HomeEntertainmentFilmထွေလာ ထွက်ရှိလာတဲ့ Harry Potter Reunion 

ထွေလာ ထွက်ရှိလာတဲ့ Harry Potter Reunion 

Harry Potter နှစ်(၂၀)ပြည့်အတွက် ပြုလုပ်မယ့် Reunion ရဲ့ ထွေလာကတော့ မနေ့က ဒီဇင်ဘာလ(၂၀)ရက်နေ့ ညပိုင်းမှာပဲ ထွက်ရှိလာပါတယ်။

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Harry Potter 20th Anniversary: Return to Hogwarts ထဲမှာတော့ ပရိသတ်တွေ ချစ်ခင်နှစ်သက်ခဲ့ကြတဲ့ သရုပ်ဆောင်တွေကို တစုတစည်း ပြန်လည်မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ယခုပြန်လည်ဆုံတွေ့မှုကတော့ ရယ်မောစရာ၊ အပြုံးတွေ၊ အမှတ်တရတွေနဲ့အတူ လွမ်းဆွတ်စရာတွေပါ ယူဆောင်လာဦးမှာပါ။

Photo via IMDb

“အချိန်တွေက ဘာမှမကြာသေးသလို ထင်ရပေမယ့် တကယ်တော့ အချိန်တွေ အများကြီး ကြာသွားခဲ့ပါပြီ … ” လို့ ထွေလာထဲမှာတော့ Emma Watson က ပြောထားပါတယ်။ Daniel Radcliffe ကတော့ “ဒီကလူတွေ အများကြီးသာ မပါခဲ့ရင် ကျွန်တော်ဆိုတဲ့လူ ဖြစ်လာမှာ မဟုတ်ပါဘူး … ” လို့ ပြောထားပါတယ်။

ဒါ့အပြင် Emma Watson နဲ့ Rupert Grint တို့ဟာလည်း ယခင်က အမှတ်တရတွေကို ပြန်ပြောင်း ပြောဖို့ရာ အတူတူ ထိုင်နေကြတာ တွေ့ရပြီး သူတို့ကြားမှာ ခိုင်မြဲတဲ့ သံယောဇဉ်ရှိကြောင်း ပြောထားပါသေးတယ်။ အဲဒီနောက် Rupert ဟာ Emma နဲ့ Daniel တို့ကို “ငါတို့က မိသားစုတွေပါ … ” လို့လည်း ပြောခဲ့ပြီး တစ်ယောက်ချင်းစီရဲ့ ဘဝထဲမှာ အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲရှိနေမှာဖြစ်ကြောင်း ပြောထားတာ တွေ့ရပါတယ်။

Photo via IMDb

ဒီ reunion ထဲမှာတော့ Golden Trio လို့ခေါ်တဲ့ အဓိကဇာတ်ကောင် သုံးယောက်အပြင် Harry Potter (၈)ကားလုံးမှာ ပါဝင်ခဲ့ကြတဲ့ အခြားသရုပ်ဆောင်များစွာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇာတ်ကားရိုက်ကူးရေးတုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ အမှတ်တရတွေနဲ့ ပရိသတ်တွေ မသိရသေးတဲ့ အခြားအကြောင်းအရာများစွာကို ကြည့်ရှုရတော့မှာ ဖြစ်တာကြောင့် Potterhead တွေကတော့ တကယ်ကို ရင်ခုန်ပျော်ရွှင်နေကြမှာပါ။

Harry Potter 20th Anniversary: Return to Hogwarts ကိုတော့ နှစ်သစ်ကူးနေ့ (New Year Day)ရဲ့ ညသန်းခေါင်အချိန်မှာ HBO Max တစ်ခုတည်းကနေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၂၂ ခုနှစ် နွေဦးရာသီမှာတော့ TBS နဲ့ Cartoon Network တို့မှာ ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular