HomeCelebs Update NewsInternationalလာမယ့်နိုဝင်ဘာလမှာ ထုတ်လွှင့်သွားမယ့် Harry Potter Quiz Show 

လာမယ့်နိုဝင်ဘာလမှာ ထုတ်လွှင့်သွားမယ့် Harry Potter Quiz Show 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Harry Potter ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ Harry Potter: Hogwarts Tournament of Houses လို့ အမည်ရတဲ့ ပဟေဠိရှိုးတစ်ခုကို ယခုနှစ်ကုန်ပိုင်းလောက်မှာ ထုတ်လွှင့်တော့မှာ ဖြစ်ပါတယ်။

မူလ Harry Potter series ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်က ပြီးဆုံးသွားခဲ့ပြီ ဆိုပေမယ့် နောက်ထပ် spin-off ဇာတ်လမ်းဖြစ်တဲ့ Fantastic Beasts franchise ကတော့ လာမယ့်နှစ်မှာ တတိယမြောက်ကား The Secrets of Dumbledore ကို ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

Photo Credit: Cartoon Network

ကြီးမားကျယ်ပြန့်တဲ့ fandom ဟာ နှစ်ပေါင်းများစွာ အခိုင်အမာ ရှိနေသေးတာမို့ ယခုထုတ်လွှင့်မယ့် quiz show ကတော့ Potterhead တွေအတွက် စိတ်လှုပ်ရှားစရာတစ်ခုပါပဲ။ Harry Potter: Hogwarts Tournament of Houses ရှိုးရဲ့ ပထမဆုံးထွေလာကိုတော့ မကြာသေးခင်ကပဲ Cartoon Network ရဲ့ YouTube Channel မှာ ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီရှိုးမှာတော့ အပိုင်း(၄)ပိုင်း ပါရှိမှာ ဖြစ်ပြီး host အနေနဲ့ အော်စကာဆုရ မင်းသမီးကြီး Helen Mirren က ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ရှိုးရဲ့ ပထမဆုံးအပိုင်းကိုတော့ လာမယ့် နိုဝင်ဘာလ(၂၈)ရက် တနင်္ဂနွေနေ့မှာ TBS ရုပ်သံလိုင်းက ပြသသွားမှာ ဖြစ်ပါတယ်။ အပိုင်းသစ်တွေကိုတော့ တနင်္ဂနွေနေ့တိုင်းမှာ ပြသသွားမှာ ဖြစ်ပြီး နောက်ဆုံးအပိုင်းကိုတော့ ဒီဇင်ဘာလ(၁၉)ရက်မှာ ပြသမယ်လို့ သိရပါတယ်။

Photo Credit: Cartoon Network

ပဟေဠိပြိုင်ပွဲအတွင်းမှာတော့ အမာခံပရိသတ်တွေရဲ့ အစုအဖွဲ့လိုက် Harry Potter universe နဲ့ သက်ဆိုင်တဲ့ ပဟေဠိတွေကို ဖြေဆို ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး အထူးဧည့်သည်တွေ ပါဝင်လာဖို့လည်း ရှိတယ်လို့ သိရပါတယ်။ ထွေလာထဲမှာ မြင်ရတဲ့အတိုင်းပဲ ရှိုးရဲ့ အပြင်အဆင်ကိုတော့ Hogwarts ကျောင်းကအတိုင်း ပြင်ဆင်ထားတာ တွေ့ရပါတယ်။

ထွေလာဟာ စက္ကန့်(၂၀)စာပဲ ရှိပေမယ့် Gryffindor ၊ Slytherin နဲ့ Hufflepuff အိမ်တော်တွေကို ကိုယ်စားပြုတဲ့ ပြိုင်ပွဲဝင်အဖွဲ့တွေကို မြင်တွေ့လိုက်ရသလို Grand Prize ကြီးကိုလည်း မြင်တွေ့လိုက်ရပါတယ်။ ယခုယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေဟာ House Cap Champion ဆိုတဲ့ title ဆုကို ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။

ဒီဂိမ်းရှိုး ထုတ်လွှင့်ချိန်မှာ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေအတွက် ရှေ့နှစ်ထဲမှာ HBO Max ကနေ streaming ပြသသွားမယ်လို့လည်း သိရပါတယ်။

Linda December

Source: screenrant

(Zawgyi Version)

Harry Potter ပရိသတ္ေတြအတြက္ ဝမ္းသာစရာသတင္းတစ္ခု ရွိေနပါတယ္။ အဲဒါကေတာ့ Harry Potter: Hogwarts Tournament of Houses လို႔ အမည္ရတဲ့ ပေဟဠိရွိုးတစ္ခုကို ယခုႏွစ္ကုန္ပိုင္းေလာက္မွာ ထုတ္လႊင့္ေတာ့မွာ ျဖစ္ပါတယ္။

မူလ Harry Potter series ဟာ လြန္ခဲ့တဲ့ ဆယ္ႏွစ္ဝန္းက်င္က ၿပီးဆုံးသြားခဲ့ၿပီ ဆိုေပမယ့္ ေနာက္ထပ္ spin-off ဇာတ္လမ္းျဖစ္တဲ့ Fantastic Beasts franchise ကေတာ့ လာမယ့္ႏွစ္မွာ တတိယေျမာက္ကား The Secrets of Dumbledore ကို ထြက္ရွိလာဦးမွာ ျဖစ္ပါတယ္။

Photo Credit: Cartoon Network

ႀကီးမားက်ယ္ျပန႔္တဲ့ fandom ဟာ ႏွစ္ေပါင္းမ်ားစြာ အခိုင္အမာ ရွိေနေသးတာမို႔ ယခုထုတ္လႊင့္မယ့္ quiz show ကေတာ့ Potterhead ေတြအတြက္ စိတ္လွုပ္ရွားစရာတစ္ခုပါပဲ။ Harry Potter: Hogwarts Tournament of Houses ရွိုးရဲ့ ပထမဆုံးေထြလာကိုေတာ့ မၾကာေသးခင္ကပဲ Cartoon Network ရဲ့ YouTube Channel မွာ ထုတ္ေပးလိုက္တာ ျဖစ္ပါတယ္။

ဒီရွိုးမွာေတာ့ အပိုင္း(၄)ပိုင္း ပါရွိမွာ ျဖစ္ၿပီး host အေနနဲ႔ ေအာ္စကာဆုရ မင္းသမီးႀကီး Helen Mirren က ေဆာင္ရြက္ေပးသြားမွာ ျဖစ္ပါတယ္။ ရွိုးရဲ့ ပထမဆုံးအပိုင္းကိုေတာ့ လာမယ့္ နိုဝင္ဘာလ(၂၈)ရက္ တနဂၤေႏြေန႔မွာ TBS ႐ုပ္သံလိုင္းက ျပသသြားမွာ ျဖစ္ပါတယ္။ အပိုင္းသစ္ေတြကိုေတာ့ တနဂၤေႏြေန႔တိုင္းမွာ ျပသသြားမွာ ျဖစ္ၿပီး ေနာက္ဆုံးအပိုင္းကိုေတာ့ ဒီဇင္ဘာလ(၁၉)ရက္မွာ ျပသမယ္လို႔ သိရပါတယ္။

Photo Credit: Cartoon Network

ပေဟဠိၿပိဳင္ပြဲအတြင္းမွာေတာ့ အမာခံပရိသတ္ေတြရဲ့ အစုအဖြဲ႕လိုက္ Harry Potter universe နဲ႔ သက္ဆိုင္တဲ့ ပေဟဠိေတြကို ေျဖဆို ယွဥ္ၿပိဳင္သြားမွာ ျဖစ္ၿပီး အထူးဧည့္သည္ေတြ ပါဝင္လာဖို႔လည္း ရွိတယ္လို႔ သိရပါတယ္။ ေထြလာထဲမွာ ျမင္ရတဲ့အတိုင္းပဲ ရွိုးရဲ့ အျပင္အဆင္ကိုေတာ့ Hogwarts ေက်ာင္းကအတိုင္း ျပင္ဆင္ထားတာ ေတြ႕ရပါတယ္။

ေထြလာဟာ စကၠန႔္(၂၀)စာပဲ ရွိေပမယ့္ Gryffindor ၊ Slytherin နဲ႔ Hufflepuff အိမ္ေတာ္ေတြကို ကိုယ္စားျပဳတဲ့ ၿပိဳင္ပြဲဝင္အဖြဲ႕ေတြကို ျမင္ေတြ႕လိုက္ရသလို Grand Prize ႀကီးကိုလည္း ျမင္ေတြ႕လိုက္ရပါတယ္။ ယခုယွဥ္ၿပိဳင္မယ့္ ၿပိဳင္ပြဲဝင္ေတြဟာ House Cap Champion ဆိုတဲ့ title ဆုကို ယွဥ္ၿပိဳင္ရမွာလည္း ျဖစ္ပါတယ္။

ဒီဂိမ္းရွိုး ထုတ္လႊင့္ခ်ိန္မွာ မၾကည့္ရွုလိုက္ရတဲ့ ပရိသတ္ေတြအတြက္ ေရွ႕ႏွစ္ထဲမွာ HBO Max ကေန streaming ျပသသြားမယ္လို႔လည္း သိရပါတယ္။

Linda December

Source: screenrant

RELATED ARTICLES

Most Popular