ပေးခဲ့တာ အခုဆိုရင် အနှစ်နှစ်ဆယ်‌ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

Photo: YouTube

Harry Potter franchise မှာတော့ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်(၈)ကား ပါဝင်ပြီး သူ့ရဲ့ spin-off ဇာတ်လမ်းဖြစ်တဲ့ Fantastic Beasts ကလည်း အခုဆိုရင် တတိယမြောက်ရုပ်ရှင် ထပ်မံထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကပဲ HBO ဟာ ပရိသတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ Harry Potter reunion ပြုလုပ်မယ့်အကြောင်း တရားဝင် ကြေညာအသိပေးခဲ့တာ ဖြစ်ပါတယ်။

ယခုထုတ်လွှင့်ပြသမယ့် reunion မှာတော့ Harry Potter ရုပ်ရှင်တွေကို ဖန်တီးစဉ်အချိန်တုန်းက ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ သရုပ်ဆောင်တွေ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ အမှတ်တရတွေကို ထဲထဲဝင်ဝင် သိရှိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဝင်စားစရာ ရိုက်ကွင်းနောက်ကွယ်က အမှတ်တရ အဖြစ်အပျက်တွေကို မူလသရုပ်ဆောင်တွေက ပြန်လည် ပြောပြမှာဖြစ်တဲ့အတွက် ပရိသတ်တွေအတွက်ကတော့ ရင်ခုန်စရာပါပဲ။

ဇန်နဝါရီလ(၁)ရက်နေ့မှာ ကြည့်ရှုရတော့မယ့် ဒီ reunion show မှာတော့ golden trio အဖြစ် တင်စားကြတဲ့ Daniel Radcliffe ၊ Emma Watson နဲ့ Rupert Grint တို့ကို ပြန်လည်မြင်တွေ့ရမှာ ဖြစ်သလို ပရိသတ်တွေချစ်ကြတဲ့ အခြားသရုပ်ဆောင်တွေဖြစ်တဲ့ Helena Bonham Carter ၊ Ralph Fiennes ၊ Jason Issacs ၊ Gary Oldman ၊ Tom Felton ၊ James နဲ့ Oliver Phelps ၊ Ronnie Wright ၊ Alfred Enoch နဲ့ Evanna Lynch တို့လည်း ပြန်လာကြဦးမှာ ဖြစ်ပါတယ်။

Glasgow

Source: screenrant

(Zawgyi Version)

HBO Max ဟာ မၾကာေသးခင္အခ်ိန္ကပဲ Harry Potter ႏွစ္(၂၀)ျပည့္ အထိမ္းအမွတ္အေနနဲ႔ ထုတ္လႊင့္ျပသမယ့္ Harry Potter 20th Anniversary: Return to Hogwarts အစီအစဥ္ရဲ့ ေထြလာကို ထြက္ရွိေပးလိုက္ပါတယ္။

အဆိုပါေထြလာထဲမွာေတာ့ Harry Potter ဇာတ္ကားေတြထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၾကတဲ့ မူလသ႐ုပ္ေဆာင္မ်ားစြာ ျပန္လည္ ပါဝင္လာမယ့္အေၾကာင္းကို အရိပ္အႁမြက္ ျပသသြားပါတယ္။ Harry Potter franchise ဟာ ေမွာ္ပညာေတြ၊ ေမွာ္ႏွင္တံေတြ၊ အံ့အားသင့္စရာ ေမွာ္သတၱဝါေတြနဲ႔ Hogwarts ေမွာ္ေက်ာင္းေတာ္ႀကီးကို ကမၻာအႏွံ့က သန္းနဲ႔ခ်ီတဲ့ ပရိသတ္ေတြအတြက္ မိတ္ဆက္ေပးခဲ့တာ အခုဆိုရင္ အႏွစ္ႏွစ္ဆယ္‌ ျပည့္ေျမာက္ခဲ့ၿပီ ျဖစ္ပါတယ္။

Photo: YouTube

Harry Potter franchise မွာေတာ့ ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့တဲ့ ႐ုပ္ရွင္(၈)ကား ပါဝင္ၿပီး သူ႔ရဲ့ spin-off ဇာတ္လမ္းျဖစ္တဲ့ Fantastic Beasts ကလည္း အခုဆိုရင္ တတိယေျမာက္႐ုပ္ရွင္ ထပ္မံထြက္ရွိလာဦးမွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ နိုဝင္ဘာလကပဲ HBO ဟာ ပရိသတ္ေတြ ေမၽွာ္လင့္ေစာင့္စားေနၾကတဲ့ Harry Potter reunion ျပဳလုပ္မယ့္အေၾကာင္း တရားဝင္ ေၾကညာအသိေပးခဲ့တာ ျဖစ္ပါတယ္။

ယခုထုတ္လႊင့္ျပသမယ့္ reunion မွာေတာ့ Harry Potter ႐ုပ္ရွင္ေတြကို ဖန္တီးစဥ္အခ်ိန္တုန္းက ရိုက္ကူးေရးအဖြဲ႕သားေတြနဲ႔ သ႐ုပ္ေဆာင္ေတြ ၾကဳံေတြ႕ခဲ့ရတဲ့ အခက္အခဲေတြ၊ အမွတ္တရေတြကို ထဲထဲဝင္ဝင္ သိရွိရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ စိတ္ဝင္စားစရာ ရိုက္ကြင္းေနာက္ကြယ္က အမွတ္တရ အျဖစ္အပ်က္ေတြကို မူလသ႐ုပ္ေဆာင္ေတြက ျပန္လည္ ေျပာျပမွာျဖစ္တဲ့အတြက္ ပရိသတ္ေတြအတြက္ကေတာ့ ရင္ခုန္စရာပါပဲ။

ဇန္နဝါရီလ(၁)ရက္ေန႔မွာ ၾကည့္ရွုရေတာ့မယ့္ ဒီ reunion show မွာေတာ့ golden trio အျဖစ္ တင္စားၾကတဲ့ Daniel Radcliffe ၊ Emma Watson နဲ႔ Rupert Grint တို႔ကို ျပန္လည္ျမင္ေတြ႕ရမွာ ျဖစ္သလို ပရိသတ္ေတြခ်စ္ၾကတဲ့ အျခားသ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Helena Bonham Carter ၊ Ralph Fiennes ၊ Jason Issacs ၊ Gary Oldman ၊ Tom Felton ၊ James နဲ႔ Oliver Phelps ၊ Ronnie Wright ၊ Alfred Enoch နဲ႔ Evanna Lynch တို႔လည္း ျပန္လာၾကဦးမွာ ျဖစ္ပါတယ္။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular